သိန်းစိန်၊ ဦး (နိုင်ငံတော်သမ္မတ)
| ဦးသိန်းစိန် | |
| (၁၉၄၅- ? ) | |
| နဝမမြောက် သမ္မတ | |
| အမည်ရင်း | သိန်းစိန် |
| မွေးရက် | ၁၉၄၅-ခု၊ ဧပြီလ(၂ဝ)ရက် |
| မွေးနေ့ | သောကြာနေ့ |
| မိဘများ | ဦးမောင်ဖြိုး + ဒေါ်ခင်ညွန့် |
| မွေးရာဇာတိ | ဧရာဝတီတိုင်း ငပုတောမြို့နယ် ကြူကုန်းကျေးရွာ |
| လူမျိုး | မြန်မာ |
| ဘာသာ | ဗုဒ္ဓဘာသာ |
| ပညာရေး | စစ်တက္ကသိုလ်ဆင်း |
| အလုပ်အကိုင် | တပ်မတော်ဝန်ထမ်း |
| တည်ထောင်ခဲ့သည့် အဖွဲ့အစည်း | |
| လူသိများခြင်း | နိုင်ငံတော် ဝန်ကြီးချုပ် |
| ကြင်ဖော် | ဒေါ်ခင်ခင်ဝင်း |
| သားသမီး | သမီး(၃)ဦး |
| ကွယ်လွန်ရက် | |
| လက်မှတ် | |
| ဝက်ဘ်ဆိုက် | |
ဦးသိန်းစိန်သည် လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏ အဋ္ဌမမြောက်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသက်ဝင်ပြီးနောက် ပထမဆုံးသော နိုင်ငံတော် သမ္မတဖြစ်သည်။၂ဝဝ၇-ခုနှစ် မေလတွင် ယခင်ဝန်ကြီးချုပ် စိုးဝင်း ကျန်းမာရေး အခြေအနေ ကျဆင်းလာပြီးနောက် ဝန်ကြီးချုပ်တာဝန်များကို စတင်ထမ်းဆောင်ရပြီး အောက်တိုဘာလတွင် တရားဝင် ခန့်အပ်ခြင်းခံရသည်။ မြန်မာနိုင်ငံ၏ အမျိုးသားညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌြဖစ်သည်။ ၂၀၀၈-ခု၊ မေလ ဆိုင်ကလုံးနာဂစ် ဖြစ်ပွားပြီးသည့်နောက် အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဗဟိုကော်မီတီ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
စစ်အစိုးရ၏ လမ်းစဉ် (၇)ရပ်မှ တစ်ရပ်ဖြစ်သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို အမည်ပြောင်းလဲ ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုခေါင်းဆောင်ရန် တာဝန်ပေးအပ်ခြင်း ခံရပြီး ၂၀၁၀ ဧပြီလ မကုန်မီတွင် အခြားသော စစ်အရာရှိ ဝန်ကြီး ဒုဝန်ကြီး (၂၇) ဦးနှင့်အတူ အရပ်ဝတ် လဲလှယ်ပြီး ပါတီကို ထူထောင်ခွင့် လျှောက်ထားခဲ့သည်။ ၂၀၁၀-ပြည့်နှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီကို ကိုယ်စားပြုလျက် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ်တွင် ပါဝင်အရွေးချယ်ခံခဲ့သည်။ ၂၀၁၁ ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံခဲ့ရသည်။
ဦးသိန်းစိန်သည် လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏ အဋ္ဌမမြောက် သမ္မတဖြစ်သည်။ ၂ဝဝ၈-ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသက်ဝင်လာပြီးနောက် ပထမဆုံး ရွေးချယ်ခံရသော သမ္မတလည်း ဖြစ်သည်။ အသက်(၆၅)နှစ်အရွယ်ရှိ ဦးသိန်းစိန်သည် ၂ဝ၁၁-ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် သမ္မတအဖြစ် ရွေးချယ် ခံရပြီးနောက် ဧပြီလ (၁)ရက်နေ့တွင် သမ္မတတာဝန် ထမ်းဆောင်ရသူဖြစ်သည်။
မာတိကာ |
ငယ်ဘဝ
