၂၃ ဇန်နဝါရီ
ပုံပန်းသွင်ပြင်
|
ဇန်နဝါရီလ၊ (၂၃)ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ (၂၃)ရက်မြောက် နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း (၃၄၂) ရက် (ရက်ထပ်နှစ်ဖြစ်လျှင် (၃၄၃) ရက်) ကျန်သေးသည်။
ဖြစ်ရပ်များ
[ပြင်ဆင်ရန်]- ၁၅၄၆ – ၁၁ နှစ်ကြာသည်အထိ မည်သည့်စာအုပ်မှ ထုတ်ဝေခြင်း မပြုခဲ့သော ဖရန်ဆွာ ရက်ဗီလေးသည် ဂါဂန်းတူးအားနှင့် ပန်တာဂရူးယယ် ၏ အဆက်ဖြစ်သော Tiers Livre ကို ထုတ်ဝေဖြန့်ချိခဲ့သည်။
- ၁၈၄၉ – အဲလိဇဘက် ဘလက်ဝဲ သည် နယူးယောက်ပြည်နယ် ဂျနီဗာမြို့ရှိ ဂျာနီဗာ ဆေးကောလိပ်မှ M.D ဆရာဝန်ဘွဲ့ကို ရရှိခဲ့ကာ အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး အမျိုးသမီးဆရာဝန် ဖြစ်လာခဲ့သည်။
- ၁၉၆၇ – ဆိုဗီယက်ယူနီယံနှင့် အိုင်ဗရီကို့စ်နိုင်ငံ တို့ သံတမန်ဆက်သွယ်ရေး စတင်ခဲ့သည်။
- ၁၉၇၃ – အမေရိကန်ပြည်ထောင်စု သမ္မတ ရစ်ချက် နစ်ကဆင် သည် ဗီယက်နမ်နိုင်ငံနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိပြီဖြစ်ကြောင်း ကြေညာခဲ့သည်။