ကုမ္မောပမသုတ်

ဝီကီပီးဒီးယား မှ

[၁] “လိပ်နှင့် မြေခွေးတို့ကို ပမာထား၍ ဣန္ဒြေခြောက်ပါးတို့၌ ထင်လာသော အာရုံခြောက်ပါးတို့၌ မက်မောခြင်း “အဘိဇ္ဈာ နှလုံးမသာယာခြင်း ဒေါမနဿဟူသော ယုတ်ညံ့သောအကုသိုလ်တရားတို့ မဖြစ်အောင် စောင့်ရှောက်ထိန်းသိမ်းကြလျှင် ယုတ်မာညစ်စုတ် မာရ်နတ်ယုတ်သည် နှိပ်စက်ရန်အခွင့်မရတော့သဖြင့် သင်တို့မှ ဖဲခွါထွက်သွားလိမ့်မည်”ဟု အကျယ်အားဖြင့် ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌-အတ္တုက္ကံသန, ပရဝမ္ဘနလွတ်သော စကားငါးမျိုးကို ဖွင့်ပြ ထားပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၃၈၅-၆။ သံ၊မြန်၊၂၊၃၈၁-၂။ သံ၊ဋ္ဌ၊၃၊၇၃-၄။ သံ၊ဋီ၊၂၊၃၃၁။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၁-သဠာယတနသံယုတ္တ၊ (၁၃)၄-အာသီ ဝိသဝဂ္ဂ၊ တတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