ဦးသိန်းစိန်ကို ၁၉၄၅-ခုနှစ်၊ ဧပြီလ(၂ဝ)ရက်နေ့တွင် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကျုံကူးရွာတွင် အဖ ဦးမောင်ဖြိုး (ကွယ်လွန်)၊ အမိ ဒေါ်ခင်ညွန့် (ကွယ်လွန်)တို့မှ မွေးဖွားခဲ့သည်။ ငယ်နာမည်မှာ မောင်သိန်းစိန် ပင်ဖြစ်သည်။
ပညာသင်ဘဝ
ငယ်စဉ်က အခြေခံပညာကို ပုသိမ်ခရိုင် ငပုတောမြို့ နယ် ကျုံကူးရွာ မူလတန်းကျောင်း၊ ချောင်း၀ရွာ အလယ်တန်းကျောင်း နှင့် ပုသိမ်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း တို့၌ ပညာသင်ကြားခဲ့သည်။ အစိုးရအထက်တန်းကျောင်း အောင်မြင်ပြီး ပြင်ဦးလွင် စစ် တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ ၁၉၆၈-ခုနှစ်တွင် စစ်တက္ကသိုလ် အပတ်စဉ်(၉)၌ ဝိဇ္ဇာဘွဲ့ အထူးပြုဖြင့် အောင်မြင်၍ စစ်သင်တန်းဆင်းခဲ့ပြီး တပ်မတော်တွင် စတင် တာဝန် ထမ်းဆောင်ခဲ့သည်။
နိုင်ငံရေးဘဝ
ကျောင်းဆင်းချိန် ၁၉၆၇ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိတွင် ရှမ်းသေနတ်ကိုင်တပ်ရင်းအမှတ်(၁)၌ ဒုဗိုလ်အဖြစ် စတင် တာဝန်ထမ်းဆောင်သည်။ ၁၉၈၂ ခုနှစ်အထိ ရမခ၊ ခမရ(၁၀၉) နှင့်ခလရ(၈၉)တို့တွင် ဗိုလ်မှူးအဆင့် ဖြင့်လည်းကောင်း၊ ၁၉၈၉ ခုနှစ် တွင် ဒုဗိုလ်မှူးကြီးအဖြစ် ခလရ(၈၉)၊ နတခနှင့် ကက(ကြည်း)တို့တွင် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၉၃ ခုနှစ်တွင် ဗိုလ်မှူးကြီး အဖြစ် ကက(ကြည်း)နှင့် စကခ(၄)၊ ၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဖြစ် စကခ(၄)နှင့်တသခ၊ ၁၉၉၇ခုနှစ်တွင် ဗိုလ်ချုပ်အဖြစ် တသခနှင့်ကကရေး၊ ၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် ကက(ကြည်း)တွင်တာဝန်ဆက်လက် ထမ်းဆောင်ခဲ့သည်။
၁၉၈၈-ခုနှစ်ဝန်းကျင်က စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ခြေလျင် တပ်ရင်းတွင် တပ်ရင်းမှူး တာဝန်ယူပြီးနောက် စစ်ရုံးသို့ပြောင်းရွေ့ကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူရသည်။ ထို့ကြောင့် ရုံးလုပ်ငန်းနှင့် အုပ်ချုပ်ရေးဘက်တွင် ကျွမ်းကျင်လာခဲ့သည်။ ၁၉၈၈-ခုနှစ်၊ တပ်မတော်မှ အာဏာသိမ်းပြီးနောက် ကကကြည်းတွင် စစ်ဦးစီး ဗိုလ်မှူးကြီးနှင့် စစ်ဆင်ရေး ကွပ်ကဲရေးမှူးတာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာန ချုပ်များ ဖွင့်လှစ်သည့်အခါ မှော်ဘီမြို့နယ်၊ ဖူးကြီး အခြေစိုက် စကခ(၄)တွင် တပ်မ မှူးဖြစ်လာခဲ့သည်။ ၁၉၉၇-ခုနှစ်တွင် တြိဂံဒေသတိုင်း၊ စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်ထားခြင်းခံရသည်။ တြိဂံဒေသတိုင်းအား တာဝန်ယူရစဉ် ဘိန်းဘုရင်များနှင့် တစ်ဖက်နိုင်ငံမှ ထိုင်းလူမျိုးများ ဆက်စပ်သည့် ကိစ္စအဝဝကို တာဝန်ယူ ဖြေရှင်းခဲ့ရ သည်။ နယ်စပ်ဒေသရှိ လူမျိုးစုလက်နက်ကိုင်အဖွဲ့ အချို့ကို အပစ်အခတ်ရပ်စဲရန် ကြိုးစား ခဲ့ရသည်။ ၁၉၉၈-ခုနှစ်တွင် ဗိုလ်မှူးချုပ်၊ ၂ဝဝ၁-ခုနှစ်တွင် ရန်ကုန်စစ်ရုံးချုပ်၌ စစ်ရေးချုပ်တာဝန်ကို ယူရသည်။ ထို့နောက် ၂ဝဝ၃- ခုနှစ်တွင် ဒုတိယ ဗိုလ်ချုပ်ကြီးရာထူးအပြင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၂) တာဝန်ယူရလေသည်။ ၂ဝဝ၄- ခုနှစ်တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဖြစ်လာသည်။
