အရှေ့တောင်အာရှရှိ ဗုဒ္ဓဘာသာ
အရှေ့တောင်အာရှ၏ ဗုဒ္ဓဘာသာ တွင် အဓိကအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာနှင့် မဟာယာန ဗုဒ္ဓဘာသာ တို့ပါဝင်ကာ အခြားသော ဂိုဏ်းခွဲများလည်း ပါဝင်ကြသည်။။ သမိုင်းကြောင်းအရ မဟာယာနဗုဒ္ဓဘာသာမှာ ထင်ရှားခဲ့သော်လည်း ယနေ့အချိန်တွင် ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်သူများပြားသည်။ ထေရဝါဒကိုးကွယ်သော အရှေ့တောင်အာရှနိုင်ငံများမှာ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာတို့ဖြစ်သည်။[၁]
ဗီယက်နမ်နိုင်ငံသည် တရုတ်လူမျိုးများကြောင့် မဟာယာနဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။[၂]အင်ဒိုနီးရှားနိုင်ငံသည် ယခင်က မဟာယာနဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့သော်လည်း ယခုအချိန်တွင် စင်ကာပူနှင့် တရုတ်နိုင်ငံကဲ့သို့ တရုတ်လူမျိုးများသာ မဟာယာနဗုဒ္ဓဘာသာ ကိုးကွယ်ကြသည်။ မဟာယာနဗုဒ္ဓဘာသာမှာ တရုတ်လူမှုအဖွဲ့အစည်းများအတွင်း ထင်ရှားပြီး စင်ကာပူ၊ မလေးရှားနှင့် ဘရူနိုင်းနိုင်ငံတို့တွင် ထင်ရှားသော လူနည်းစုဘာသာအဖြစ် ကျန်ရှိနေသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]အစောပိုင်းနှင့်မူလ
[ပြင်ဆင်ရန်]အရှေ့တောင်အာရှသို့ ဗုဒ္ဓဘာသာသည် အိန္ဒိယနိုင်ငံမှတစ်ဆင့် တိုက်ရိုက်သော်လည်းကောင်း၊ အလယ်အာရှနှင့် တရုတ်မှ သွယ်ဝိုက်၍လည်းကောင်း ရောက်ရှိလာခဲ့သည်။ ဘီစီ ၃ရာစုတွင် မူရင်းကို ထိန်းချင်သောရဟန်းများနှင့် ဝဇ္ဇီရဟန်းများအကြား ဝိနည်းရေးရာ သဘောထားကွဲလွဲလာခဲ့သည်။ ဤမှပင်အစပြု၍ ထေရဝါဒနှင့် မဟာယာန ဂိုဏ်များကွဲသည်ဟု ယူဆကြလေသည်။[၃]
ထေရဝါဒဗုဒ္ဓဘာသာသည် ဘီစီ၃ရာစုမှ အေဒီ၅ရာစုအတွင်း ထင်ရှားလာပြီး အရှေရ့တောင်အာရှသို့ အေဒီ၁၁ရာစုမတိုင်မီက ရောက်ရှိခဲ့ခြင်းမရှိပေ။နောက်ပိုင်းမှသာ အိန္ဒိယနိုင်ငံတောင်ပိုင်းမှတစ်ဆင့် သီရိလင်္ကာ၊ မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံများသို့ ပျံ့နှံ့ရောက်ရှိခဲ့သည်။ ၁၂ရာစုတွင် မဟာယနဗုဒ္ဓဘာသာသည် အိန္ဒိယနိုင်ငံမြောက်ပိုင်းမှတစ်ဆင့် တိဗက်၊ တရုတ်ကိုဖြတ်ကာ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့်အခြားဒေသများသို့ ရောက်ရှိသည်။
