ဆရာ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဆရာ သို့မဟုတ် သင်ပြပေးသူ ဆိုသည်မှာ တပည့်များအား ပညာ၊ ဗဟုသုတ၊ ကိုယ်ကျင့်တရား စသည်တို့ကို သင်ကြားပေးသော ပုဂ္ဂိုလ် ဖြစ်သည်။ ဆရာသမားတို့သည် မြတ်သောပူဇော်မှုကို ခံယူထိုက်သောကြောင့် ဒဏ္ခိဏာဒိသာ(တောင်အရပ်) မည်၏ဟု သင်္ဂဇာဆရာတော်က ရေးသားခဲ့သည်။

ဝေါဟာရရင်းမြစ်[ပြင်ဆင်ရန်]

"ဆာယာ" ဟူသော ပါဠိသက် ဝေါဟာရမှ လာခြင်းဖြစ်သည်။ ဆာယာသည် "အေးရိပ်"ဖြစ်သည်။ တပည့်များ နားခိုစေရန် အေးမြသောအရိပ်ကို ပေးစွမ်းနိုင်သောကြောင့် ဆရာ ခေါ်သည်ဟု တစ်မျိုးယူဆကြသည်။

ဆရာသည် "ဆ" နှင့် "ရာ" ဟူသော စကားနှစ်လုံး ပေါင်းစပ်ထားခြင်းဖြစ်သည်။ "ဆ"သည် နှိုင်းဆခြင်း၊ ချိန်ဆခြင်းဖြစ်၍ "ရာ"မှာ ရာဖြတ်ခြင်း၊ အကဲဖြတ်ခြင်း၊ တန်ဖိုးဖြတ်ခြင်း သဘောဖြစ်သည်။ ထို့ကြောင့် တပည့်တို့အား ချင့်ချိန်နှိုင်းဆ အကဲဖြတ်ပေးတတ်သူဟု အဓိပ္ပာယ်ရသည်ဟုလည်း ဆိုကြ၏ ။

ပါဠိဘာသာဖြင့် အာစရိ ဟုသုံးနှုန်းကြပြီး မြန်မာဘာသာစကားရှိ ဆရာ ဆိုသောပုဒ်သည် သက္ကတဘာသာ၏ "အာစာရယ" မှ ဆင်းသက်လာသည်ဟု ပညာရှင်တို့က ဖော်ပြကြသည်။ ပုဂံခေတ်တွင် "ဆာရျ (ဆာရယာ) ဟု ရေးသားကြကာ နောက်ပိုင်း၌ ဆရာ ဟုအသွင်ပြောင်းလာခဲ့သည်။[၁]

ကဗျာဆောင်ပုဒ်များ[ပြင်ဆင်ရန်]

ဆရာ့ဂုဏ်[ပြင်ဆင်ရန်]

"ရှေးရှုမေတ္တာ၊ ကရုဏာနှင့်
နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း
ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍
ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ
ဆရာဟူလော့"
(မဃဒေဝလင်္ကာ)

ဆရာ့ဝတ် ငါးပါး[ပြင်ဆင်ရန်]

"အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ
သိပ္ပမချန်၊ ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့၊ ဆရာတို့
ကျင့်ဖို့ ဝတ်ငါးဖြာ"
(သင်္ဂဇာဆရာတော်)

အာစရိယမျိုးငါးပါး[ပြင်ဆင်ရန်]

  • (၁) ပဗ္ဗဇ္ဖာစရိယ = ဥပဇ္ဈယ်ဆရာ။
  • (၂) သပသမ္ပဒါစရိယ = ကံဆောင်ပေးသောဆရာ။
  • (၃) နဿယာစရိယ = နိဿရည်းပေးသောဆရာ။
  • (၄) ဥဒ္ဒေသာစရိယ = စာသင်ပေးသောဆရာ။
  • (၅) ဩဝါဒါစရိယ = ဆိုဆုံးမပေးသောဆရာ။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်ခင်မင် (ဓနုဖြူ) (၂၀၁၆)။ တစ်သံ နှစ်သံ သုံးလေးသံ (ဒုတိယအကြိမ်)။ ဓူဝံစာအုပ်တိုက်။ p. ၆၉။
  2. သုခမှတ်စု
  3. ဦးရဲဝေ (မြန်မာစာ)။ စာစီစာကုံးအရေးအသား

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

Wikimedia Commons ရှိ သင်ကြားခြင်း နှင့်ပတ်သက်သော မီဒီယာများ