ဒေါက်လောက်ရွာ၊ ရေဖြူမြို့နယ်
| ဒေါက်လောက် | |
|---|---|
| ရွာ | |
| ဒေါက်လောက်ရွာ | |
| မြန်မာနိုင်ငံတွင်း တည်နေရာ | |
| ကိုဩဒိနိတ်: 14°17′19″N 98°11′53″E / 14.2886896133423°N 98.1979293823242°Eကိုဩဒိနိတ်: 14°17′19″N 98°11′53″E / 14.2886896133423°N 98.1979293823242°E | |
| နိုင်ငံ | |
| တိုင်းဒေသကြီး | |
| ခရိုင် | ထားဝယ်ခရိုင် |
| မြို့နယ် | ရေဖြူမြို့နယ် |
| ကျေးရွာအုပ်စု | တလိုင်းယာ |
| အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ဒေါက်လောက်ရွာ (အင်္ဂလိပ်: Dauk Lauk)သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာအုပ်စု၌ တည်ရှိသည်။[၁] ဒေါက်လောက်ရွာသည် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းပြုလုပ်မည့် နဘုလယ်ရွာနှင့် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ပူနန်ရွန်ရွာကို ဆက်သွယ်ထားသောလမ်းမကြီးနှင့် ထားဝယ်-ရန်ကုန်အဝးပြေးလမ်းမကြီးတို့ ဆုံရာတွင် တည်ရှိသော အချက်အချာကျသည့် ရွာတစ်ရွာဖြစ်သည်။စာရေးဆရာကြီး ရွှေဝယ်ဧ ၏ ထားဝယ်ရာဇဝင်သမိုင်းတွင် ထည့်သွင်းဖော်ပြခြင်းခံရသော မုဆိုးမောင်နွား၏ ကျော့ကွင်းမှ ဘုရားလောင်းဥဒေါင်းမင်း လွတ်မြောက်ရာကိုအစွဲပြု၍ ဒေါင်းလွတ်ရွာမှ ကာလရွေ့လျားလာကာ ဒေါက်လာက်ရွာဟုခါ်ဆိုလာကြသည်ဟူ၍လည်း ဆိုသည်။[ကိုးကားချက်လိုသည်] ဒေါက်လောက်ရွာ၏ အဓိကစီးပွားရးလုပ်ငန်းများမှာ ရာဘာစိုက်ပျိုးရေး၊ ကွမ်းသီးစိုက်ပျိုးရေးတို့ဖြစ်သည်။ ရွာ၏အိမ်ထောင်စုမှာ ၈၀ ခန့် ရှိလေသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Place codes (Pcodes) | MIMU။ 21 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 December 2020 တွင် ပြန်စစ်ပြီး။
| ဤ တနင်္သာရီတိုင်းဒေသကြီး ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |