ကူဋာဂါရသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] အထွတ်တပ်သောအိမ်၌ အလုံးစုံသောအခြင်ယနယ်တို့သည် အထွတ်သို့သာ ညွတ်ကိုင်းရှိုင်း (ပေါင်းဆုံ)ကုန်သကဲ့သို့ ဗောဇ္ဈင်ခုနစ်ပါးကို ပွားများသည်ရှိသော် နိဗ္ဗာန် သို့သာ ညွတ်ကိုင်းရှိုင်းကုန်၏-ဟု ဗောဇ္ဈင်ခုနစ်ပါး ပွားများပုံအကျယ်ကို ဟောတော်မူသည့်သုတ်။


[၂] သစ္စာလေးပါးအမှန်တရားကို အမှန်အတိုင်း မသိပဲ ဆင်းရဲ၏အဆုံးကို ကောင်းစွာပြုအံ့-ဟု ပြောဆိုနိုင်သောအကြောင်းမရှိပုံနှင့် ရှိပုံကို အထွတ်တပ်သော အိမ်ဆောက်ပုံ ဥပမာဖြင့် မိန့်တော်မူပြီး သစ္စာလေးပါးအမှန်တရားကို အမှန်အတိုင်း သိရန် အားထုတ်ကြရမည်-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၆၈။ သံ၊မြန်၊၃၊၇၂။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၂-ဗောဇ္ဈင်္ဂသံယုတ္တ၊ ၁-ပဗ္ဗတဝဂ္ဂ၊ သတ္တမသုတ်။
  2. -သံ၊၃၊၃၉၄။ သံ၊မြန်၊၃၊၄၀၀-၁။ သံ၊ဋ္ဌ၊၃၊၃၃၂။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၂-သစ္စသံယုတ္တ၊ ၅-ပပါတဝဂ္ဂ၊ စတုတ္ထသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