ကောဏ္ဍညသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ၁၂-နှစ်တိုင်တိုင် ဟိမဝန္တာ မန္ဒာကိနီအိုင်၏အနီး၌ သီတင်းသုံးနေရာမှ ရောက်ရှိလာပြီး ဘုရားရှင်အား အမည်ကို လျှောက်ထား၍ ဖူးမြော်လာသော အရှင်ကောဏ္ဍညထေရ်နှင့် ဆက်စပ်၍ အရှင်ကောဏ္ဍညထေရ်၏ ဂုဏ်တော်များကို ဘုရားရှင်၏ ခွင့်ပြုတော်မူချက်အရ အရှင်ဝင်္ဂီသထေရ်က ဂါထာ ၃-ဂါထာဖြင့် သီကုံးပူဇော်ပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ၌-အရှင်ကောဏ္ဍညထေရ် ဟိမဝန္တာ၌ သီတင်းသုံးခြင်း အကြောင်း၊ မန္ဒာကိနီရေအိုင် အကြောင်း၊ ဆင်တို့ပြုစုလုပ်ကျွေးပုံ၊ အရှင်ကောဏ္ဍညထေရ် ပရိနိဗ္ဗာန်ဝင်စံခြင်း၊ အရှင်ကောဏ္ဍညစေတီသည် ယနေ့တိုင် ရှိနေသေးကြောင်း အစရှိသော မှတ်သားဖွယ်တို့ ပါရှိသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၁၉၅။ သံ၊မြန်၊၁၊၁၈၃-၄။ သံ၊ဋ္ဌ၊၁၊၂၅၆-၂၆၀။ သံ၊ဋီ၊၁၊၂၉၂-၄။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၈-ဝိသသံယုတ္တ၊ နဝမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