သန်းရွှေ၊ ဦး
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |
သန်းရွှေ၊ (ဗိုလ်ချုပ်မှူးကြီး)
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (မြန်မာ၊ မွေးသက္ကရာဇ် ၁၉၃၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ) မြန်မာနိုင်ငံ၏ အုပ်ချုပ်သူဖြစ်ခဲ့သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ် ၁၉၉၂ ခုနှစ် ဧပြီ ၂၃ ရက်မှစ၍ တာဝန်ယူခဲ့ရာ ဧပြီလ (၁)ရက် ၂၀၁၁ခုနှစ်အထိ ဖြစ်သည်။
မာတိကာ |
[ပြင်ဆင်ရန်] ဘဝအစပိုင်းနှင့် အလုပ်သက်တမ်း
ဗိုလ်ချုပ်မှူး ကြီးသန်းရွှေသည် မန္တလေးတိုင်း၊ ကျောက်ဆည်တွင် မွေးဖွါးသည်။ စာတိုက်ဌာနတွင် အလုပ်စတင်ခဲ့၍ အသက် ၂ဝ တွင် တပ်မတော်ထဲသို့ ဝင်ရောက်ခဲ့ပြီး နှစ်အတန်ကြာ စိတ်ဓါတ်စစ်ဆင်ရေးဌာနတွင် တာဝန်ထမ်း ဆောင်ခဲ့သည်။ ၄င်းအချိန်တွင် အစိုးရ၏ စစ်တပ်သည် ကရင်သောင်းကျန်းသူများအား တိုက်ခိုက် နေသည့်ကာလ ဖြစ်သည်။ ၁၉၆ဝ ခုနှစ်တွင် ဗိုလ်ကြီးရာထူးသို့ တိုးမြှင့်ခြင်းခံရသည်။
ဝန်ကြီးချုပ်ဦးနုအား ဖြုတ်ချခဲ့သည့် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ရာထူးစဉ်လိုက် တိုးတက်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီး ဖြစ်ခဲ့ပြီး၊ ၁၉၇၈ ခုနှစ်တွင် ဗိုလ်မှူးကြီး ဖြစ်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် အနောက်တောင်တိုင်း တိုင်းမှူး ဖြစ်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယကာကွယ်ရေး ဝန်ကြီး ဖြစ်ခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် ဗိုလ်ချုပ်ဖြစ်ခဲ့သည်။ အာဏာရ စစ်အစိုးရ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ.ဝင်လည်း ဖြစ်သည်။
[ပြင်ဆင်ရန်] နအဖ၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရခြင်း
၁၉၈၈ ခုနှစ်က သွေးထွက်သံယိုဖြစ်ခဲ့သည့် အရေးတော်ပုံကို တုံ့ပြန်သည့်အနေနှင့် ဖွဲ.စည်းတည်ထောင်ခဲ့သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ.၏ အဖွဲ.ဝင် ၂၁ ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ထိုအခါက အုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ညာလက်ရုံး ဖြစ်ခဲ့သည်။ ၁၉၉၂ ခုနှစ် ဧပြီ ၂၃ ရက်တွင် ကျန်းမာရေးအကြောင်းပြ၍ ဗိုလ်ချုပ်မှူးကြီး စောမောင် ရုတ်တရက် အနားယူခဲ့ပြီး သူ၏နေရာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နဝတ၏ ဥက္ကဋ္ဌ၊ နိုင်ငံ့အကြီးအကဲ၊ ကာကွယ်ရေးဌာန၏ အတွင်းရေးမှူးနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် အစားထိုး နေရာယူခဲ့သည်။
[ပြင်ဆင်ရန်] ဦးဆောင်မှုပုံစံ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အစပိုင်းတွင် သူ၏ ရှေ့ကလူထက် ပိုမိုပျော့ပျောင်းသည့် သဘောကို ဆောင်ခဲ့သည်။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲကို ချေမှုန်းလိုက်ပြီးကတည်းက နေအိမ်အကျယ်ချုပ်ထား ခြင်းခံရသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကန့်သတ်ပိတ်ပင်မှုများကို လျှော့ပေးပြီး နိုင်ငံရေးအကျဉ်းသားများကိုလည်း လွှတ်ပေးခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် တိုင်းပြည်၏ တရားဝင်အင်္ဂလိပ်အမည် ‘ဘားမား’ကို မြန်မာဟု ပြောင်းလဲခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ဖွဲ.စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အသစ် ရေးဆွဲစေခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် စီးပွားရေးကို နိုင်ငံတော်က ထိန်းချုပ်မှုအချို.