ထန်းရည်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကန်ဂိုနိုင်ငံတွင် ထန်းရည်ကို စုဆောင်း၊ အချဉ်ဖောက်၊ သိမ်းဆည်းကြသည်။

ထန်းရည် (Palm wine) သည် ထန်းပင်မှ ထွက်ရှိလာသော အရည်ဖြစ်ပြီး သောက်သုံးနိုင်သည်။ ၎င်းအရည်ကို သောက်သုံးလျှင် ဆေးဘက်ဝင်သကဲ့သို့ လူကို မူးဝေစေတတ်သည်။ ထန်းပင်ပေါက်သော မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂါနာနိုင်ငံနှင့် အာဖရိကဒေသတွင် အများဆုံး တွေ့ရသည်။ အဓိကအားဖြင့် မြန်မာနိုင်ငံရှိ မန္တလေးတိုင်းဒေသကြီးတွင် အများဆုံးတွေ့ရသည်။ ထန်းရည်ကို သောက်သုံးရန်၊ ထန်းလျှက်၊ သကာပြုလုပ်ရန်အတွက် စီးပွားဖြစ်စိုက်ပျိုးကြသည်။ ထန်း ရည်၌ အချိုအခါးဟူ၍ ၂ မျိုးရှိသည်။ ထန်းရည်အချိုကို သောက်လျှင် သကြားရည်ကဲ့သို့ချို၏။ သို့သော် ရင်ခံတတ် သည်။ အခါးရည်ကိုသောက်လျှင် အရသာခါး၍ အရက်ကဲ့သို့ မူးယစ်စေသည်။ အချိုရည်သည် ကဇော်မပေါက်မီ ဆက်ကရင်း သကြားပါသော အရည်တစ်မျိုးပင်ဖြစ်၏။ ယင်းကို နေမွန်း တည့်ကျော်သည်အထိထားလျှင် အခါးရည်ဖြစ်သွားသည်။ လတ် ဆတ်သော အချိုရည်ကိုသောက်လျှင် ဝမ်းပျော့စေသည်။ ထန်းရည်ခံယူပုံမှာ ဤသို့ဖြစ်၏။ ဦးစွာ၌ အဖိုပွင့် သို့မ ဟုတ် အမပွင့်ပွင့်သော ထန်းနို့ကို ထုချေပစ်ရ၏။ ထိုနောက် ထိပ်ဖျားကို ဓားဖြင့်လှီးဖြတ်ရ၏။ ဤကဲ့သို့ နေ့စဉ်လှီးပေး ခြင်းဖြင့် ထန်းနို့မှ ထန်းရည်များလိုက်လာသည်။ ထန်းရည်ကို မြေအိုး သို့မဟုတ် ဝါးကျည်တောက်ဖြင့် ခံယူကြသည်။ ထန်းရည်မှ ထန်းလျက်ကို ချက်ယူကြသည်။ ထန်းဖိုပင်နှင့် အမပင် ၂ မျိုးစလုံးမှ ထန်းရည်ရနိုင်၏။ ထန်းရည်လှိုင်သော ရာသီမှာ ဆောင်းတွင်းနှင့် နွေဦးပေါက်ရာသီဖြစ်၏။ အမပင် များမှ ထန်းရည်ကို မိုးတွင်း၌ပင်လျှင် ရရှိနိုင်သည်။ အမပင် သည် အဖိုပင်ထက် ထန်းရည် ၁ဆ သို့မဟုတ် ၁/၂ ဆမျှ ပိုထွက်၏။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ထန်းမြန်မာဝီကီပီးဒီးယား