ဥရုဝေလ

ဝီကီပီးဒီးယား မှ

[၁] (၁) ကြီးမားသော-များပြားသော-သဲ၊ သဲအစု၊ သဲပုံ၊ သဲသောင်ပြင်။ [၂]

(၂) သီလအပိုင်းအခြားကို လွန်ကျူးခြင်းကြောင့် ဆောင်ထားအပ်သော သဲပုံ။

(၃) ကြီးစွာသောသဲသောင်ကမ်းနှင့်တူသော သဲအစု သဲပုံကြီး။ [၃]

(၄) သဲအစုသဲပုံကြီးအနီး၌ တည်သောရွာ၊ ဥရုဝေလရွာ။[၄] [၂]

(၅) ဥရုဝေလနဂါး။ [၅][၂]

ဥရုဝေလ[ပြင်ဆင်ရန်]

ဂေါတမဘုရားရှင်မပွင်မီအခါကတစ်ထောင်သော အမျိုးကောင်းသားတို့သည် လူ့ဘောင်မှ ခွါ၍ ရသေ့ရဟန်းပြုပြီးလျှင် “ကာယကံ ဝစီကံတို့ကို လွန်ကျူးပြုကျင့်လျှင် သူတစ်ပါးတို့အား ထင်ရှားသောကြောင့် အချင်းချင်း စောဒနာခွင့် ရကြ၏။ မနောကံသက်သက်ကို ကြံစည်အောက်မေ့ရာ၌ သူတစ်ပါးတို့အား မထင်ရှားသောကြောင့် အချင်းချင်း စောဒနာခွင့် မရနိုင်၊ ထို့ကြောင့် ကာမဝိတက် စသည်ကို ကြံမိခဲ့သော် မိမိကိုယ်ကိုမိမိ ဆုံးမခြင်း ဖြစ်ရလေအောင် ဖက်ခွက်ဖြင့် သဲကို ဆောင်ယူ၍ ဤအရပ်၌ စုပုံထားကြရမည်”ဟု ကတိကဝတ် ပြုကုန်၏။ ထိုကတိကဝတ်အတိုင်း ကာမဝိတက် စသည်ကို ကြံစည်အောက်မေ့မိသော ရသေ့တို့သည် သဲအစုကို ဆောင်၍ စုပုံကြသောကြောင့် အကြိမ်များလာသောအခါ ကြီးစွာသော သဲစု သဲပုံကြီး ဖြစ်လာသဖြင့် ဥရုဝေလဟု ထင်ရှားလေသည်။ [၂]

နောင်အခါ ထိုသဲစုသဲပုံကြီးကို နောင်လာနောက်သားတို့သည် ကာရံ၍ စေတီ ဌာန ပြုကြလေသည်။ [၆]

ထိုဥရုဝေလ အရပ်၌ ဘုရားရှင်သည် ခြောက်နှစ်တိုင်တိုင် ဒုက္ကရ စရိယာ ကျင့်တော်မူခဲ့လေသည်။ [၇]

ထိုသဲပုံကြီးအနီးရှိရွာကိုလည်း ဥရုဝေလ ဟု ခေါ်သည်။ [၈] [၂]

ဥရုဝေလတော[ပြင်ဆင်ရန်]

