ကာဠိဂေါဓသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် သက္ကနိုင်ငံ ကပိလဝတ္ထုမြို့ နိဂြောဓာရုံကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ကာဠိဂေါဓာ သာကီဝင်မင်းသမီး၏ အိမ်သို့ကြွတော်မူ၍ ကာဠိဂေါဓာ သာကီဝင်မင်းသမီးအား သောတာပန် အရိယာသာဝိကာ၏ အရည်အချင်း (ဂုဏ်) လေးမျိုးကို ဟောတော်မူရာ ကာဠိဂေါဓာ သာကီဝင်မင်းသမီးက “မြတ်စွာဘုရား ဟောကြားတော်မူသည့် ထိုအရည်အချင်း (ဂုဏ်)လေးမျိုး တပည့်တော်မသန္တာန်၌ အထင် အရှား ရှိနေပါသည်”ဟု လျှောက်ထားလျှင် ဘုရားရှင်က “လာဘာ တေ ဂေါမေ၊ သုလဒ္ဓံ တေ ဂေါဓေ”အစရှိသောစကားဖြင့် ချီးကျူးတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၃၄၆။ သံ၊မြန်၊၃၊၃၅၀။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၁-သောတာပတ္တိသံယုတ္တ ၄-ပုညာဘိသန္ဒဝဂ္ဂ၊ နဝမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