ချပုံးရွာ၊ ရေဖြူမြို့နယ်
ချပုံး | |
---|---|
ရွာ | |
ချပုံးရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 14°45′36″N 97°52′50″E / 14.7600258°N 97.8805547°Eကိုဩဒိနိတ်: 14°45′36″N 97°52′50″E / 14.7600258°N 97.8805547°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | တနင်္သာရီတိုင်းဒေသကြီး |
ခရိုင် | ထားဝယ်ခရိုင် |
မြို့နယ် | ရေဖြူမြို့နယ် |
ကျေးရွာအုပ်စု | ကျွဲသုံးညီမ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ချပုံးရွာ (အင်္ဂလိပ်: Cha Pone)သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကျွဲသုံးညီမကျေးရွာအုပ်စု၌ တည်ရှိသည်။ [၁] မွန်ဘာသာစကားဖြင့် ချပုံးရွာကို ကွာန်ဒဵုသ္ဇၚ် ဟု ခေါ်ဆိုကြပြီး အဓိပ္ပာယ်မှာ သဇင်တောင်ရွာ ဖြစ်သည်။ ရွာတွင် ဘုန်းကြီးကျောင်း နှစ်ကျောင်း ရှိပြီး တောင်ပေါ်ကျောင်း နှင့် ကမ်းနားကျောင်းတို့ ဖြစ်သည်။ ရွာအဝင်တွင် စေတီတစ်ဆူရှိပြီး မွန်ဘာသာဖြင့် စေတဳကျာ်ဒဵုသ္ဇၚ် (သဇင်တောင်ရွာဘုရားစေတီ) ဟု ခေါ်ဆိုကြသည်။
လူဦးရေနှင့် လူမျိုးများ
[ပြင်ဆင်ရန်]မွန်လူမျိုးများ အဓိက နေထိုင်ကြပြီး ထားဝယ်လူမျိုး၊ ဗမာလူမျိုး နှင့် ကရင်လူမျိုးတို့ အနည်းငယ် နေထိုင်ကြသည်။ ပျှမ်းမျှအိမ်ခြေ ၁၅၀ - ၂၀၀ ကြားတွင် ရှိပြီး ပျှမ်းမျှလူဦးရေမှာ ၁၀၀၀ - ၁၅၀၀ ကြား ရှိသည်။
ကိုးကွယ်သည့်ဘာသာတရားများ
[ပြင်ဆင်ရန်]ထေရဝါဒဗုဒ္ဓဘာသာကို အဓိက ကိုးကွယ်ကြသည်။ အခြားဘာသာဝင်များ မရှိသလောက်ပင် ဖြစ်သည်။ ဘုရားပွဲများကို နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည်။
ပြောဆိုသုံးစွဲကြသည့် ဘာသာစကားများ
[ပြင်ဆင်ရန်]မွန်ဘာသာစကားကို အဓိက ပြောဆိုသုံးစွဲကြပြီး ထားဝယ်ဘာသာစကားနှင့် ဗမာဘာသာစကားကို အနည်းငယ်သုံးစွဲမှုရှိသည်။ စာသင်ကျောင်းများတွင် ဗမာစကားနှင့် မွန်စကားတို့ကို ရောနှော၍ ဆရာ ဆရာမများက သင်ကြားပေးသည်။
ပညာရေး
[ပြင်ဆင်ရန်]ရွာတွင် အခြေခံပညာအလယ်တန်းအဆင့် စာသင်ကျောင်း (၁) ကျောင်း ရှိသည်။
ကျန်းမာရေး
[ပြင်ဆင်ရန်]အစိုးရ ကျေးလက်ဆေးပေးခန်းရှိသော်လည်း တိုက်ပွဲကာလများ၌ ဆေးဆရာ/ဆရာမများ ထွက်ပြေးတိမ်းရှောင်မှုကြောင့် ကျေးလက်ဆေးပေးခန်းမှာ လုံးဝ ပျက်စီးနေပြီး ကျန်းမာရေးကိစ္စရပ်များ အတွက် ပုဂ္ဂလိကသူနာပြုသင်တန်းဆင်း ဆရာ/ဆရာမများကိုသာ အားကိုးနေကြရသည်။
ကိုးကား
[ပြင်ဆင်ရန်]
ဤ တနင်္သာရီတိုင်းဒေသကြီး ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |