မုန့်လက်ကောက်

ဝီကီပီးဒီးယား မှ

မုန့်လက်ကောက်ကြော်သည် ကောက်ညှင်းမှုန့်ဖြင့် ပြုလုပ်ထားသည့် မြန်မာအစားအစာ တစ်မျိုး ဖြစ်သည်။

ပါဝင်သောပစ္စည်းများ[ပြင်ဆင်ရန်]

  • ကောက်ညှင်းမှုန့် – ၁၆၀ဂရမ်
  • ဆန်မှုန့် – ၄၀ ဂရမ်
  • ဆိုဒါ – လက်ဖက်ရည်ဇွန်း တဝက်
  • ဆား – လက်ဖက်ရည်ဇွန်း သုံးပုံ ၁ပုံ
  • ထန်းညက်(မုန့်လုပ်ထန်းညက် အမဲ) – ၆ခု
  • ကုလားပဲ – စားပွဲတင်ဇွန်း ၁ဇွန်း (ပြုတ်ပေးပြီး ပြန်ထောင်းပေးပါ)

မုန့်လက်ကောက်ကြော် ပြုလုပ်နည်း[ပြင်ဆင်ရန်]

  • ကောက်ညှင်းမှုန့် နှင့် ဆန်မှုန့်ကို ခွက်တစ်ခုထဲထည့်၍ ရောမွှေလိုက်ပါ။
  • ပြီးမှ ဆိုဒါ၊ ဆား၊ ကုလားပဲ၊ ရေတစ်ခွက်ခန့်ကို နည်းနည်းခြင်းဆီ ထည့်ပေးပြီး မပျော့မမာ အနေထားထိ ရောက်အောင် သမအောင် နယ်ပေးပါ။
  • မုန့်စေးလာလျှင် အရှည်အတုံးလေးများကို လက်ဖြင့်လိမ့်ပြီး အရှည်လိုက်အကွင်းကလေးများ ပြုလုပ်ပါ။
  • ပြီးလျှင် ဒယ်အိုးထဲ ဆီများများထည့်ပြီး ဆီတော်တော်ပူလာလျှင် အကွင်းလေးများကို အညှိရောင် သန်းလာသည်အထိ မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။
  • မုန့်ကွင်းများ ကျက်လျှင် ဒယ်ထဲမှ ပြန်ဆယ်ယူထားပါ။
  • မုန့်ကွင်းကြော်နေစဉ်အတွင်း ဒယ်အိုးတစ်ခုထဲ ရေတစ်ခွက်ခန့်ထည့်ပြီး ထန်းလျက်များကို ထည့်ကျိုပေးပါ။
  • ထန်းလျက်ကျိုသည့်ထဲသို့ ဆား(လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ) ထည့်မွှေပေးပြီး ထန်းလျက်ရည် စေးကပ်အောင်သည်အထိ ကျိုပေးပါ။
  • ပြီးလျှင် ကြော်ထားသော မုန့်လက်ကောက်ကြော် နှင့် ထန်းလျက်ရည်ဖြင့် တွဲဖက် နေ့လယ်စာ အစာပြေအဖြစ်စားသုံးနိုင်ပါပြီး.
  • မှတ်ချက်။ မုန့်လက်ကောက်ကို ထန်းလျက်ရည်စိမ်ပြီး စားချင်လျှင် မုန့်လက်ကောက်ကြော်ကို ကြွပ်အောင်ပိုကြော်ပါ။ ပြီးမှ ထန်းလျက်ရည် အေးလာလျှင် မုန့်ကို အတန်ကြာစိမ်ထားပြီး စားသုံးနိုင်သည်။