သို့သော် ဗုဒ္ဓဘာသာသည် အရှေ့တောင်အာရှသို့ အိန္ဒိယ၊ တရုတ်နှင့် သီရိလင်္ကာတို့မှတစ်ဆင့် ၁၊ ၂၊ ၃ ရာစုခန့်များကပင် ရောက်ရှိနေကြောင်းတွေ့ရသည်။ ထေရဝါဒဗုဒ္ဓဘာသာ၏ အရှေ့တောင်အာရှတွင် အစောဆုံးသော အဖြစ်အပျက်မှာ ဘီစီ ၂၅၀ ခန့်က ယခုခေတ် မြန်မာနိုင်ငံဒေသသို့ အာသောကမင်းကြီးမှ စေလွှတ်လိုက်သောအဖွဲ့၏ ဖြစ်ရပ်ဖြစ်သည်။ ထိုအဖွဲ့မှာ မွန်ဘုရင်ထံရောက်ရှိပြီး မြောက်မြားစွာသောလူများမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကုန်ကြသည်။ ထို့အပြင် အခြားသော ဒေသများတွင်လည်း ကုန်ကူးသန်းရောင်းဝယ်မှုကြောင့် ဗုဒ္ဓဘာသာ ထွန်းကားလာသည်။ ယနေ့ခေတ် မြန်မာနိုင်ငံဒေသသို့ ဗုဒ္ဓဘာသာထွန်းကားလာပြီးနောက် အရှေ့တောင်အာရှ ပင်မကျွန်းဆွယ်ဒေသနှင့် ယနေ့ခေတ် အင်ဒိုနီးရှားနှင့် မလေးရှားဒေသရှိ ကျွန်းများသို့ပါ ထွန်းကားလာသည်။
အရှေ့တောင်အာရှတွင် အဓိက ဗုဒ္ဓဘာသာလမ်းစဉ် ၂ရပ်ရှိသည်။ထေရဝါဒနှင့် မဟာယနတို့ဖြစ်သည်။ထေရဝါဒသည် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အိန္ဒိယနိုင်ငံတောင်ပိုင်းမှ သီရိလင်္ကာ၊ ထိုမှတစ်ဆင့် ယနေ့ခေတ် မြန်မာ၊ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် တောင်ဗီယက်နမ်တို့တွင် ထွန်းကားသည်။ မဟာယနသည် အိန္ဒိယသာမက တရုတ်နိုင်ငံထံမှပါ ၁ရာစု၊၂ရာစုကာလများမှ ဝင်ရောက်လာပြီး ယခုအခါ ဗီယက်နမ်နိုင်ငံတွင် ထွန်းကားနေသည်။
သီရိဗီဂျာရာ၊ ဂျာဗားနှင့် ခမာအင်ပါယာ
[ပြင်ဆင်ရန်]၅ရာစုမှ ၁၃ရာစုအတောအတွင်း အရှေ့တောင်အာရှအင်ပါယာအများစုသည် အိန္ဒိယ၏ တိုက်ရိုက်လွှမ်းမိုးမှုအောက်တွင်ရှိသည်။ ထို့ကြောင့် ထိုအင်ပါယာများသည် မဟာယနကိုးကွယ်ခဲ့ကြသည်။ ကျွန်းစုအင်ပါယာဖြစ်သော သီရိဗီဂျာရာသည် အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြာူကျွန်းရှိ ပလန်းပင်ဒေသတွင် အခြေစိုက်သည်။ တရုတ်ခရီးသွားဘုန်းတော်ကြီး ယီကျင်းက ပလန်းပင်ကို ဗုဒ္ဓဘာသာကို သင်ယူနိုင်ရန် ကြီးကျယ်သောနေရာဟု ဖော်ပြခဲ့သည်။
ခမာအင်ပါယာ၏လက်အောက်တွင် ကမ္ဘောဒီးယားနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် စေတီပေါင်း ၉၀၀ကျော် တည်ခဲ့သည်။ ထိုအထဲတွင် အန်ကောဝပ်မှာ ဗဟိုဌာနဖြစ်ပြီး ထိုအနီးတစ်ဝိုက်တွင် နေထိုင်သူ တစ်သန်းကျော်နေထိုင်နိုင်ခဲ့သည်။
ထေရဝါဒဗုဒ္ဓဘာသာ၏ အစောပိုင်းထွန်းကားမှု
