မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်

ဝီကီပီးဒီးယား မှ
မြောက်ပိုင်းတိုင်းစစ်ဌာချုပ်
မပခ
မြောက်ပိုင်းတိုင်းစစ်ဌာချုပ်တံဆိပ်
နိုင်ငံ မြန်မာ
တပ်မတော်
အမျိုးအစား
 တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
တိုင်းစစ်ဌာနချုပ်
အခန်းကဏ္ဍနယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း
အမည်ပြောင်မြှား
အုပ်ချုပ်သူများ
တိုင်းမှူးဗိုလ်မှူးချုပ်အောင်ဇော်ထွေး
ဒုတိယတိုင်းမှူးဗိုလ်မှူးကြီး ရာဇာထွန်း
အဆောင်အယောင်များ
အလံတော်

မြောက်ပိုင်းတိုင်းတိုင်းစစ်ဌာနချုပ် (အတိုကောက် မပခ)သည် မြစ်ကြီးနားမြို့တွင် အခြေစိုက်သည့် တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ ကချင်ပြည်နယ်နှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် အောင်ဇော်ထွေး ဖြစ်သည်။

သမိုင်း[ပြင်ဆင်ရန်]

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်တွင် မြန်မာနိုင်ငံ၌ တောင်နှင့်မြောက်ဟူ၍ တပ်မတော်စစ်တိုင်း (၂)ခုသာရှိသေးသည်။ မြောက်ပိုင်းတိုင်းမှူးမှာ ဗိုလ်မှူးချုပ်နေဝင်းဖြစ်သည်။ ထို့နောက် ၁၉၄၈ခုနှစ်ဩဂုတ်လတွင် ဗိုလ်မှူးချုပ်နေဝင်းမှာ ဒုစစ်သေနာပတိဖြစ်သွားပြီး ဗိုလ်မှူးချုပ်လဇွန်တန်မှ မြောက်ပိုင်းတိုင်းမှူးဖြစ်လာသည်။ ရောင်စုံသူပုန်များ ထကြွချိန်တွင် ဒုဗိုလ်ချုပ်ကြီးနေဝင်းမှာ စစ်ဦးစီးချုပ်ဖြစ်သွားပြီး ဗိုလ်မှူးချုပ် အေဒီဘလိတ်က မြောက်ပိုင်းတိုင်းမှူးဖြစ်လာခဲ့သည်။

၁၉၅၃ ကူမင်တန်ကျူးကျော်မှုတွင် တောင်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဇောအား မြောက်ပိုင်းသို့ ပြောင်းရွှေ့ခန့်ထားကာ တိုက်ခိုက်စေခဲ့သည်။၁၉၅၆တွင် ဗိုလ်မှူးချုပ်ကျော်ဇောအား ဗကပနင့် ဆက်သွယ်သည်ဟုဆိုကာ အနားပေးခဲ့သည်။[၁]၎င်း၏နေရာအား ဗိုလ်မှူးချုပ်အောင်ရွှေကို ခန့်ထားခဲ့သည်။၁၉၅၉ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် ဗိုလ်မှူးချုပ်အောင်ရွှေမှာ တောင်ပိုင်းသို့ ရောက်သွားပြီး မြောက်ပိုင်းတိုင်းမှူးမှာ ဗိုလ်မှူးချုပ်စန်းယုဖြစ်သည်။၁၉၆၀ရွေးကောက်ပွဲအပြီး အာဏာပြန်လွှဲပြီးချိန်ဖြစ်သော ၁၉၆၁ခုနှစ်တွင် တပ်မတော်ကို အင်အားတိုးချဲ့သည့်အနေဖြင့် တောင်နှင့်မြောက် စစ်တိုင်း(၂)ခုအား နမခလပခရတခနတခနှင့် ရပခဟူ၍ စစ်တိုင်း(၅)ခုသို့ တိုးချဲ့ဖွဲ့စည်းခဲ့သည်။ တော်လှန်ရေးကောင်စီလက်ထက် ၁၉၇၂ခုနှစ်တွင် တပ်မတော်စစ်တိုင်း (၅)ခုအား (၉)ခုသို့ ထပ်မံတိုးချဲ့ခဲ့ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထိုအချိန်က တိုင်းမှူးမှာ ဗိုလ်မှူးကြီးထွန်းတင်ဖြစ်သည်။[၂][၃]

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း) နှင့် အခြေချ စစ်ဗျူဟာအဖွဲ့များ၊ လှုပ်ရှား စစ်ဗျူဟာအဖွဲ့များနှင့် ၎င်းတို့ ကွပ်ကဲအောက်ရှိ ခြေလျင်/ခြေမြန်တပ်ရင်း (၁၆)ရင်း ပါဝင်သည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံး[ပြင်ဆင်ရန်]

