ကောဋိဂါမသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ဝဇ္ဇီနိုင်ငံ ကောဋိဂါမ၌ သီတင်းသုံးနေတော်မူစဉ် “အရိယသစ္စာလေးပါးတို့ကို ဝိပဿနာဉာဏ်ဖြင့် မသိခြင်း၊ မဂ်ဉာဏ်ဖြင့် ထိုးထွင်း၍ မသိခြင်းကြောင့် ငါဘုရားနှင့် သင်ချစ်သားတို့သည် ရှည်လျားလှစွာသော သံသရာကာလပတ်လုံးကြိမ်ဖန် များစွာ မရပ်မနား ပြေးသွားခဲ့ရလှလေပြီ-အစရှိသည်ဖြင့် အရိယသစ္စာ တစ်ပါးစီ တစ်ပါးစီကို မသိခဲ့ကြပုံ၊ အရိယသစ္စာ တစ်ပါးစီ တစ်ပါးစီကို ဝိပဿနာဉာဏ်, မဂ်ဉာဏ်တို့ဖြင့် ထိုးထွင်း၍ သိမြင်လျှင် ဘဝနေတ္တိ, ဘဝတဏှာတို့ ပြတ်တောက်ပုံ၊ ဘဝသစ်၌ တဖန်မဖြစ်တော့ပုံကို ရဟန်းတို့အား ဟောတော်မူသည့်သုတ်။


[၂] အရိယသစ္စာလေးပါးတို့၏ တစ်ပါးစီ တစ်ပါးစီကို အမှန်အတိုင်း မသိကြသော သမဏ, ဗြာဟ္မဏတို့ကို သမဏ, ဗြာဟ္မဏဟု မသမုတ်နိုင်ပုံ၊ မျက်မှောက်ဘဝ၌ သမဏ, ဗြာဟ္မဏတို့၏ အကျိုးဖြစ်သော အရဟတ္တဖိုလ်ကို ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်မပြုနိုင်ပုံ၊ သစ္စာလေးပါးတို့တွင် တစ်ပါးစီ တစ်ပါးစီကို အမှန်အတိုင်း သိသော သမဏ, ဗြာဟ္မဏကိုသာ သမဏ, ဗြာဟ္မဏဟု သမုတ်အပ်ပုံ၊ မျက်မှောက် ဘဝ၌ သမဏ, ဗြာဟ္မဏဖြစ်ခြင်း၏အကျိုး အရဟတ္တဖိုလ်ကို ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုနိုင်ပုံကို ဘုရားရှင် ဟောတော်မူသည့်သုတ်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၃၇၇။ သံ၊မြန်၊၃၊၃၈၄။ သံ၊ဋ္ဌ၊၃၊၃၂၉။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၂-သစ္စသံယုတ္တ၊ ၃-ကောဋိဂါမဝဂ္ဂ၊ ပဌမသုတ်။
  2. -သံ၊၃၊၃၇၈-၉။ သံ၊မြန်၊၃၊၃၈၅။ -သံယုတ္တနိကာယ၊ ... ဒုတိယသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