ကော်သူးလေတပ်မတော် (KTLA)
ပုံပန်းသွင်ပြင်
| ကော်သူးလေတပ်မတော် | |
|---|---|
| ခေါင်းဆောင် | နယ်ဒါးမြ၊ စော |
| စတင်လှုပ်ရှားခြင်း | ၁၆ ဇူလိုင် ၂၀၂၂ – လက်ရှိ |
| ဌာနချုပ် | မြဝတီမြို့နယ် |
| လှုပ်ရှားနယ်မြေ | မြဝတီမြို့နယ်၊ ကော့ကရိတ်မြို့နယ် |
| နိုင်ငံရေးအယူဝါဒ | ကရင် အမျိုးသားရေးဝါဒ ခွဲထွက်ရေး |
| အရွယ်အစား | ၁၅၀၀+[၁] |
| မဟာမိတ် | အမျိုးသားညီညွတ်ရေးအစိုးရ |
| ပြိုင်ဘက်များ |
|
| စစ်ပွဲနှင့် တိုက်ပွဲများ | ပြည်သူ့ခုခံတော်လှန်စစ် |
ကော်သူးလေတပ်မတော်[၃][၄] (အင်္ဂလိပ်: Kawthoolei Army; အတိုကောက် KTLA) သည် ကရင် အမျိုးသား အစည်းအရုံးမှ ခွဲထွက်ကာ တည်ထောင်ထားသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။
၂၀၂၃ ခုနှစ် ဧပြီလတွင် ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်ရှိ ကရင်နယ်ခြားစောင့်တပ်ကို ကော်သူးလေတပ်မတော်က တိုက်ခိုက်ခဲ့ရာ ဒေသခံ ၁၀,၀၀၀ ကျော် ထိုင်းနိုင်ငံတွင်းသို့ ထွက်ပြေးခဲ့ကြရသည်။[၅]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ၏ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြ က ကရင် အမျိုးသား အစည်းအရုံးမှ ခွဲထွက်ပြီး "ကော်သူးလေတပ်မတော်"ကို တည်ထောင်ကြောင်း ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ကြေညာခဲ့သည်။[၆]
ဖွဲ့စည်းမှု
[ပြင်ဆင်ရန်]ကော်သူးလေတပ်မတော်၏ စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်ကြီး နယ်ဒါးမြဖြစ်ပြီး ဒုတိယ စစ်ဦးစီးချုပ်များမှာ ဒုတိယ ဗိုလ်ချုပ်ကြီး ဆာဂေးပိုနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး စောဘာဝါး ဖြစ်သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- 1 2 KTLA။ ၄ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ "The KNLA and the Kawthoolei Army (KTLA) issued parallelly statements, and the attitude of each was tense" (in en)၊ Myanmar Pressphoto Agency၊ 2023-02-01။ 4 May 2024 တွင် ပြန်စစ်ပြီး။ Archived from the original on 25 May 2024။
- ↑ "On Karen Revolution Day the Kawthoolei Army released 5 detained policemen in Myawaddy Karen state" (in en)၊ Karen News၊ 2023-02-04။
- ↑ "Thousands Flee as Myanmar Junta Artillery, Gunships Attack Villages in Karen State" (in en)၊ The Irrawaddy၊ 2023-01-25။
- ↑ Into the lion’s den: The failed attack on Shwe Kokko (in en-US) (2023-05-11)။ June 30, 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-05-28 တွင် ပြန်စစ်ပြီး။
- ↑ "ကော်သူးလေတပ်မတော် ဘာကြောင့်ပေါ်လာသလဲ"၊ ၂၃ ဇူလိုင် ၂၀၂၂။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]
ဖေ့စ်ဘွတ်ခ် ပေါ်ရှိ ကော်သူးလေတပ်မတော်