ကို လွှတ်ပေးခဲ့ပြီး အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) သို့ မြန်မာနိုင်ငံ ဝင်ရောက်ရေးအား လိုလားထက်သန်ခဲ့သည်။ နိုင်ငံရေး ခြစားမှုကို ကိုယ်တိုင်ကြီးကြပ်တိုက်ဖျက်ပြီး ၁၉၉၇ ခုနှစ်တွင် ဝန်ကြီးအချို.ကို အရေးယူခဲ့သည်။ ဝေဖန်ခြင်းကို လက်မခံသူဟု ရှုမြင်ကြသော်လည်း ကမ္ဘာ့ ကြက်ခြေနီအဖွဲ. (International Committee of the Red Cross) နှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ. (Amnesty International ) တို့အား မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့် ပြုခဲ့သည်။
သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် တိုင်းရင်းသားလူနည်းစုများ ဖြစ်သည့် ကရင်နှင့် ရှမ်းလူမျိုးများအား ဆက်လက်ဖိနှိပ်ခဲ့သည်။ မွတ်စလင်များအား ဖိနှိပ်ခဲ့ရာတွင် မြန်မာနိုင်ငံမြောက်ပိုင်းမှ ခန့်မှန်းခြေ လူ ၂၅ဝ,ဝဝဝ ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒုက္ခသည်အဖြစ် ပြေးဝင်ခဲ့ကြသည်။ ဖွဲ.စည်းပုံ အခြေခံဥပဒေအသစ်မှာ ၂ဝဝ၄ ခုနှစ်အထိ ကော်မီတီအဆင့်တွင်သာ ရှိနေသေးပြီး မပြီးဆုံးသေးချေ။ သတင်းလွတ်လပ်ခွင့်ကိုလည်း ချုပ်ချယ်ပြီး စစ်အစိုးရအား ဆန့်ကျင်ရေးသားသည့် စာနယ်ဇင်းသမားများအား ထိန်းသိမ်းခြင်းကိုပါ ကြီး ကြပ်ခဲ့သည်။ ၁၉၉ဝ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခဲ့သော်လည်း ၂ဝဝ၃ ခုနှစ်တွင် ပြန်လည်ချုပ်နှောင်ခဲ့သည်။ မြန်မာ့စီးပွားရေးအား တင်းကျပ်စွာ ထိန်းချုပ်ခြင်းအား လျှော့ချပေးခဲ့သော်လည်း သူ၏ စီးပွားရေးဆိုင်ရာမူများမှာ စနစ်ကျမူမရှိဟု ဝေဖန်ခံရလေ့ရှိသည်။ သူသည် ထင်ရှား ပေါ်လွင်စွာ မနေပေ။ လူများအမြင်တွင် သူသည် မှုန်ကုတ်ကုတ်နှင့် ရှေ့တန်းထွက် လေ့မရှိ၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိရေးတွင် အဓိကအတားအဆီးအဖြစ် မြင်ကြသည်။ နိုင်ငံပိုင်သတင်းစာများတွင် ရုံးပိတ်ရက်နှင့် အခါကြီး နေ့ကြီးများတွင် သဝဏ်လွှာများ ရေးပို့လေ့ရှိပြီး သတင်းဌာနများအား တိုက်ရိုက် စကား ပြောခြင်း မရှိပေ။
သူသည် ခေါင်းဆောင်ပြယုဂ်သာဖြစ်ပြီး မူဝါဒများကို ဝန်ကြီးများမှ ကိုင်တွယ်ထားသည်ဟု နှစ်ပေါင်းများစွာ ယူဆခဲ့ကြသည်။ သို့သော် မကြာမီက သတင်းများအရ သူသည် အာဏာကို စုစည်းလျက်ရှိပြီး တိုင်းပြည်ကို ကိုယ်တိုင်ထိန်းချုပ်ထားပြီဟု ဆိုကြသည်။ အနားယူရမည့် အသက် ၆ဝ ပြည့်သော်လည်း မနားဘဲ သူ၏ သက်တမ်းကို တိုးမြှင့်လိုက်သည့်အတွက် ဤရာထူးတွင် တစ်သက်လုံး နေသွားလိမ့်မည်ဟု ယူဆနေကြသည်။ ဝန်ကြီးချုပ် ခင်ညွန့်အား ဖြုတ်ချသည့်ကိစ္စတွင်လည်း ပါဝင်ခဲ့သည်ဟု ရိုးစွပ်ခြင်းခံရပြီး ထိုကိစ္စအပြီး သူ၏အာဏာမှာ ပိုမိုခိုင်မြဲလာသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်မှာ ပအို့ဝ်တိုင်းရင်းသူတစ်ဦး ဖြစ်ပြီး၊ နိုင်ငံရေးကိစ္စတွင် အဓိကဏ္ဍမှ ပါဝင်သည်။ သူသည် လာဘ်စားသည်ဟု အမည်ထွက်လျက်ရှိပြီး ၂ဝဝ၄ ခုနှစ် လူသိရှင်ကြား လာဘ်စားမှုတွင် ပါဝင်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မူဝါဒများကို ချမှတ်ရာတွင် ဗေဒင်ကိန်းခန်းများကို အသုံးချသည်ဟု နာမည်ဆိုးထွက်လျက်ရှိသည်။ ၂ဝဝ၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် ပျဉ်းမနားအနီးရှိ နေပြည်တော်သို့ ရန်ကုန်မှ ရွှေ့ပြောင်းသည့်ကိစ္စတွင် ဗေဒင်ကြောင့်ဟု ကောလာဟလများကဆိုသည်။ ဗိုလ်ချုပ်မှူးကြီး ရရှိသည့် ဗေဒင်လမ်းညွှန်ချက်အတိုင်း မြန်မာနိုင်ငံအလံကိုလည်း ပြောင်းပြီးပြီဖြစ်သည်။
[ပြင်ဆင်ရန်] ကိုးကား
|
|||||||||
|
|||||||||