မဟာဗောဓိစေတီ

ဝီကီပီးဒီးယား မှ
Mahabodhi Temple Complex at Bodh Gaya
ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ
မဟာဗောဓိစေတီ
တည်နေရာဗုဒ္ဓဂါယာဘီဟာပြည်နယ်အိန္ဒိယနိုင်ငံ
ရွေးချယ်သည့် စံနှုန်းယဉ်ကျေးမှုဆိုင်ရာ: i, ii, iii, iv, vi
ရည်ညွှန်း1056
စတင်သတ်မှတ်ခြင်း၂၀၀၂ (၂၆ ကြိမ်မြောက် အစည်းအဝေး)
ဧရိယာ၄.၈၆ ဟက်တာ
ကိုဩဒိနိတ်24°41′46″N 84°59′29″E / 24.696004°N 84.991358°E / 24.696004; 84.991358ကိုဩဒိနိတ်: 24°41′46″N 84°59′29″E / 24.696004°N 84.991358°E / 24.696004; 84.991358
မဟာဗောဓိစေတီ သည် Bihar တွင် တည်ရှိသည်
မဟာဗောဓိစေတီ
အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်ရှိ မဟာဗောဓိစေတီ တည်နေရာပြ မြေပုံ

မဟာဗောဓိစေတီ (Mahabodhi Temple; महाबोधि मंदिर; တစ်နည်းအားဖြင့် "Great Awakening Temple")သည် ဗုဒ္ဓဂါယာအတွင်း တည်ရှိပြီး သီရိဓမ္မာ သောကမင်းကြီး နန်းစံ ၁၀ နှစ် ၁၁ နှစ်ခန့်တွင် ဂေါတမ မြတ်စွာဘုရား ပွင့်တော်မူရာ အရပ်ကို အထိမ်းအမှတ်ပြု တည်ထားကိုးကွယ်သည့် စေတီတစ်ဆူဖြစ်သည်။ ထိုစေတီတော်ကြီးသည် ဉာဏ်တော်အမြင့် ပေ ၁၈၀ ခန့်ရှိသည်။ အရင်းကားပြီးလျှင် အဖျားရှူးသော လေးထောင့်ပုံသဏ္ဌာန်ရှိ၍ ဗိသုကာလက်ရာ ထူးခြားကောင်းမွန်လှသည်။ စေတီတော်သည် နှစ်ဆင့်ဖြစ်သည်။ အောက်ပိုင်းသည် ဂူကျောင်းပုံစံဖြစ်၍ အတွင်း၌ ရုပ်ပွားတော်တစ်ဆူ ကိန်းဝပ်လျက် ရှိသည်။ အပေါ်ပိုင်းသည် စေတီဖြစ်သည်။ စေတီ၏ ဖိနပ်တော် ထောင့်လေးထောင့်၌ စေတီမကြီး၏ ပုံသဏ္ဌာန်မျိုး အရံစေတီ တစ်ဆူစီရှိသည်။ မဟာဗာဓိစေတီ၏ အမိုးခုံးကို ထိုင်းနိုင်ငံ အစိုးရမှ ၂၉၀ ကီလိုဂရမ်ရှိ ရွှေပြားများ ကပ်လှူထားသည်။[၁]

မဟာဗောဓိစေတီ၏ အနောက်ဘက်ခြမ်းတွင် မဟာဗောဓိပင် တည်ရှိသည်။ ၂၀၀၂ ခုနှစ် ဇွန်လတွင် မဟာဗောဓိစေတီကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။[၂]

၂၀၁၃ တိုက်ခိုက်မှု[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဗုဒ္ဓဂါယာ မှာ ဗုံးကွဲမှု

၂၀၁၃ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် မဟာဗောဓိစေတီ အနီးတဝိုက်တွင် ဗုံး ၁၀ လုံးခန့် ဆက်တိုက်ကွဲခဲ့ကာ ၅ ဦး ဒဏ်ရာရရှိခဲ့သည်။ ဗုံးတစ်လုံးမှာ ဗုဒ္ဓရုပ်ပွားတော် အနီးတွင် ဖြစ်ပြီး အခြားတစ်လုံးမှာ မဟာဗောဓိပင်အနီးတွင် ပေါက်ကွဲခဲ့သည်။ မပေါက်ကွဲသေးသော ဗုံး ၃ လုံးကိုလည်း ရှာဖွေတွေ့ရှိပြီး မပေါက်ကွဲအောင် ပြုလုပ်နိုင်ခဲ့သည်။ ပေါက်ကွဲမှုများမှာ မနက် ၅ နာရီခွဲမှ မနက် ၆ နာရီအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။[၃][၄] မဟာဗောဓိစေတီမှာ ထိခိုက်ပျက်စီးမှု မရှိခဲ့ပေ။[၃] ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီမှ ဗုံးပေါက်ကွဲမှုများအတွက် အိန္ဒိယမူဂျာဟစ်အဖွဲ့တွင် တာဝန်ရှိသည်ဟု ကြေညာခဲ့သည်။[၅][၆]


ဓာတ်ပုံများ[ပြင်ဆင်ရန်]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Mahabodhi Temple at Bodhgaya to be Coated with 290 Kg GoldBiharprabha News။ 12 November 2013 တွင် ပြန်စစ်ပြီး။
  2. Buddhists seek control over Mahabodhi temple management IANS. March 28, 2008. Retrieved March 29, 2008.
  3. ၃.၀ ၃.၁ "Serial Blasts rock Mahabodhi temple in Bodha gaya: terror attack, Center says"၊ 7 July 2013။ 7 July 2013 တွင် ပြန်စစ်ပြီး 
  4. Law၊ Kumar Mishra။ "5 injured in multiple blasts at Mahabodhi temple in Bodh Gaya"၊ 7 July 2013။ 7 July 2013 တွင် ပြန်စစ်ပြီး 
  5. Tiwari၊ Deeptiman။ "Ranchi document helps NIA crack Bodh Gaya blast case"၊ 6 November 2013။ 6 November 2013 တွင် ပြန်စစ်ပြီး 
  6. Gaikwad၊ Rahi။ "Patna terror cell behind Bodh Gaya strike too: NIA"၊ 7 November 2013။ 7 November 2013 တွင် ပြန်စစ်ပြီး 

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]