ကိံဒဒသုတ်

ဝီကီပီးဒီးယား မှ

အညတရနတ်သား၏ မေးလျှောက်ချက်အရ “အန္နဒါနသည် အားခွန်ဗလ အလှူ၊ ဝတ္ထဒါနသည် အဆင်းလှပနိုင်သောအလှူ၊ ယာနဒါနသည် ချမ်းသာစေနိုင်သောအလှူ။ ဒီပဒါနသည် မျက်စိကြည်လင်းစေနိုင်သော အလှူ၊ ဇရပ်, တန်ဆောင်း, ကျောင်းဗိမာန် အလှူသည် အထက်ပါအကျိုးလေးမျိုးလုံးကို ရရှိစေနိုင်သောအလှူ၊ ဓမ္မဒါနသည် အမတကိုရရှိစေနိုင်သော အလှူ ဖြစ်ပုံကို” ဘုရားရှင် ဖြေကြားတော်မူသည့်သုတ်။

အဋ္ဌကထာ/ဋီကာတို့၌-အထက်ပါ ဒါနကောင်းမှုများနှင့် ဆက်စပ်၍ ရှင်းလင်းဖွင့်ဆိုချက် အပြည့်အစုံကို လေ့လာသိရှိနိုင်ပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၂၉။ သံ၊မြန်၊၁၊၂၉။ သံ၊ဋ္ဌ၊၁၊၇၈-၉။ သံ၊ဋီ၊၁၊၁၁၈-၉။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁-ဒေဝတာသံယုတ္တ၊ ၅-အာဒိတ္တဝဂ္ဂ၊ ဒုတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