ချပါတီ

ဝီကီပီးဒီးယား မှ
ချပါတီ (ခ) ရိုတီ

ချပါတီ သို့မဟုတ် ရိုတီ သည် ဟိန္ဒူစတန် အရပ်မှ နေသူတို့၏ အစားအစာဖြစ်ပြီး ပေါင်မုန့်ပြားလို့လည်းခေါ်၏။

ပါဝင် ပစ္စည်းများ[ပြင်ဆင်ရန်]

ပြုလုပ်ခြင်း[ပြင်ဆင်ရန်]

ဂျုံကြမ်းမှုန့်၊ ဆား၊ ဒိန်ချဉ်တို့ကို သမအောင် ရောပြီး ရေကို နည်းနည်းချင်းစီထည့်ကာ သမအောင် နယ်ပေးပါ။ ဂျုံနယ်သည့်အခါ ရေမများအောင် သတိထားပြီး ရေကို နည်းနည်းချင်း ဖျန်းဖျန်းပြီး နယ်ပေးပါ။ ဂျုံမှုန့်လုံးလေးတွေလို မြင်နေရမယ်ဆိုလျှင် နယ်တာ လိုသေးသည်၊ ရေနည်းနည်းဖျန်းပြီး အားလုံး သမ အောင် နယ်ပေးပါ။ ဂျုံက အနယ်နာလေ မုန့်သားကောင်းလေ ဖြစ်၍ ခပ်နာနာ နယ်ပေးနိုင်လေ မုန့်သားပိုပြီး ညက်ညက်အိအိလေး စားရမှာ ဖြစ်သည်။

နယ်ပြီးသားဂျုံကို ပိတ်ပါးစလေး ရေဆွတ် အုပ်ပေးထားပြီး နာရီဝက်မှ တစ်နာရီ ၂ နာရီ အကြာထိ နှပ်ထားပေးပါ။ နှပ်ပေးထားခြင်းဖြင့် မုန့်သားကို ပိုမိုနူးညံ့ကောင်းမွန်စေသည်။

ပြီးနောက် ဂျုံသားတွေကို ယူပြီး ဂေါက်သီးလုံးအရွယ် အလုံးလေးများ လုံးပါ။ ထိုဂျုံလေးများ အပေါ် ဂျုံမှုန့်လေးများ ဖြူးပေးပါ။ ဂျုံမှုန့်လေးတွေ ဖြူးပေးထားလျှင် မုန့်သားများ လေသလပ်ပြီး ခြောက်သွားမှာ မစိုးရတော့ပါ။

ပြီးနောက် ဂျုံလုံးလေးတွေကို တစ်လုံးချင်းစီယူပြီး ဒလိမ့်တုံးလေးနှင့် ဂျုံကိုပြားအောင် လှိမ့်ပေးပါ။ ဂျုံပြားရအောင် လှိမ့်သည့်အခါ အောက်ခံပြားတွင် ဂျုံများ ကပ်မနေရအောင် ဆီနည်းနည်းသုပ်ပေးပါ။ ဒလိမ့်တုံးမရှိရင် ပုလင်းကို အသုံးပြုပြီး လှိမ့်လို့ရသည်။ ချပါတီတစ်ခု၏ အရွယ်အစားကတော့ လက်ဖက်ရည်အချို အောက်ခံပန်းကန်ပြားအရွယ်လောက်ရှိသည်။

ဂျုံလုံးလေးကနေ ဂျုံပြားလေးတွေအဖြစ်ကို ရောက်လာပြီဆိုလျှင် ဒယ်ပြားဝိုင်းမှာ ဆီ/ထောပတ် (နှစ်သက်ရာကို အသုံးပြုနိုင်သည်။) အနည်းငယ် သုတ်ပြီး မီးဖိုပေါ်မှာ မီးအသင့်အတင့်ထားကာ ဒယ်ပြားဝိုင်းကို တင်ပေးပါ။ ဒယ်ပြားပူလာပြီဆိုလျှင် ဒယ်အိုးထဲ ဂျုံပြားလေးများ အသာထည့်ပေးပါ။ (မုန့်ကို အိုးကင်းပူတိုက်တဲ့သဘောဖြစ်သည်) မုန့်သားအရောင်ပြောင်းလာပြီဆိုလျှင် မုန့်ကလော်တံလေးနဲ့ တစ်ဘက်ကိုလှန်ပေးလိုက်ပါ။ ၁ မိနစ်မျှ အကြာဆိုလျှင် ကျက်ပြီဖြစ်သည့် ချပါတီကို ရရှိပါပြီ။ သို့မဟုတ် မီးတောက်ထဲတွင် ညှပ်တံဖြင့် မီးကင်းတဖက်တချက် လှန်ကာ ကင်ပေးပါ။ မုန့်အတွင်းပိုင်းမှ လေများအပူကြောင့် ပိုကျယ်ပြန့်လာပြီး မုန့်ဖေါင်းဖွလာမည် ဖြစ်၏။ [၁]