ဝိဇ္ဇာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ရွှေတိဂုံဘုရားမှ ဝိဇ္ဇာရုပ်

ဝိဇ္ဇာအပြားနှင့် ပဓာနိယင်္ဂ ၅ ပါး[ပြင်ဆင်ရန်]

ဝိဇ္ဇာ ၅ - မျိုး[ပြင်ဆင်ရန်]

ဝိဇ္ဇာ ၅ မျိုး ။ ။ ဝိဇ္ဇာသည် ဝေဒဝိဇ္ဇာ ၊ မန္တဝိဇ္ဇာ ၊ ဂန္ဓာရီဝိဇ္ဇာ ၊ လောကီယဝိဇ္ဇာ

                           အရိယဝိဇ္ဇာ ဟူ၍ ငါးပါးအပြားရှိ၏ ။ ထိုငါးပါးတို့တွင်-

၁။ဝေဒဝိဇ္ဇာ ။ ။ သာမဗေဒင် ၊ ယဇုဗေဒင် ၊ ဣရုဗေဒင် ၊ အထဗ္ဗနဗေဒင် ဟူသော

                              ဗေဒင် လေးမျိုးသည် ဝေဒဝိဇ္ဇာ မည်၏ ။

၂။ မန္တဝိဇ္ဇာ ။ ။ အမျိုးမျိုးသော လက္ခဏာကျမ်း ၊ အမျိုးမျိုးသော နိမိတ်ကျမ်း ၊

                            အမျိုးမျိုးသော နက္ခတ်ကျမ်း ၊ အမျိုးမျိုးသော ဂါထာမန္တရားကျမ်း ၊
                           ဆေးကျမ်း ၊ ဓာတ်ကျမ်း အစ ရှိသော လောကီပညာဟူ၍

ယခုလောက၌ ခေါ်ဝေါ်ကြသော အတတ်မျိုး ၊ ပညာမျိုး ဟူသမျှ သည် မန္တဝိဇ္ဇာ မည်၏ ။

            ဤဝိဇ္ဇာနှစ်ပါးကို ကမ္မာယတန ၊ သိပ္ပါယတန ၊ ဝိဇ္ဇာဋ္ဌာနေသု ဟူသော

ဉာဏဝိဘင်းပါဠိတော် များ၌ သိရသည်။

၃။ ဂန္ဓာရီ ဝိဇ္ဇာ ။ ။ ဆေးဝိဇ္ဇာ ၊ အင်းဝိဇ္ဇာ ၊ ပြဒါးဝိဇ္ဇာ ၊ သံဝိဇ္ဇာ ဟူ၍ ဝိဇ္ဇာဓရကျမ်း

                                များ၌လာသော ဓနသိဒ္ဓိ ၊ ပထဝီသိဒ္ဓိ ၊ ဥဒကသိဒ္ဓိ ၊ အာကာသသိဒ္ဓိ
                                 အာယုသိဒ္ဓိ ၊ စိန္တာမယသိဒ္ဓိ မျိုးသို့ပေါက်ရောက်သဖြင့် နတ်သိကြား
     တို့၏ အသိဉာဏ် တန်ခိုးတို့နှင့် အလားတူတတ်နိုင်စွမ်းသောဝိဇ္ဇာမျိုးဟူသမျှသည်
     ဂန္ဓာရီ ဝိဇ္ဇာ မည်၏ ။
    ဤ ဂန္ဓာရီ ဝိဇ္ဇာ သည်ကား

“တတ္ထ ကတမာ စိန္တာမယာ ဣဒ္ဓိ ၊ ဝိဇ္ဇာဓရာ ဝိဇ္ဇံ ပရိဇပ္ပေတွာ အာကာသေ အန္တလိက္ခေ ဟတ္ထိမ္ပိ ဒဿေန္တိ ၊ အဿမ္ပိ ဒဿေန္တိ ၊ရထမ္ပိ ဒဿေန္တိ ၊ ပတ္တိမ္ပိ ဒဿေန္တိ ၊ ဝိဝိဓမ္ပိ သေနာဗျူဟံ ဒဿေန္တိ ၊ အယံ စိန္တမယာ ဣဒ္ဓိ-” ဟူသော ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌ လာသည်။

စိန္တမယာ ဣဒ္ဓိ မည်ပုံ “တတ္ထ - ထိုဆယ်ပါးကုန်သော တန်ခိုးတို့တွင် ၊ ကတမာ-

                                         အဘယ်မည်သောတန်ခိုးသည် ၊ စိန္တမယာ ဣဒ္ဓိ -

စိန္တာမယ တန်ခိုးမည်သနည်း ၊ ဝိဇ္ဇာဓရာ - ဝိဇ္ဇာဓိုရ်တို့သည် ၊ ဝိဇ္ဇံ - အတတ်ပညာကို ပရိဇပ္ပေတွာ - စိပ်၍ ၊ ( ဝါ ) နှိုး၍ ၊ အန္တလိက္ခေ -ရေးခြစ်မထင်သော ၊ အာကာသေ မိုးကောင်းကင်၌ ၊ ဟတ္ထိမ္ပိ -ဆင်တပ်ကိုလည်း ၊ ဒဿေန္တိ-ဖန်ဆင်း၍ ပြနိုင်ကုန်၏ ။ အဿမ္ပိ-မြင်းတပ်ကိုလည်း ၊ ဒဿေန္တိ - ဖန်ဆင်း၍ ပြနိုင်ကုန်၏ ။ ရထမ္ပိ -ရထားတပ် ကိုလည်း ၊ ဒဿေန္တိ - ဖန်ဆင်း၍ ပြနိုင်ကုန်၏ ။ ပတ္တိမ္ပိ - လက်နက်ကိုင် ခြေသည် သူရဲ တပ်ကိုလည်း ၊ ဒဿေန္တိ - ဖန်ဆင်း၍ ပြနိုင်ကုန်၏ ။ ဝိဝိဓံ - အထူးထူး အပြားပြား သော ၊သေနာဗျူဟမ္ပိ - စစ်သည် ဗိုလ်ထု အစုအရုံး အလုံးအရင်းကိုလည်း ၊ ဒဿေန္တိ - ဖန်ဆင်း၍ ပြနိုင်ကုန်၏ ။ အယံ - ဤသည်လျှင် ၊ စိန္တမယာ ဣဒိ - ကြံစည်တိုင်း ပြီး စေနိုင်သော စိန္တာမယ တန်ခိုးမည်၏ ။