[ပြင်ဆင်ရန်]အရှေ့တောင်အာရှဒေသသို့ ထေရဝါဒဗုဒ္ဓဘာသာ ရောက်ရှိခဲ့ခြင်းတွင် နည်းလမ်းများစွာရှိသည်။ ထိုအထဲမှ အဓိကအချက်သုံးချက်မှာ ကုန်သွယ်ခြင်း၊ ထိမ်းမြားခြင်းနှင့် သာသနာပြုစေလွှတ်ခြင်းများကြောင့်ဖြစ်သည်။ မြန်မာတိုင်းရင်းသားမျိုးနွယ်စုဖြစ်သော မွန်လူမျိုးများသည် ထေရဝါဒဗုဒ္ဓဘာသာထွန်းကားရေးအတွက် စွမ်းဆောင်ခဲ့သူများလည်းဖြစ်သည်။ အာသောကမင်းကြီးလက်ထက်တွင် မွန်တို့ထံသို့ ဗုဒ္ဓဘာသာ စတင်ရောက်ရှိလာခဲ့သည်။[၄]အာသောကမင်းသည် သူ၏နိုင်ငံကို ဗုဒ္ဓ၏အဆုံးအမများနှင့်အညီ အုပ်ချုပ်ခဲ့သည်။ သူ၏လက်ထက်တွင် ဗုဒ္ဓ၏လမ်းစဉ်များ ပြန့်ပွားရေးအတွက်အရှေ့ပိုင်း၊မက်ဆီဒိုနီးယားဒေသနှင့် အရှေ့တောင်အာရှဒေသမျာယသို့ သာသနာပြုလုပ်ငန်းများ စေလွှတ်ခဲ့သည်။ မွန်တို့သည် အစောပိုင်းကျသော လူမျိုးနွယ်စုများဖြစ်ကာ မွန်များမှတစ်ဆင့် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာထွန်းကားလာသည်။
၁၁ရာစုအလယ်ပိုင်းတွင် အရှေ့တောင် အာရှဒေသ၌ ဗုဒ္ဓဘာသာသည် ကျဆင်းလာသည်။၁၁ရာစုမှ ၁၃ရာစုအတွင်းတွင် ခမာအင်ပါယာသည် အရှေ့တောင်အာရှကျွန်းဆွယ်ကို ကြီးစိုးနေခဲ့သည်။ သိန္ဒူမှာ ခမာအင်ပါယာ၏ အဓိက ကိုးကွယ်ရာ ဖြစ်ပြီး အနည်းငယ်မှာ မဟာယနကို ကိုးကွယ်သည်။ ထိုအချိန်က ထေရဝါဒဗုဒ္ဓဘာသာသည် မလေးရှား၊ ထိုင်းနိုင်ငံအနောက်မြောက်ပိုင်းနှင့် မြန်မာနိုင်ငံအောက်ပိုင်းတို့တွင်သာ တွေ့နိုင်သည်။ ထေရဝါဒဗုဒ္ဓဘာသာသည် ပုဂံပြည်တွင် အနော်ရထာမင်းစော နန်းတက်ချိန်တွင် နိုးကြားလာခဲ့သည်။[၅] ပုဂံပြည့်ရှင်အနော်ရထာသည် ယနေ့ခေတ် မြန်မာနိုင်ငံ၏ထူထောင်သူလည်း ဖြစ်သည်။ ရှင်အရဟံမှတသ်ဆင့် ဗုဒ္ဓဘာသာကို သိရှိခဲ့ပြီး ဘုရားကျောင်းကန်စေတီပုထိုးများစွာ တည်ခဲ့သည်။ ထိုမှတစ်ဆင့် အခြားအိမ်နီးချင်းများဖြစ်သော ထိုင်း၊လာအိုနှင့် ကမ္ဘောဒီးယားတို့တွင်ပါ ထွန်းကားလာသည်။ ယနေ့ခေတ်တွင် ထေရဝါဒဗုဒ္ဓဘာသာဝင် များစွာရှိသောတိုင်းပြည်များမှာ မြန်မာ၊ထိုင်း၊လာအိုနှင့် ကမ္ဘောဒီးယားတို့ဖြစ်သည်။
ထေရဝါဒလမ်းစဉ်
[ပြင်ဆင်ရန်]ထေရဝါဒဗုဒ္ဓဘာသာသည် အရှေ့တောင်အာရှရှိ မြန်မာပြည်နှင့် ထိုင်းနိုင်ငံအောက်ပိုင်းသို့ သီရိလင်္ကာမှလည်း ပျံ့နှံ့လာခဲ့သည်။[၆]
ဗုဒ္ဓ၊ဓမ္မနှင့် သံဃာမှာ ထေရဝါဒဗုဒ္ဓဘာသာ၏ အခြေခံအကျဆုံးအချက်ဖြစ်သည်။ ဗုဒ္ဓသည် လူ၊နတ်၊ဗြဟ္မာတို့၏ ဆရာကဲ့သို့ဖြစ်သည်။ ဓမ္မမှာ ဗုဒ္ဓ၏အဆုံးအမများဖြစ်သည်။ ထိုအထဲတွင် ဗုဒ္ဓဟောကြားဆုံးမခဲ့သော တရားတော်များနှင့် လမ်းစဉ်များပါဝင်သည်။ သံဃာမှာ ဗုဒ္ဓ၏ တရားတော်များ၊အဆုံးအမများကို ပြန့်ပွားအောင်ဆောင်ရွက်နေသော ပုဂ္ဂိုလ်များဖြစ်သည်။
