ခေါပုပ်

ဝီကီပီးဒီးယား မှ

ခေါပုပ်သည် ကောက်ညှင်းပေါင်း သို့မဟုတ် ငချိပ်ပေါင်းအား ထောင်း၍ ပြုလုပ်ထားသော ရှမ်းလူမျိုးတို့၏ မုန့်တစ်မျိုးဖြစ်သည်။ ပြုလုပ်ပြီးခါစ ပူပူနွေးနွေး ခေါပုပ်ကို ဆားအနည်းငယ်ပါသော နှမ်းလုံးမှုန့်ဖြူး၍ စားလေ့ရှိသည်။ အေးသွားသော ခေါပုပ်ကိုမူ ကင်၍သော်လည်းကောင်း၊ ကြော်၍သော်လည်းကောင်း စားလေ့ရှိသည်။ အချိုကြိုက်သူများမှာမူ ထန်းလျက်ခဲ သို့မဟုတ် ကြံသကာခဲနှင့် တွဲဖက်၍ စားသုံးကြသည်။

နှမ်းနှင့် ကြံသကာကို ဌာပနာအဖြစ်ထည့်ကာ လက်တထွာခန့် အဝိုင်းသဏ္ဌာန် ခေါပုပ်မျိုးလည်း ရှိသေးသည်။ ခေါပျဉ်လည်းရှု