ဘူးသီးကြော်

ဝီကီပီးဒီးယား မှ

ဘူးသီးကြော် ဆိုသည်မှာ ဘူးသီးကို အ​ချောင်းလိုက်​လေးများလှီးပြီး ဆန်မုန့်နှစ်လူးကာ ​ကြော်ထား​သော သ​ရေစာမုန့်ဖြစ်သည်။ အချဉ်ရည်၊ ဆလတ်ရွက် တို့ဖြင့်လည်း တွဲဖက်သုံး​ဆောင်ကြသည်။

ဘူးသီးကြော်

မြန်မာ့ရိုးရာအစာအစာဖြစ်​သော မုန့်ဟင်းခါးတွင် ထည့်ပြီးစား​သောက်​လေ့ရှိ​သော ပင်တိုင်အ​ကြော်တခုဖြစ်သည်။

အဓိကအားဖြင့် ဘူးသီးကြော်သည့်ပုံစံ နှစ်မျိုးရှိပါသည်။ ပထမ တစ်မျိုးမှာ တစ်မိုက် ခန့်ရှိ့ ဘူးသီးချောင်း တစ်ချောင်းတည်းကို မုန့်နှစ် လိမ်းပြီး ကြော်သည့်နည်းဖြစ်သည်။ ဒုတိယ နည်းမှာ မုန့်နှစ်တွင် စိမ်ထားသည့် ပိုမိုသေးငယ်သည့် ဗူးသီးအချောင်းသေး ၄ ခု ၅ ခု ခန့်ကို စု၍ အပြားပုံစံ ပြုလုပ်ပြီး ကြော်သည့် နည်းဖြစ်သည်။

ဘူးသီးချောင်း တစ်ချောင်းတည်းကြော်သည့် မုန့်ကို အညာ မြေလတ် စသည့် အချို့ဒေသများတွင် ဘူးသီးပေါက်ချောင်းကြော် ခေါ်ကြသည်။ ဆိုရှယ်လစ်ခေတ်မှာ မိထ္ထီလာမြို့ ပေါက်ချောင်းဈေးရှေ့က နာမည်ကြီး ပေါက်ချောင်းအကြော်ဆိုင်က ကြော်နည်းကို အစွဲပြုပြီး ခေါ်ကြတာပါ။[၁] မုံရွာဘက်မှာ ဖြူးကြော် လို့လည်းခေါ်ပါတယ်။ အချောင်းငယ်များ စုပြီး ကြော်ထားသည့် မုန့်ကို ဘူးသီးငါးပေါင်းကြော် ဟုခေါ်ကြသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ပေါက်ချောင်းကြော်
  2. ဘူးသီးငါးပေါင်းကြော်