ရှီကျင့်ဖျင်

ဝီကီပီးဒီးယား မှ
Xi Jinping
习近平
Xi in 2019
General Secretary of the Central Committee of the PRC
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၅ နိုဝင်ဘာ ၂၀၁၂
Hierarchy
ယခင်လူHu Jintao
တရုတ်နိုင်ငံ၏ သမ္မတ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၄ မတ် ၂၀၁၃
PremierLi Keqiang
ဒုတိယ သမ္မတLi Yuanchao
ယခင်လူHu Jintao
ဗဟိုစစ်ကော်မရှင်၏ ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၅ နိုဝင်ဘာ ၂၀၁၃ (Party Commission)
၁၄ မတ် ၂၀၁၃ (State Commission)
လက်ထောက်Fan Changlong
Xu Qiliang
ယခင်လူHu Jintao
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ စစ်ဦးစီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
21 April 2016
ယခင်လူoffice established
ဗဟိုစစ်ကော်မရှင်၏ ဒုတိယသဘာပတိ
တာဝန်သက်တမ်း
၁၈ နိုဝင်ဘာ ၂၀၁၀ – ၁၅ နိုဝင်ဘာ ၂၀၁၂ (Party Commission)
၂၈ အောက်တိုဘာ ၂၀၁၀ – ၁၄ မတ် ၂၀၁၃ (State Commission)
Guo Boxiong & Xu Caihou
ဥက္ကဋ္ဌHu Jintao
တရုတ်နိုင်ငံ၏ ဒုတိယသမ္မတ
တာဝန်သက်တမ်း
၁၄ မတ် ၂၀၀၈ – ၁၄ မတ် ၂၀၁၃
သမ္မတHu Jintao
ယခင်လူZeng Qinghong
ဆက်ခံသူLi Yuanchao
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1953-06-15) ၁၅ ဇွန်၊ ၁၉၅၃ (အသက် ၇၀)
ဘေဂျင်းမြို့, တရုတ်ပြည်သူ့သမ္မတနိုင်ငံ
နိုင်ငံရေးပါတီတရုတ်ကွန်မြူနစ်ပါတီ (၁၉၇၄-လက်ရှိ)
ကြင်ဖော်(များ)Ke Lingling (divorced)
Peng Liyuan (m. 1987)
သွေးသားတော်စပ်သူXi Zhongxun (father)
Qi Xin (mother)
Qi Qiaoqiao (sister)
Qi An'an (sister)
Xi Heping (brother)
Xi Qianping (brother)
Xi Zhengning (brother)
Xi Yuanping (brother)
Deng Jiagui (brother-in-law)
သားသမီးXi Mingze (daughter)
နေထိုင်ရာZhongnanhai
မိခင်ကျောင်းTsinghua University
လက်မှတ်


ရှီကျင့်ဖျင် (習近平) သည် ၁၉၅၃ ခုနှစ်တွင် ဆန်ရှီးပြည်နယ်(陝西)၊ ဖူဖျင်မြို့ (富平)၌ မွေးဖွားခဲ့ပြီး ဟန်တရုတ်လူမျိုး ဖြစ်သည်။[၁] ၁၉၇၄ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီသို့ ဝင်ရောက်သည်။[၂] မာက်စ်သီအိုရီနှင့် အတွေးအခေါ်ယူဝါဒဆိုင်ရာ ပညာရပ် အထူးပြုဘာသာဖြင့် ချင်းဟွာတက္ကသိုလ်(清華大學) ၊ လူ့အဖွဲ့အစည်းနှင့် လူမှုသိပ္ပံကျောင်းမှ ဥပဒေ ဒေါက်တာဘွဲ့ ရရှိခဲ့ကာ ၁၉၆၉ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ ဆန်ရှီးပြည်နယ် ရန်ချွမ်းဒေသရှိ ဝမ်အမ်းရိစုပေါင်း လယ်ယာ၊ လျန့်ကျားဟဲအဖွဲ့၌ ပါတီခွဲ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၇၅ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ ဆင်ဟွာတက္ကသိုလ် ဓာတုအင်ဂျင်နီယာဌာနတွင် အခြေခံဇီဝဓာတ်ဖွဲ့စည်းမှု ဖြစ်စဉ်ဆိုင်ရာ ဘာသာရပ် ကျောင်းသားအဖြစ် လေ့လာခဲ့သည်။ ၁၉၇၉ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ နိုင်ငံတော်ကောင်စီနှင့် ဗဟိုစစ်ကော်မရှင် ဌာနချုပ်များတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၂ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ကွန်မြူနစ်ပါတီ ဟယ်ပေပြည်နယ် (河北省) ကျန့်တိန့်မြို့နယ် (正定) ကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။

၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဖူကျန့်ပြည်နယ် (福建) ရှမန်မြို့ (廈門 အမွိုင်မြို့) ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ဒုတိယမြို့တော်ဝန်အဖြစ် ထမ်းဆောင်ခဲ့သည်။

၁၉၈၈ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ ကွန်မြူနစ်ပါတီ ဖူကျန့်ပြည်နယ် နင်းသယ် (寧德) ခရိုင် ကော်မတီ အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. တရုတ်သမ္မတ ရှီကျင့်ဖျင် ကွန်မြူနစ်ပါတီခေါင်းဆောင် အဖြစ်ဆက်ရှိမယ်BBC Burmese (၂၃ အောက်တိုဘာ ၂၀၂၂)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. သမ္မတ ရှီကျင့်ဖျင် ဘယ်လို လူမျိုးလဲThe Irrawaddy (၁၆ ဇန်နဝါရီ ၂၀၂၀)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။