နိုင်ငံတော်ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း ကျန်းမာရေး ချို့ယွင်း လာသည့်အတွက် ၂ဝဝ၇-ခုနှစ်၊ ဧပြီလတွင် ယာယီဝန်ကြီးချုပ် ဖြစ်လာပြီး ထိုနှစ် အောက်တိုဘာလ ၂၄ ရက်တွင် တရားဝင် နိုင်ငံတော် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ၂ဝဝ၈-ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ခံ ပြည်သူများထံ သွားရောက်ခဲ့သည့် အစိုးရအရာရှိများထဲတွင် ပထမဆုံးဖြစ်သည်။ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ဖွဲ့စည်းခဲ့သည့် အမျိုးသား သဘာဝဘေး ကာကွယ်တားဆီးရေး ဗဟိုကော်မတီ၏ ဥက္ကဋ္ဌ တာဝန်ကိုလည်း ပူးတွဲထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်အဆင့် အခြား လုပ်ငန်းကိစ္စအဝ၀တွင်လည်း အစိုးရအဖွဲ့ကို ဦးစီးကွပ်ကဲခဲ့ရှိသည်။။ ၂ဝ၁ဝ-ခုနှစ်၊ ဧပြီလ(၂၄) ရက်နေ့တွင် ရွေးကောက်ပွဲဝင်ရန်အတွက် စစ်ဖက်ရာထူး ဗိုလ်ချုပ်ကြီး အဖြစ်မှ နုတ်ထွက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့လေသည်။ ထို့နောက် ၂ဝ၁ဝ-ခုနှစ်၊ နိုဝင်ဘာလ၌ ကျင်းပသည့် ရွေးကောက်ပွဲတွင် ဦးသိန်းစိန် ဦးဆောင်သည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲအများစုဖြင့် အနိုင်ရရှိပြီးနောက် သမ္မတဖြစ်လာ ခဲ့လေသည်။
ဦးသိန်းစိန်သည် စီးပွားရေး နာမည်ပျက်ကင်းပြီး နိုင်ငံတကာ အတွေ့အကြုံ လည်းရှိသူဖြစ်သည်။ ဦးသိန်းစိန်သည် စာဖတ်အားကောင်းပြီး ဆုံးဖြတ်ချက်ချရာမှာ မှန်ကန်မှု၊ မြန်ဆန်မှု ရှိသည်။ သဘောထား ပျော့ပျောင်းပြီး အားလုံးကို ချစ်ခင် ကြင်နာမှုရှိသည့် ပုဂ္ဂိုလ်ဖြစ်သည်။ ဦးသိန်းစိန်သည် မန္တလေးတိုင်း ဇဗ္ဗူသီရိမြို့နယ်မှနေ၍ ပြည်သူ့လွှတ်တော် အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။
နိုင်ငံရေး
ပြည်ထောင်စု ကြံ့ခိုင်းရေးနှင့် ဖွံဖြိုးရေးပါတီဗဟို့အဖွဲ့ ခေါင်းဆောင် အဖြစ် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် စတင်လှုပ်ရှားကာ ဝင်ရောက် ယှဉ်ပြိုင်အရွေးခံပြီး အနိုင်ရသည်။
စစ်မှုထမ်းဘဝ
စစ်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရပြီးနောက် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းဆင်းပြီး ချိန်တွင် ရှမ်းသေနတ်ကိုင်တပ်ရင်း အမှတ် ၁ မှာ ဒုဗိုလ်အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ဗိုလ်မှူးကြီးရာထူးသို့ တိုးမြှင့်ခြင်းခံရပြီး ရွှေတြိဂံ စစ်ဒေသ တိုင်းမှူးအဖြစ် ၁၉၉၇ ခုနှစ်တွင် ခန့်အပ်ခြင်းခံရသည်။ ရွှေတြိဂံ စစ်တိုင်းတွင် တာဝန်ယူစဉ် ဘိန်းဘုရင်များနှင့် တဖက်နိုင်ငံမှ ထိုင်းလူမျိုးများနှင့် ဆက်စပ်သည့် ကိစ္စအဝဝကို တာဝန်ယူဖြေရှင်းခဲ့ရသည်။
