ခဏသုတ်

ဝီကီပီးဒီးယား မှ

[၁] ဆဖဿာယတနိက (အဝီစိ)ငရဲတို့၌ အနိဋ္ဌ, အကန္တ, အမနာပဖြစ်သော အာရုံ ၆-ပါးကိုသာ ခံစားနေရသဖြင့် (မေ့လျော့နေကြသဖြင့်) ဗြဟ္မစရိယကို ကျင့်သုံးခွင့် မရကြ၊ ဆဖဿာယတနိက (တာဝတိံသာ)နတ်ပြည်တို့၌ ဣဋ္ဌ, ကန္တ, မနာပဖြစ်သော အာရုံ ၆-ပါးကိုသာ ခံစားနေကြသဖြင့် (မေ့လျော့နေကြခြင်းကြောင့်) ဗြဟ္မစရိယကို ကျင့်သုံးခွင့်မရကြ။ သင်ချစ်သားတို့သည် ဗြဟ္မစရိယကို ကျင့်သုံးခွင့်ရကြခြင်းကြောင့် လူအဖြစ်ကို ရကြခြင်းသည် အရတော်ကြပါပေကုန်စွ၊ အလွန်ရခဲသော လူအဖြစ်ကို ရကြပါပေကုန်စွ-ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌-ဆဖဿာယတနိကငရဲ-ဟူသည် အဝီစိငရဲဖြစ်ကြောင်း၊ ဆဖဿာယတနိကနတ်ပြည်-ဟူသည် တာဝတိံသာနတ်ပြည်ဖြစ်ကြောင်း၊ ငရဲဘုံ၌ ဆင်းရဲဒုက္ခနှိပ်စက်မှုကိုခံရသဖြင့် မေ့လျော့ခြင်းကြောင့် နတ်ပြည်၌ ချမ်းသာတစ်မျိုးတည်းကိုသာ စံစားရသဖြင့် မေ့လျော့ခြင်းကြောင့် ဗြဟ္မစရိယကို ကျင့်ခွင့်မရပုံ၊ လူ့ပြည်၌ ချမ်းသာ, ဆင်းရဲရောပြွမ်းနေသဖြင့် ဗြဟ္မစရိယကို ကျင့်ခွင့်ရပုံ-အစရှိသည်တို့ကို ဖွင့်ပြထားပါသည်။

ဋီကာ၌-သံဝေဂဝတ္ထု ၁၁-မျိုးကို ဖွင့်ပြထားပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၃၄၁။ သံ၊မြန်၊၂၊၃၃၄။ သံ၊ဋ္ဌ၊၃၊၄၄။ သံ၊ဋီ၊၂၊၃၁၄။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၁-သဠာယတနသံယုတ္တ၊ (၁၄)၄-ဒေဝဒဟဝဂ္ဂ၊ ဒုတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