ခလယ် - တံခွန်တိုင် တိုက်နယ်ဆေးရုံ
| ခလယ်–တံခွန်တိုင်တိုက်နယ် ပြည်သူ့ဆေးရုံ | |
|---|---|
![]() | |
| ပထဝီဝင်ဆိုင်ရာ | |
| တည်နေရာ | ခလယ်၊ တံခွန်တိုင်ရွာ, ကြာအင်းဆိပ်ကြီးမြို့နယ်, ကရင်ပြည်နယ်, မြန်မာ |
| အဖွဲ့အစည်း | |
| ဆေးရုံအမျိုးအစား | အများပိုင် |
| ဝန်ဆောင်မှုများ | |
| အရေးပေါ်ကုသရေးဌာန | ရှိသည် |
| ကုတင်အရေအတွက် | ၁၆ |
| သမိုင်းကြောင်း | |
| တည်ထောင်ခဲ့ | ၁၉၆၇ |
ခလယ်-တံခွန်တိုင်တိုက်နယ်ပြည်သူ့ဆေးရုံ သည် ခလယ်၊ တံခွန်တိုင်ရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တည်ရှိသည်။ ခလယ် - တံခွန်တိုင်တိုက်နယ် ပြည်သူ့ဆေးရုံသည် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အဓိကကျသော တိုက်နယ်ဆေးရုံတစ်ရုံဖြစ်သည်။ ဆေးရုံဝန်းမှာ ၂ ဧကရှိပြီး ကုတင် ၁၆ ဆံ့ ဆေးရုံဖြစ်သည်။ ဆေးရုံတွင် အတွင်းလူနာများအတွက် ဆေးကုသဆောင် ၁ဆောင်၊ ခွဲစိတ်ကုသဆောင် ၁ဆောင်၊ ထိခိုက်ဒဏ်ရာနှင့် အရိုးရောဂါကုသဆောင် ၁ဆောင်ရှိသည်။[၁]
ခလယ်-တံခွန်တိုင်တိုက်နယ်ပြည်သူ့ဆေးရုံသည် အခြားပြည်သူ့ဆေးရုံများကဲ့သို့ပင် အခြေခံ အထောက်အပံ့များနှင့် ပစ္စည်းကိရိယာများစွာ လစ်ဟင်းလျက်ရှိသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၁၉၆၇ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် ကျေးလက်ကျန်းမာရေးအဆင့်မှ ခလယ်တံခွန်တိုင်တိုက်နယ် ပြည်သူ့ဆေးရုံအဆင့်သို့ လက်ရှိတိုက်နယ်ပြည်သူ့ဆေးရုံတည်ရှိရာနေရာတွင် ပြောင်းရွေ့တည်ဆောက်ခဲ့ပြီး ကရင်ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာစောလှထွန်းနှင့် ဒေါက်တာဦးစံအောင် (လက်ထောက်ညွန်ကြားရေးမှူး)တို့က ၁၉၆၉ ခုနှစ်တွင် တိုက်နယ်ပြည်သူ့ဆေးရုံကို ဖွင့်လှစ်ပေးခဲ့သည်။
(၁၆) ခုတင်ဆံ့ တိုးချဲ့ ဆောင်သစ်ကို ဖေဖော်ဝါရီ ၁ဝ ရက် ၂၀၁၅ နေ့ရက်တွင် ဖွင့်လှစ်နိုင်ခဲ့သညိ။[၂]
ကုသဆောင်များ
[ပြင်ဆင်ရန်]ခလယ်-တံခွန်တိုင် တိုက်နယ်ဆေးရုံတွင် အထူးရောဂါကုသဆောင် ၁ဆောင်နှင့် ရောဂါရှာဖွေဆောင် ၁ ဆောင်တို့ ရှိသည်။ ထို့အပြင် ဗဟိုအမျိုးသားသွေးလှူဘဏ်၊ စားဖိုခန်းနှင့် အဝတ်လျှော်ခန်း တို့လည်း ရှိသည်။
အစဉ်အဆက်အုပ်ချုပ်ခဲ့သော ဆရာဝန်များ
[ပြင်ဆင်ရန်]| စဉ် | အမည် | တာဝန်ထမ်းဆောင်ခဲ့သည့်ကာလ |
|---|---|---|
| ၁ | ဒေါက်တာဦးစိုးမြင့် | ၁၉၆၉-၁၉၇၂ |
| ၂ | ဒေါက်တာနိုင်ချစ်လုံး | ၁၉၇၂-၁၉၇၅ |
| ၃ | ဒေါက်တာဟန်စိန်ဝင်း | ၁၉၇၅-၁၉၇၇ |
| ၄ | ဒေါက်တာရွှေဝင်း | ၁၉၇၇-၆လ |
| ၅ | ဒေါက်တာမန်းဖေလှစိန် | ၁၉၇၇-၁၉၇၉ |
| ၆ | ဒေါက်တာဦးမောင်မောင်ကျော် | ၁၉၇၉-၆လ |
| ၇ | ဒေါက်တာဦးဉာဏ်ထွန်း | ၁၉၇၉–၁၉၈၂ |
| ၈ | ဒေါက်တာမင်းမြတ်သွင် | ၁၉၈၂-၁၉၈၄ |
| ၉ | ဒေါက်တာစောမျိုးမြင့်ဦး | ၁၉၈၄-၁၉၈၆ |
| ၁၀ | ဒေါက်တာလွင်ဦး | ၁၉၈၆-၁၉၈၇ |
| ၁၉၈၇-၁၉၈၈ နောက်ပိုင်းဆရာဝန်မလာပါ | ||
| ၁၁ | ဒေါက်တာမွန်သိန်းချစ် | ၁၉၉၇-၁လ |
| ၁၂ | ဒေါက်တာအောင်သူဇင် | ၂၀၀၁-၂၀၀၃ |
| ၁၃ | ဒေါက်တာကျော်ဆန်းလင်း | ၂၀၀၃-၂၀၀၄ |
| ၁၄ | ဒေါက်တာဉာဏ်လင်းအောင် | ၂၀၀၅-၂၀၀၆ |
| ၁၅ | ဒေါက်တာခင်စိုး | ၂၀၀၆-၂၀၀၇ |
| ၁၆ | ဒေါက်တာစည်သူအေး | ၂၀၀၇-၂၀၁၇ |
| ၁၇ | ဒေါက်တာဟန်ကိုဝင်း | ၂၀၁၇-ယနေ့ထိ |
| ၁၈ | ? | ? |
ကိုးကား
[ပြင်ဆင်ရန်]- ↑ ကြာအင်းဆိပ်ကြီး မြို့နယ် ဒေသဆိုင်ရာ ... (မေ ၂၀၁၇)။ 11 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၇ ဖေဖော်ဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုနေ့ ဂုဏ်ပြု (၁၆) ကုတင်ဆံ့ ဆေးရုံသစ်ဖွင့်။ ပြန်ကြားရေးဝန်ကြီးဌာန (၁၅ ဖေဖော်ဝါရီ ၂၀၁၅)။ ၄ ဖေဖော်ဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- စာသားပါ အချက်အလက်တချို့ကို မာန်နာဲသော(ဝင်းရော်) ၏ စာမူများမှ ကောက်နူတ် မှီငြမ်းထားသည်။
| ဤ မြန်မာနိုင်ငံရှိ အဆောက်အအုံများနှင့် ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
