ဟိုနိုလူလူမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ཧོ་ནོ་ལུ་ལུ།

ဟိုနိုလူလူမြို့[ပြင်​ဆင်​ရန်​]

ဟိုနိုလူလူမြို့သည် ဟာဝိုင်ယီကျွန်းစု၏ မြို့တော်ဖြစ်၍ ထိုကျွန်းစုတွင် အပါအဝင်ဖြစ်သော အိုအားဟူးကျွန်း အနောက်တောင်ဘက် ကမ်းခြေ၌တည်ရှိသည်။ ပစိဖိတ်သမုဒ္ဒရာဘက်တွင် ဖြတ်သန်းသွားလာလျက်ရှိသော သင်္ဘောအားလုံးနီပါးမျှ ဟိုနိုလူလူဆိပ်ကမ်း၌ဝင်ရောက်ဆိုက်ကပ်ကြသည် ဖြစ်သောကြောင့် ဟဝိုင်းယန်းကျွန်းစုတွင် အကြီးဆုံး ဆိပ်ကမ်းမြို့လည်းဖြစ်သည်။ဟိုနိုလူလူမြို့အနောက်ဘက် ခြောက်မိုင်ခန့်အကွာတွင် အမေရိကန်ရေတပ်စခန်း တည်ရာဖြစ်သော ပုလဲဆိပ်ကမ်း(ပါးလ်ဟာဗာ) ရှိသည်။

ဟိုနိုလူလူမြို့သည် အမေရိကတိုက်ရှိ မြို့ကြီးများနှင့်မခြား ခေတ်မီအဆောက်အအုံများ၊လမ်းမကျယ်များ၊ သပ်ရပ်သောလူနေရပ်ကွက်များဖြင့် စည်ကားသောမြို့ကြီး ဖြစ်သည်။ရေကြောင်းခရီးနှင့်လေကြောင်းခရီးဆုံရာ ဖြစ်ခြင်းကြောင့်လူအမျိုးမျိုးကိုတွေ့ရှိနိုင်သည်။အထူးသဖြင့် သဘာဝရှုခင်းသာယာ၍ ရာသီဥတုသင့်တင့်ကောင်းမွန်သော မြို့ဖြစ်ရာ နိုင်ငံအများမှဧည့်သည်များလာရောက် လည်ပတ်လေ့ရှိသည်။ ဝိုင်ကီကီကမ်းခြေသောင်ပြင်သည် ထင်ရှားသောအပန်းဖြေစခန်းဖြစ်သည်။ ထိုကမ်းခြေတွင်ရေကူးခြင်း၊ ရေလွှာပြင်လျှောစီးခြင်းစသော ရေပြင်ကစားနည်းတို့ကိုလေ့ကျင့်ကစားကြသည်။ ဧည့်သည်များ တည်းခိုရန်အတွက် ခေတ်မီဟိုတယ်ပေါင်းများစွာရှိသည်။ ဟာဝိုင်ယီကျွန်စု၏ အဓိကထွက်ကုန်များဖြစ်သော သကြားနှင့်နာနတ်သီးတို့ကိုဟိုနိုလူလူ ဆိပ်ကမ်းမှ နိုင်ငံခြားသို့ တင်ပို့ရောင်းချသည်။ မြို့တွင်း၌လည်း သကြားစက်နှင့် နာနတ်သီးစည်သွပ်စက်ရုံများရှိသည်။ ရှေးအခါက ဟာဝိုင်ယီ ကျွန်းစုကို တိုင်းရင်းသားဘုရင်တို့က အုပ်ချုပ်ခဲ့ကြသည်။ ၁၈၉၈ခုနှစ်မှစ၍အမေရိကန်ပြည်ထောင်စု၌နယ်တစ်နယ်အဖြစ် ပါဝင်ခဲ့၍ဘုရင်ခံတစ်ဦးကအုပ်ချုပ်ခဲ့ရသည်။ဟိုနိုလူလူမြို့တွင် လူဦးရေ ၂၉၄၁၉၄ ယောက်(၁၉၆ဝ)တွင်ရှိသည်။ ( ဟဝိုင်းယန်းကျွန်းစု•။)[၁]

ဓာတ်ပုံ[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)