ဘုရားအလောင်းသည် တောအုပ်၌ နေ့သန့်နေတော်မူ၍ ညချမ်းအခါ၌ သောတ္တိယလှူအပ်သော မြက်ရှစ်ဆုပ်ကိုယူ၍ ဗောဓိမဏ္ဍိုင်သို့ ကြွတော်မူသည် ဟု-မ၊ဋ္ဌ၊၂၊၈-၌ လာသည်ကိုထောက်၍ ထိုသဲစုသဲပုံကြီး အနီး၌လည်း တောအုပ်ရှိကြောင်း သိရသည်၊ ထိုတောအုပ်ကိုပင် ရည်ရွယ်၍ “ဥရုဝေလတော၌ ဒုက္ကရစရိယကျင့်တော်မူသည်”ဟု စာဖွဲ့ကြသည်။ (သာသနာ ပါဠိ, အဋ္ဌကထာ, ဋီကာတို့၌မူ ဥရုဝေလတောဟု တိုက်ရိုက်မတွေ့ချေ။ ဗုဒ္ဓသာသနိကပထဝီဝင် ကျမ်း၊ နှာ။ ၁၁၆-၌ " ဗုဒ္ဓသာသနာယတ္တတော်နှင့်စပ်သော) သင်္ခတကျမ်းများ၌ကား ဤ တောကို ဥရုဝေလွှာ” ဟု ခေါ်ဆိုရေးသားရာ ဟု အဓိပ္ပါယ်အားဖြင့် ဥသျှစ်သီးကြီးများ ရရှိနိုင်သော တော ဟုဆိုလိုသည်၊ ၎င်းဥရုဝေလာကို ယခု ဣန္ဒြိယတိုင်းသားများက (ဍ္ဎုံဂသျှရိ) ဟု ခေါ် ကြသည်၊ တည်ရာကား မဟာဗောဓိမှ အရှေ့ ဘက်အနီး နေရဉ္ဇရာမြစ်ရှိရာ၎င်းနေရဉ္ဇရာမြစ်၏ အရှေ့ဘက်ကမ်းမှာ တည်ရှိသည်”ဟု လာသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ဥရုဝေလာ(ဠာ) (ထီ) [ဥရု+ဝေလာ။ ဥရု ဝေလာ+ဏ။ ဥရု+ဝေလာတိက္ကမ။ အတိက္ကမပုဒ်ကျေနေသည်]
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ တိပိဋကအဘိဓာန် အတွဲ-၄ အပိုင်း ခ
  3. ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ ဝိ၊၃၊၁။ ဥရုဝေလာယန္တိ မဟာဝေလာယံ၊ မဟန္တေ ဝါလိကရာသိမှီတိ အတ္ထော။ အထဝါ ဥရူတိ ဝါလိကာ ဝုစ္စတိ၊ ဝေလာတိ မရိယာဒါ၊ ဝေလာနတိက္ကမဟေတု အာဟဋာ ဥရု ဥရုဝေလာတိ ဧဝမ္ပေတ္ထ အတ္ထော ဒဋ္ဌဗ္ဗာ။ ဝိ၊ဋ္ဌ၊၃၊၂၃၄။ မဟာဝေလာ ဝိယ မဟာဝေလာ၊ ဝိပုလဝါလုကပုဉ္စတာယ မဟန္တော ဝေလာတဋော မဟန္တောဝေလာတဋော ဝိယာတိ အတ္ထော။ တေနာဟ “မဟန္တေ ဝါလိကရာသိမှီတိ အတ္ထော”တိ။ သာရတ္ထ၊၃၊၁၃၂။ ဥရုဝေလာယန္တိ ဧတ္ထ ဥရုသဒ္ဒါ မဟန္တဝါစီ၊ ဝေလာသဒ္ဒေါ တီရပရိယာယော ဥန္နတတ္တာဒိနာ ဝေလဝိယ ဝေလာ၊ ဥရု မဟန္တီ ဝေလာ ဥရုဝေလာ၊ တဿံ။ ဝိမတိ၊၂၊၈၃။ (မ၊ဋ္ဌ၊၂၊၇၈-၉။ မ၊ဋီ၊၂၊၁၂၉။) ဥရုဝေလာယန္တိ ဧတ္ထ ဥရုသဒ္ဒါ မဟန္တပရိယာယောတိ “မဟာဝေလာယ”န္တိ။ ဝါလိကရာသိမှီတိ ဣမိနာ ဝေလာသဒ္ဒဿ ရာသတ္ထံ ဒေဿတိ။ ပါစိတ်၊ ယော။ ၁၈၄။ ဝေလာယ အတိက္ကမော ဝေလာ ဥတ္တရပဒလောပဝသန၊ ဝေလာယ အာဟဋာ ဥရု ဥရုဝေလာ ပဒဝိပရိယာယဝသေနာတိ ဒဿတိ။ ပါစိတ်၊ ယော။ ၁၈၅။ ဥရုဝေဠာယ ဆဗ္ဗဿာနိ ဒုက္ကရကာရိကံ ကရောန္တောပိ... ကာယံ သန္တပ္ပေသိ။ မ၊ဋ္ဌ၊၂၊၈၇။ ဥရုဝေဠာယံ မာပေတွာ၊ အဿမိံ နိဝသိ အဟံ။ အပ၊၂၊၁၃၆။
  4. ယေန ဥရုဝေလာ သေနာနိဂမော။ မ၊၁၊၃၀၆။ ဥရုဝေလာတိ ယထာဝုတ္တဝါလိကရာသိဝေသန လဒ္ဓနာမော ဂါမော။ အညထာ တသ္မိံ ဝါလိကရာသိမှီ ဝိဟရတီတိ အာပဇ္ဇတိ၊ “ဥရုဝေလံ ပိဏ္ဍာယ ပါဝိသီတိ ယေန ဥရုဝေလသေနာနိဂမော”တိအာဒိဝစနဝိရောဓော စ။ ဝဇိရ၊၃၉၂။ ဥရုဝေလာယံ ဝိဟရတီ-(သံ၊၁၊၁၀၄။ အဘိ၊ဋ္ဌ၊၁၊၂၆၃)တိ ပဋိဝိဒ္ဓသဗ္ဗညုတညာဏော ဥရုဝေလဂါမံ ဥပနိဿာယ ဝိဟရတိ။ သံ၊ဋ္ဌ၊၁၊၁၅၅။
  5. (၅) ဥရုဝေလနာဂ-ကြည့်။
  6. ဝိ၊ဋ္ဌ၊၃၊၂၃၄။
  7. မ၊ဋ္ဌ၊၂၊၈၇။
  8. ဝဇိရ၊၃၉၂။