ပဲကုလားဟင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ပဲကုလားဟင်း

ပဲကုလားဟင်းသည် အိန္ဒိယ လူမျိုးတို့၏ ဟင်းလျာဖြစ်သည်။

ပါဝင်သော ပစ္စည်းများ [ပြင်​ဆင်​ရန်​]

ပဲစင်းငုံ - ၁ဝ ကျပ်သား
ဆီ - စာပွဲတင်ဇွန်း ၂ ဇွန်း
ဒန့်သလွန်သီး - ၄ တောင့်
ကြက်သွန်ဖြူ/နီ - ၂ လုံး
မုန်လာဥဖြူ - ၁ဝ ကျပ်သား
အာလူး - ၁၅ ကျပ်သား
ဘူးသီး - တစ်စိပ်
ပဲသီး - ၁၅ ကျပ်သား
ဂေါ်ရခါးသီး - ၁ လုံး
မန်ကျည်းမှည့် - အနည်းငယ်
ဆား - အနည်းငယ်
Gold ဟင်းခတ်မှုန့် - အနည်းငယ်
ငရုတ်သီးခွဲခြမ်း - အနည်းငယ်
ဆီသတ်ရွက် - အနည်းငယ်

ပြုလုပ်ပုံ အဆင့်ဆင့် [ပြင်​ဆင်​ရန်​]

ပဲစင်းငုံကို ရေဆေးပြီး ရေစိမ်ထားလိုက်ပါ။ ပြီးလျှင် နူးသွားအောင် ပေါင်းအိုးနှင့် ပေါင်းပြီး သတ်သတ်ဖယ်ထားပါ။ အထက်ပါ အသီးအနှံများကို အခွံနွှာ၍ သင်ထားပါ။ ပထမဆုံး အိုးထဲသို့ ဆီထည့်ပြီး ပူလာလျှင် ကြက်သွန်ဖြူ/နီကို ဆီသတ်ပါ။ ပြီးလှျင် ငရုတ်သီး ခွဲခြမ်းထည့်ပါ။

အရောင်လေးရဲလာပြီး အနံ့လေးမွှေးလာရင် အိုးထဲက ခဏဖယ်ထားပါ။ အိုးထဲမှာ ဆီသတ်ပြီး ကျန်တဲ့ထဲကို ပြုတ်ထားတဲ့ ပဲကို ထည့်ပါ။ အရင်ဆုံး မာပြီး မကျက်နိုင်မဲ့ မုန်လာဥဖြူ၊ ဒန့်သလွန်သီး၊ ဂေါ်ရခါးသီး၊ အာလူးနဲ့ ခရမ်းသီးများကို ထည့်ပါ။ ပြီးလှျင် ရေနည်းနည်းထည့်ပြီး အုပ်ထားပါ။

နူးလောက်ပြီဆိုရင် နူးလွယ်တဲ့ ပဲသီး၊ ဂေါ်ဖီ၊ ရုံးပတေသီး၊ ဘူးသီးများကို ထည့်ပြီး မန်းကျည်းရည် ထည့်ပါ။ ပြီးလှျင် သတ်သတ်ဖယ်ထားသော ကြက်သွန်နှစ်များကို ထည့်အုပ်ပါ။ ချခါနီးမှာ မဆလာ၊ ငရုတ်သီးတောင့်ရှည်၊ ဟင်းခတ်မှုန့်များထည့်၍ အပေါ့ အငန် မြည်းပြီး သုံးဆောင်နိုင်ပါပြီ။