ပြာထုပ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ပြာထုတ်သည် ကောက်ညှင်းဆန်ကို ဝါးရွက်အတွင်း ထည့်သွင်းကာ ပေါင်းအိုးတွင် ပေါင်းထားသည် စားစရာတစ်ခုဖြစ်သည်။ ဝါးပိုးဝါးရွက်သည် ပြာထုပ် ထုပ်ရန်အသင့်တော်ဆုံးဖြစ်သည်။ ဝါးပိုးပင်မှ ခူးယူရရှိသည့် ဝါးရွက်အကြီးများကို ပြောင်စင်အောင် သုတ်၍သော်လည်းကောင်း၊ ဆေးကြော၍သော်လည်းကောင်း သန့်စင်ရသည်။ ဝါးရွက်များ ကွဲမသွားအောင် သတိပြုရသည်။ ထို့နောက်ကောက်ညှင်းကိုထည့်၍ ပေါင်းအိုးတွင် နာရီဝက်ခန့် ပေါင်းရသည်။ ထို့နောက် အုန်းသီးအနေတော်တစ်လုံးကို ခွဲ၍အတွင်းရှိ အသားများကို ခြစ်ယူရပြီးလျှင် ပေါင်း၍ရရှိလာသော ပြာထုပ်နှင့် တွဲ၍စားရသည်။ အမွှေးအကြိုင်အဖြင့် နှမ်းကို ဆားအနေတော် ရောကာ ထောင်းထားသည့် နှမ်းထောင်းနှင့် တွဲဖက်စားသုံးနိုင်သည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် ပြာထုတ်ကို တွေ့ရသည်။ အချို့ဒေသများတွင် ပြာရည်ထုတ်ဟု ခေါ်ကြသည်။

ကိုးကား [ပြင်​ဆင်​ရန်​]

  • αJp
Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။