  1. တိုင်းမှူးရုံး
  2. ဒုတိုင်းမှူးရုံး
  3. တိုင်းဦးစီး(ဗိုလ်မှူးချုပ်) ရုံး
    1. စစ်ဦးစီးမှူး(ဗိုလ်မှူးကြီး) ရုံး
      1. စစ်ဦးစီးမှူး(ပထမတန်း) ရုံး
        1. စစ်ဆင်ရေးဌာနခွဲ
        2. တာဝန် နှင့် လေ့ကျင့်ရေးဌာနခွဲ
      2. စစ်ဦးစီးမှူး(ပထမတန်း) (စစ်ဘက်ရေးရာလုံခြုံရေးဌာနခွဲ) ရုံး
      3. စစ်ဦးစီးမှူး(ပထမတန်း) (ပြည်သူ့စစ်ဌာနခွဲ) ရုံး
    2. ဦးစီးအရာရှိ(ဗိုလ်မှူးကြီး) (စစ်ရေးဌာန) ရုံး
      1. ဦးစီးအရာရှိ(ပထမတန်း) (ငွေစာရင်းဌာနခွဲ) ရုံး
      2. ဦးစီးအရာရှိ(ပထမတန်း) (မှတ်တမ်းဌာနခွဲ) ရုံး
    3. ဦးစီးအရာရှိ(ဗိုလ်မှူးကြီး) (စစ်ထောက်ဌာန) ရုံး
      1. ဦးစီးအရာရှိ(ပထမတန်း) (ဖြည့်တင်းရေးနှင့် ထိန်းသိမ်းရေးဌာနခွဲ) ရုံး
      2. ဦးစီးအရာရှိ(ပထမတန်း) (ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးဌာနခွဲ) ရုံး
  4. စခန်းရုံး

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)[ပြင်ဆင်ရန်]

  1. ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရုံး
  2. ကွပ်ကဲမှုအောက် ခြေလျင်/ခြေမြန်တပ်ရင်းများ

အခြေချ စစ်ဗျူဟာအဖွဲ့များ[ပြင်ဆင်ရန်]

  1. အခြေချ စစ်ဗျူဟာအဖွဲ့ရုံး
  2. ကွပ်ကဲမှုအောက် ခြေလျင်/ခြေမြန်တပ်ရင်းများ

လှုပ်ရှား စစ်ဗျူဟာအဖွဲ့များ[ပြင်ဆင်ရန်]

  1. လက်အောက်ခံ ခြေလျင်/ခြေမြန်တပ်ရင်းများ

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ[ပြင်ဆင်ရန်]

မပခ နယ်မြေအတွင်း၌ အောက်ပါ စစ်ဆင်ရေးကွပ်ကဲမှုဌာချုပ်များ အခြေစိုက်တည်ရှိသည် -

  1. အမှတ်(၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
  2. အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ[ပြင်ဆင်ရန်]


ကိုးကား[ပြင်ဆင်ရန်]

  1. Freedom, Peace & Justice: ဗိုလ်မှူးချုပ် ကျော်ဇော ၉၀ ပြည့်ပြီ၊ တပ်မတော်သားများကို ပြည်သူ့ဘက် ရပ်တည်ရန် မွေးနေ့တွင် တိုက်တွန်း
  2. "ဗိုလ်ချုပ်မှူးကြီးစောမောင်ကို နဝတဥက္ကဋ္ဌရာထူးကနေ ဖယ်ရှားခဲ့စဉ်က"။ 
  3. ကိုဝင်း(အမရပူရ)။ အကွဲအပြဲနှင့် မသဲမကွဲမြန်မာပြည်
  4. "ဒုတိယ ဗိုလ်ချုပ်ကြီး ၆ ဦး တပ်မတော် အရန်အင်အားသို့ ပြောင်းရွှေ့ ခံရ"။ 
  5. "၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင်တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား/ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ပေးအပ်"။ 
  6. "စစ်တိုင်းမှူး ၅ ဦးကို နေရာပြောင်းရွှေ့"။ 
  7. မြောက်ပိုင်းတိုင်း တိုင်းမှူးအပါအဝင် တိုင်းမှူးတချို့ အပြောင်းအလဲဖြစ်BBC Burmese (၂၂ ဇူလိုင် ၂၀၂၃)။ ၂၂ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. မြောက်ပိုင်းတိုင်းမှူးကို အနားပေးပြီး လူစားထိုးခန့်အပ်VOA Burmese (၂၂ ဇူလိုင် ၂၀၂၃)။ ၂၂ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။

နောက်ထပ်ကြည့်ရန်[ပြင်ဆင်ရန်]