ကစ္စာနဂေါတ္တသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် “သမ္မာဒိဋ္ဌိ”ဖြစ်ပုံကို ကစ္စာနဂေါတ္တရဟန်းက မေးလျှောက်သဖြင့် ဒုက္ခဖြစ်ခြင်းအကြောင်းကို သိလျှင် ဥစ္ဆေဒအယူ မဖြစ်၊ ဒုက္ခ၏ချုပ်ရာကိုသိလျှင် သဿတအယူ မဖြစ်၊ ထိုအယူ နှစ်မျိုး ဖြစ်ပေါ်ပုံ၊ ထိုအယူနှစ်မျိုး မဖြစ်လျှင် “သမ္မာဒိဋ္ဌိ”ဖြစ်ပုံကို ပဋိစ္စသမုပ္ပါဒ အနုလောမ, ပဋိလောမ ဒေသနာနှစ်မျိုးဖြင့် ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ/ဋီကာတို့၌- ဥပယ, ဥပါဒါန, အဘိနိဝေသ-တို့ကို ဖွင့်ပြထားပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၂၅၇-၈။ သံ၊မြန်၊၁၊၂၄၂-၃။ သံ၊ဋ္ဌ၊၁၊၃၁-၂။ သံ၊ဋီ၊၂၊၃၆-၉။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၁-နိဒါနသံယုတ္တ၊ ၂-အာဟာရဝဂ္ဂ၊ ပဉ္စမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