မဟာယနလမ်းစဉ်
[ပြင်ဆင်ရန်]အရှေ့တောင်အာရှရှိ မဟာယနဗုဒ္ဓဘာသာမှာ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ တိဗက်၊တရုတ်ဒေသများကိုဖြတ်၍ ဗီယက်နမ်၊အင်ဒိုနီးရှား၊ မလေးရှားနှင့် အခြာယဒေသများသို့ရောက်ရှိလာသည်။
မဟာယနတွင် ကျမ်းအမျိုးမျိုးပါဝင်သည်။ အယူအဆများစွာပါဝင်သည်။ အဓိကအနေဖြင့် Trikayaဖြစ်သည်။
နိုင်ငံအလိုက် ဗုဒ္ဓဘာသာ
[ပြင်ဆင်ရန်]လက်ရှိအချိန်တွင် အရှေ့တောင်အာရှတွင် ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေ ၁၉၀-၂၀၅ သန်းခန့်ရှိသည်။ဤသည်မှာ ဒေသတွင်းတွင် ဒုတိယမြောက်အများဆုံး ကိုးကွယ်မှုဖြစ်သည်။ ကမ္ဘာ့ဗုဒ္ဓဘာသာဦးရေ၏ ၃၅မှ ၃၈ရာခိုင်နှုန်းမှာ ဤဒေသတွင် နေထိုင်ကြသည်။ အောက်ပါတို့မှာ အရှေ့တောင်အာရှဒေသရှိ လူဦးရေရာခိုင်နှုန်းအလိုက် ဗုဒ္ဓဘာသာကိုးကွယ်သူ အနည်းအများနိုင်ငံများဖြစ်သည်။
- ထိုင်းနိုင်ငံတွင် နိုင်ငံလူဦးရေ ၆၇သန်း၏ ၉၅ရာခိုင်နှုန်းဖြစ်သော ၆၃.၇၅သန်းမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။[၇][၈]
- မြန်မာနိုင်ငံလူဦးရေ၏ ၈၉ရာခိုင်နှုန်းဖြစ်သူ ၄၈သန်းသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်ကြသည်။ [၉][၁၀]လူဦးရေ၏ ၁ရာခိုင်နှုန်းခန့်သည် တရုတ်လူမျိုး မဟာယနကိုးကွယ်သူနှင့် တာအိုဘာသာကိုးကွယ်သူများဖြစ်သည်။ သို့သော် ထေရဝါဒဗုဒ္ဓဘာသာသည် နိုင်ငံအတွင်း ခိုင်မာစွာ ကိုးကွယ်ကြသည်။
မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ သည် အဓိကအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာဖြစ်ပြီး နိုင်ငံ၏ လူဦးရေ ၈၉% ခန့် ကိုးကွယ်ကြသည်။[၁၁][၁၂] လူဦးရေနှင့် ဘုန်းတော်ကြီးအချိုး၊ ဘာသာတရားအတွက် အသုံးပြုသည့် ဝင်ငွေအချိုးတို့နှင့် ကြည့်လျှင် မြန်မာနိုင်ငံသည် ယုံကြည်သက်ဝင်မှုအရှိဆုံး ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သည်။[၁၃] ဗမာလူမျိုး၊ ရှမ်း၊ ရခိုင်၊ မွန်၊ ကရင်၊ ဇို၊ နှင့် တရုတ်လူမျိုး များ အများဆုံးကိုးကွယ်ကြသည့် ဘာသာ ဖြစ်သည်။ ဘုန်းတော်ကြီးများကို သံဃာ အဖြစ် သတ်မှတ်ထားပြီး မြန်မာလူ့အဖွဲ့အစည်းအနေ၏ အမွန်အမြတ်ထားကာ ကြည်ညိုကိုင်းရှိုင်းကြသည်။ ဗမာနှင့် ရှမ်းလူမျိုးများအပါအဝင် တိုင်းရင်းသားမျိုးနွယ်စုများအကြားတွင် နတ်ကိုးကွယ်မှုကိုလည်း ဗုဒ္ဓဘာသာနှင့်အတူ တွဲဖက်တွေ့ရှိရသည်။
မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ၏ နေ့စဉ်ပြုလုပ်သည့်အရာများတွင် ကောင်းမှုကုသိုလ်ပြုခြင်းနှင့် ဝိပဿနာတရား အားထုတ်ခြင်းသည် အများဆုံးဖြစ်သည်။ ဂန္ဓာရီလမ်းစဉ်နှင့် ဆက်စပ်လျက်ရှိသော ဝိဇ္ဇာလမ်းစဉ်သည်လည်း အနည်းငယ်ပါဝင်သည်။[၁၄] မြန်မာဗုဒ္ဓဘာသာဝင်များအတွက် ကောင်းမှုကုသိုလ်ပြုခြင်းကို အများဆုံးပြုလုပ်လေ့ရှိသည်။ ငါးပါးသီလ စောင့်ထိန်းခြင်းနှင့် ပရဟိတနှင့် ဒါနကောင်းမှုကုသိုလ်ပြုလုပ်ခြင်းဖြင့် ကောင်းမွန်သည့် ဘုံဘဝသို့ ရောက်ရှိနိုင်ရန် မျှော်မှန်းသည်။
- ဗီယက်နမ်တွင် ဗုဒ္ဓဘာသာမှာ နိုင်ငံ့လူဦးရေ တစ်ဝက်ခန့်ဖြစ်သော ၄၄သန်းခန့်ရှိသည်။[၁၅][၁၆]ဗီယက်နမ်အများစုမှာ မဟာယနကို ကိုးကွယ်လေ့ရှိကြသည်။ အကြောင်းမှာ တရုတ်လွှမ်းမိုးမှုများကြောင့်ဖြစ်သည်။
- ကမ္ဘောဒီးယားလူဦးရေ၏ ၉၅ရာခိုင်နှုန်းဖြစ်သော လူဦးရေ ၁၄သန်းခန့်သည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်သူများဖြစ်သည်။[၁၇]၂၀၁၇အကုန်တွင် ကမ္ဘောဒီးယားတွင် စေတီပေါင်း ၄၈၉၂ဆူရှိငါ ဘုန်းကြီး ၆၉၁၉၉ပါး ရှိသည်။
- မလေးရှားနိုင်ငံတွင် လူဦးရေ၏ ၂၀ရာခိုင်နှုန်းခန့်သည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။
- လာအိုနိုင်ငံလူဦးရေ၏ ၇၀ရာခိုင်နှုန်းဖြစ်သော ငါးသန်းခန့်သည် ဗုဒ္ဓဘာသာ ကိုးကွယ်ကြသည်။
- အင်ဒိုနီးရှားနိုင်ငံ လူဦးရေ၏ နှစ်ရာခိုင်နှုန်းဖြစ်သော ၄.၇၅သန်းမှာ ဗုဒ္ဓဘာသာကိုးကွယ်ကြသည်။ အင်ဒိုနီးရှား ဗုဒ္ဓဘာသာဝင်အများစုမှာ ထေရဝါဒ ကိုးကွယ်ကြသည်။
- စင်ကာပူနိုင်ငံလူဦးရေ၏ ၃၃ရာခိုင်နှုန်းဖြစ်သော ၂သန်းခန့်သည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ [၁၈]
- ဖိလစ်ပိုင်နိုင်ငံသည် တိုင်းပြည်လူဦးရေ၏ ၀.၁ရာခိုင်နှုန်းအောက်သာ ဗုဒ္ဓဘာသာဖြစ်သည်။
- ဘရူနိုင်းနိုင်ငံသည် ဒေသတွင်းတွင် လူဦးရေအနည်းဆုံးဖြစ်သည့်အတွက် ၁၃ရာခိုင်နှုန်းဖြစ်သော ၆၅၀၀၀ခန့်သည် ဗုဒ္ဓဘာသာဖြစ်သည်။
-
ထိုင်းဘုန်းကြီးများ
-
မြန်မာကိုရင်လေးများ
-
အင်ဒိုနီးရှား ဘုန်းကြီးများ
ကိုးကား
[ပြင်ဆင်ရန်]- ↑ Kitiarsa, Pattana (2009-03-01). "Beyond the Weberian Trails: An Essay on the Anthropology of Southeast Asian Buddhism" (in en). Religion Compass 3 (2): 200–224. doi: . ISSN 1749-8171.
