ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း
Wikipedia မှ
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းသည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထူထောင်ခဲ့သည့် အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။ ဗဟိုဌာနချုပ်မှာ နေပြည်တော်တွင် တည်ရှိပြီး ဗဟိုအသင်း ၁ သင်း၊ ပြည်နယ်နှင့်တိုင်း အသင်းများ ၁၇ သင်း၊ ခရိုင်အသင်းများ ၆၆ သင်း၊ မြို့နယ်အသင်းများ ၃၂၀ သင်းပါဝင်ကာ ၂၀၀၇ ခုနှစ် ဧပြီလတွင် ကောက်ယူထားသည့် စာရင်းအရ အသင်းဝင် ၂၄ သန်းခန့်ရှိသည်။
၂၀၁၀ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းကာ ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။ ယင်းပါတီ၏ အထွေထွေ အတွင်းရေးမှူးမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ဌေးဦးဖြစ်သည်။
မာတိကာ |
[ပြင်ဆင်ရန်] အသင်း၏ တံဆိပ်
- အစိမ်းခံစတုဂံ (အလျား ၂လက်မ၊ အနံ ၃လက်မ) တွင် အနီခံဒိုင်းပါရှိပြီး ဒိုင်း၏ ဘေးပတ်လည်၌ ရွှေဝါရောင် သပြေရွက်များ ပါရှိသည်။
- ဒိုင်းအတွင်း၌ ခြင်္သေ့ထိုင်နေပုံကို မြန်မာ့ရိုးရာကောက်ကြောင်းဖြင့် ရေးထိုးထားပါသည်။
- ဒိုင်းပုံ၏ ထိပ်တည့်တည့်တွင် အဖြူရောင် ကြယ်တစ်လုံးပါရှိသည်။
- ဒိုင်းပုံ၏အောက်ဘက် အနီရောင်ထဲတွင် အသင်း၏ ဆောင်ပုဒ်ဖြစ်သော (စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး) ကို အဖြူရောင်ဖြင့် ရေးသားထားပါသည်။
[ပြင်ဆင်ရန်] အသင်းအလံ
- အလံ၏ အရွယ်အစားမှာ အလျား ၁၀ပေ အနံ ၆ပေရှိသော အစိမ်းရောင်တွင် လက်ဝဲဘက် အပေါ်ထောင့်၌ အနီရောင် အခန်းရှိသည်။ ထိုအခန်း၏ အရွယ်မှာ အလျား ၄ပေ၊ အနံ ၃ပေဖြစ်သည်။
- ထိုအနီရောင်အခန်း၏ အလယ်တည့်တည့်တွင် အမြင့် ၁ပေ၊ ၈လက်မရှိသော ငါးထောင့်ကြယ်ဖြူတစ်လုံးရှိသည်။ အစိမ်းရောင်၏ သဘောမှာ အေးချမ်းသာယာခြင်းဖြစ်သည်။
- အနီရောင်၏ သဘောမှာ ရဲစွမ်းသတ္တိ ရှိခြင်းဖြစ်သည်။
- ကြယ်ဖြူတစ်လုံး၏ သဘောမှာ တစ်လုံးတစ်စည်းတည်းရှိသော ပြည်ထောင်စုနိုင်ငံတော်ဖြစ်ခြင်း၊ ကြယ်တို့၏ ဂုဏ်ထူးဝိသေသဖြစ်သော ကိုယ်ပိုင်အလင်းရှိခြင်း၊ မိမိခရီးလမ်းကို ဖြောင့်တန်းစွာ သွားလေ့ရှိခြင်းတို့ ဖြစ်ပါသည်။
[ပြင်ဆင်ရန်] အသင်း၏ဆောင်ပုဒ်
- စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး
[ပြင်ဆင်ရန်] ကိုးကား
|
||||||||||||||||||||||||||||||||