နယ်စပ်ဒေသတွင် လှုပ်ရှားလျက်ရှိသော လူမျိုးစု လက်နက်ကိုင်အဖွဲ့ အချို့ကို အပစ်အခတ်ရပ်စဲရန် ကြိုးစားခဲ့သည်။ နောက်ပိုင်းတွင် အမှတ် ၂ ဒေသ မဟာဗျူဟာမှူး (အရှေ့ပိုင်း စစ်ဒေသ) အဖြစ် ခန့်အပ်ခြင်း ခံရပြီး ၁၉၉၂ခုနှစ်တွင် ရန်ကုန်စစ်ရုံးချုပ်၌ အထွေထွေ ဦးစီးအရာရှိ အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၉၇ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ ၏ အဖွဲ့ဝင် တစ်ဦးဖြစ်လာခဲ့သည်။
၂၀၀၁ ခုနှစ်နှောင်းပိုင်းတွင် ရန်ကုန်စစ်ရုံးချုပ်၌ ဗိုလ်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရပြီး စစ်ရေးချုပ်အဖြစ်ပါ ခန့်အပ်ခြင်း ခံရသည်။ နောက် တစ်နှစ် အကြာ၌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးသို့ တိုးမြှင့်ပေးခြင်းခံခဲ့ရသည်။
ရာထူးအဆင့်ဆင့် မြင့်တက်လာခြင်း
- ၁၉၈၆ ဗိုလ်မှူးကြီး
ခုနှစ် မသိ- အရှေ့ပိုင်းတိုင်း စစ်ဒေသ၏ အမှတ် ၂ မဟာဗျူဟာ စစ်ဒေသမှူး
- ၁၉၉၂- အထွေထွေ စစ်ဦးစီးအရာရှိ ရန်ကုန်စစ်ရုံးချုပ်
- ၁၉၉၇- ရွှေတြိဂံစစ်တိုင်းမှူး -ဗိုလ်မှူးချုပ်
- ၂၀၀၁- စစ်ရေးချုပ်- ရန်ကုန်စစ်ရုံးချုပ်
- ၂၀၀၂- ဒုတိယ ဗိုလ်ချုပ်ကြီး
- ၂၀၀၃- နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေးမှူး ၂
- ၂၀၀၄- နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေးမှူး ၁
- ၂၀၀၇- နိုင်ငံတော်ဝန်ကြီးချုပ်
- ၂၀၀၇- ဗိုလ်ချုပ်ကြီး
- ၂၀၁၀- ဧပြီလ ၂၄ ရက်နေ့ တွင် တပ်မတော်မှ အငြိမ်းစားယူပြီး အရပ်သားဖြစ်လာ
- ၂၀၁၀- ဧပြီ လ၂၈ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်အဖြစ် ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီထူထောင်ခွင့်လျှောက်ထား
- ၂၀၁၁-ဖေဖေါ်ဝါရီလ ၄ ရက်တွင် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်
အသက် (၆၅)ဝန်းကျင်ရှိပြီး ဇနီးသည် အမည်မှာ ဒေါ်ခင်ခင်ဝင်းဖြစ်သည်။ ရင်သွေး (၃) ဦး ထွန်းကားသည်။ နေပြည်တော်တွင် နေထိုင်သည်။[၁]
နိုင်ငံတကာ ဆက်ဆံရေး
ဝန်ကြီးချုပ်ဖြစ်ပြီးနောက် နိုင်ငံတကာ ချစ်ကြည်ရေး ခရီးစဉ်များအဖြစ် တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ ထိုင်း စသည့် အိမ်နီးချင်း နိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့ပြီး၊ နှစ်နိုင်ငံဆက်ဆံရေး ဆောင်ရွက်ခဲ့သည်။ ထိုအပြင် အာဆီယံ အစည်းအဝေးများ၊ တောင်အာရှ နိုင်ငံများ၊ တရုတ် ၊ ဂျပန်နှင့် အမေရိကန် နိုင်ငံများသို့ သွားရောက်ခဲ့သည်။
၂ဝဝ၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံ ပြည်သူများထံ သွားရောက်ခဲ့သည့် အစိုးရ အရာရှိများထဲတွင် ပထမဆုံး ဖြစ်သည်။