- ↑ CPAmedia: Buddhist Temples of Vietnam Archived 8 July 2008 at the Wayback Machine.
- ↑ Lester၊ Robert, C (1973)။ Theravada Buddhism in Southeast Asia။ United States: Ann Arbor Paperbacks။ pp. 1–162။ ISBN 978-0-472-06184-6။
- ↑ Keown၊ Damien (2013)။ Buddhism: A Very Short Introduction။ Oxford: Oxford University Press။ pp. 80။
- ↑ Maraldo၊ John (1976)။ Buddhism in the Modern World။ New York: Macmillan။
- ↑ Lester၊ Robert C. (1973)။ Theravada Buddhism in Southeast Asia။ USA: Ann Arbor Paperback။ pp. 1–130။ ISBN 978-0-472-06184-6။
- ↑ The CIA World Factbook။ Cia.gov။ 16 May 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ state.gov - Thailand
- ↑ Crisis in Myanmar Over Buddhist-Muslim Clash။ The New York Times။
- ↑ The World Factbook: Burma။ CIA။ 4 November 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ CIA World Factbook - Burma။ 4 November 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 November 2019 တွင် ပြန်စစ်ပြီး။
- ↑ Burma—International Religious Freedom Report 2009။ U.S. Department of State (26 October 2009)။
- ↑ Cone & Gombrich, Perfect Generosity of Prince Vessantara, Oxford University Press, 1977, page xxii
- ↑ Pranke, Patrick A (2013)၊ Myanmar၊ Encyclopedia of Buddhism, Macmillan Reference USA. ISBN 0-02-865718-7
- ↑ state.gov – Vietnam 2012 (included over 50% Mahayana + 1.2% Theravada + 3% Hoa Hao Buddhism and other new Vietnamese sects of Buddhism)။ state.gov။
- ↑ United States Department of State
- ↑ The World Factbook: Cambodia။ CIA။ 29 December 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Singapore Department of Statistics (12 January 2011)။ Census of population 2010: Statistical Release 1 on Demographic Characteristics, Education, Language and Religion။ 3 March 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။