ကဠာရသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကရခတ္တိယရဟန်း၏ လျှောက်ထားချက်အရ အရှင်သာရိပုတ္တရာကို ခေါ်၍ အရဟတ္တဖိုလ်ကိုဖြေဆိုခြင်း အကြောင်း၊ အဆင့်ဆင့် မေးမြန်းတော်မူရာ အရှင်သာရိပုတ္တရာ၏ ကြောင်းကျိုးဖော်ပြ ဖြေကြားချက်များ, ဝေဒနာ၌ တဏှာမဖြစ်သော သိမြင်မှု, အာသဝတရားတို့မှလွတ်မြောက်မှုနှင့် ဆက်စပ်၍ ဖြေကြားချက်များကို ဘုရားရှင်ကိုယ်တော်တိုင် အတည်ပြုတော်မူပုံနှင့် အရှင်သာရိပုတ္တရာ၏ သီဟနာဒ မိန့်ကြားချက်များကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ/ဋီကာတို့၌-ရှင်းလင်းဖွင့်ဆိုချက်များ တရားပွဲမပြီးစီးသေမီ ဘုရားရှင် ဂန္ဓကုဋီကျောင်းတော်သို့ ကြွတော်မူခြင်းအကြောင်း မှတ်သားဖွယ်အကျယ် အစရှိသည်တို့ကို ဖွင့်ဆိုထားပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၂၈၃-၈။ သံ၊မြန်၊၁၊၂၇၀-၄။ သံ၊ဋ္ဌ၊၂၊၅၇-၆၂။ သံ၊ဋီ၊၂၊၇၃-၇။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၁-နိဒါနသံယုတ္တ၊ ၄-ကရခတ္တိယဝဂ္ဂ၊ ဒုတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