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ဖွဲ့စည်းခဲ့သည့် အမျိုးသား သဘာဝဘေး ကာကွယ်တားဆီးရေး ဗဟိုကော်မတီ၏ ဥက္ကဋ္ဌတာဝန်ကိုလည်း ပူးတွဲထမ်းဆောင်ခဲ့သည်။
၂၀၀၉ ခုနှစ် မတ်လအတွင်း သွားရောက်ခဲ့သော စင်ကာပူနိုင်ငံ ခရီးစဉ်တွင် စင်ကာပူနိုင်ငံက သစ်ခွတမျိုးကို ဒမ်ဒရိုဗီယမ်သိန်းစိန် ဟု အမည်ပေး ဂုဏ်ပြုခြင်းခံရသည်။
၂ဝ၁ဝ ခုနှစ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌအနေဖြင့် ဦးဆောင်ကာ ပါတီအသွင်ပြောင်းပြီး ရွေးကောက်ပွဲ ဝင်ခဲ့သည်။ ကိုယ်တိုင်လည်း မန္တလေးတိုင်း ဇဗ္ဗူသီရိမြို့နယ်မှနေ၍ ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။
ရွေးကောက်ပွဲတွင် ဦးသိန်းစိန်ခေါင်းဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ အမျိုးသား လွှတ်တော်တွင် ၅၇ ရာခိုင်နှုန်းနှင့် ပြည်သူ့လွှတ်တော်တွင် ၅၉ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည်။
၁၉၈၈- ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ရရှိခဲ့သည်။ ၂၀၁၁- ခုနှစ်၊ အောက်တိုဘာလ(၁၂) ရက်တွင် နိုင်ငံတော်သမ္မတနှင့်ဇနီးဒေါ်ခင်ခင်ဝင်းသည် အိန္ဒိယသမ္မတ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာခဲ့သည်။
ဂုဏ်ပြုချီးကျူးခံရခြင်း
- ၁၉၈၈ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ကို ရရှိခဲ့သည်။
- ၂ဝဝ၉-ခုနှစ်၊ မတ်လအတွင်း သွားရောက်ခဲ့သော စင်္ကာပူနိုင်ငံ ခရီးစဉ်တွင် စင်္ကာပူနိုင်ငံမှ သစ်ခွတစ်မျိုးကို ဒမ်ဒရိုဗီယမ်သိန်းစိန်ဟု အမည်ပေး ဂုဏ်ပြုခြင်း ခံရသည်။
- ၂၀၁၁-ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်တွင် အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဘွဲ့ရရှိသည်။
ပြည်ပခရီးများ
ဝန်ကြီးချုပ်ဖြစ်ပြီးနောက် နိုင်ငံတကာ ချစ်ကြည်ရေးခရီးစဉ်များ အဖြစ် တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ ထိုင်းစသည့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ဆောင်ရွက်ခဲ့သည်။ ထို့အပြင် အာဆီယံ အစည်းအဝေးများ၊ တောင်အာရှ နိုင်ငံများ၊ တရုတ်၊ ဂျပန်နှင့် အမေရိကန် နိုင်ငံများသို့ သွားရောက်ခဲ့သည်။ နိုင်ငံတကာ အစည်းအဝေးများသို့ မြန်မာအစိုးရ ကိုယ်စားပြုအဖြစ် တက်ရောက်ခဲ့သည်။
မိသားစု
ဦးသိန်းစိန်၏ ဇနီးသည်မှာ ဒေါ်ခင်ခင်ဝင်းဖြစ်ပြီး သမီး သုံးဦး ထွန်းကားခဲ့သည်။ ယခုအခါ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်တွင် နေထိုင်လျှက် ရှိသည်။ သမ္မတ ဦးသိန်းစိန်ဟာ၂၀၁၂-ခု၊ ဇန်နဝါရီလ၊ ၃၁-နေ့တွင် စင်္ကာပူနိုင်ငံMt. Elizabeth ဆေးရုံမှာ ကျန်းမာရေး စစ်ဆေးမှု ခံယူခဲ့သည်။ ဦးသိန်းစိန်မှာ နှလုံးရောဂါရှိပြီး ၂၀၀၄ ခုနှစ်ကစလို့ နှလုံးခုန်စက် တပ်ဆင် ထားရသည်ဟု ဆိုပါသည်။
ကိုးကား
- ↑ Alternative ASEAN Network on Burma Website
|
|||||||||