          ဤပါဠိတော်၌ စိန္တာမယ ဣဒ္ဓိ ကိုပြတော်မူသဖြင့် အောက်ဖြစ်သော အာယုသိဒ္ဓိ

အာကာသသိဒ္ဓိ ၊ ဥဒကသိဒ္ဓိ ၊ ပထဝီသိဒ္ဓိ ၊ ဓနသိဒ္ဓိ အစရှိသော သိဒ္ဓိမျိုးစုသည် ထိုပါဠိတော်တွင် အတွင်းဝင်၍ ပါလေ၏ဟု သိအပ်၏ ။

ယခုအခါ ဤဂန္ဓာရီ ဝိဇ္ဇာလမ်းကို လုပ်ကြံလိုသောသူသည် ရတနာသုံးပါးဂုဏ်ကို မိမိကိုယ်၌ အမြဲထုံစေ၍ တန်ခိုးကြီးသော တောစောင့်နတ် ၊ တောင်စောင့်နတ် ရုက္ခဋ္ဌ ဘူမဋ္ဌ ပဗ္ဗတဋ္ဌ နတ်တို့ကိုလည်းကောင်း ၊ မန္တရား အင်းအိုင်မျိုးကို အုပ်စိုးသော ဝိဇ္ဇာဒေဝနတ်တို့ကိုလည်းကောင်း ၊သိုက်သမိုင်းဝင် ဆေးပင်မျိုး ကျောက်ဓာတ်မျိုးတို့ကို အုပ်စိုးသောဩသဓိနတ်တို့ကိုလည်းကောင်း၊ဤအလုံးစုံသောနတ်တို့ကိုရင်ဝယ်သားကဲ့ သို့ သနားချစ်ခင် ကျွမ်းကျင်လေးမြတ်အောင် မိတ်သဟာယပြုလုပ်ကြမှ ထမြောက်နိုင်ရာ၏ ။ ဤဂန္ဓာရီ ဝိဇ္ဇာသည် နတ်တို့၏ ကမ္မဝိပါကဇိဒ္ဓိ တန်ခိုးကိုပင် လွှမ်း မိုးနိုင်သော ဝိဇ္ဇာမယိဒ္ဓိတန်ခိုးမျိုးဖြစ်၍ နတ်တို့ မနာလိုရှိတတ်သည်။ မနာလိုရှိသည့်အတွက် အသက်အန္တရာယ် ၊ဆေးဝါး ၏ အန္တရာယ် ဖြစ်တတ်သည်။

၄။ လောကီယဝိဇ္ဇာ ။ ။ လောကီယဝိဇ္ဇာ ဆိုသည်ကား သာသနာပ အခါ၌ သရဘင်္ဂ၊

                                          သုနေတ္တ ၊ အရက အစရှိသော ရသေ့ဆရာကြီးတို့သည်
                                           ကသိုဏ်း ဈာန်တို့ကိုရရှိပြီး နိုင်နင်းပြီးနောက် အားထုတ်၍

ရအပ်သော ဣဒ္ဓိဝိဒအဘိညာ ၊ ဒိဗ္ဗစက္ခု ၊ ဒိဗ္ဗသောတ ၊ စေတောပရိယ ၊ ပုဗ္ဗေနိဝါသ ယထာကမ္မုပဂ ၊ အနာဂတံသ အဘိညာ ဟူသော အဘိညာဝိဇ္ဇာတု့ကို ဆိုသတည်း ။

               ထိုဝိဇ္ဇာတို့သည်ကား ဇာတ်တော် နိပါတ်တော်တို့၌ ထင်ရှားလှကုန်ပြီ ။

ဤလောကီအဘိညာဝိဇ္ဇာတို့သည်ကား ၊ ဘုရား ပစ္စေကဗုဒ္ဓါ အရိယာ သာဝက တို့နှင့်လည်း ဆက်ဆံကုန်၏ ။ ဘုရား ပစ္စေကဗုဒ္ဓါ အရိယာ သာဝက တို့ ရအပ် ရောက်အပ်သော ဝိဇ္ဇာသုံးပါး ဝိဇ္ဇာရှစ်ပါးတို့၌ အတွင်းဝင်ကုန်၏ ။

၅။ အရိယဝိဇ္ဇာ ။ ။ အရိယဝိဇ္ဇာ ဆိုသည်ကား အနိစ္စဝိဇ္ဇာ ၊ ဒုက္ခဝိဇ္ဇာ ၊ အနတ္တ

                                      ဝိဇ္ဇာ ၊ မဂ္ဂဝိဇ္ဇာ ၊ ဖလဝိဇ္ဇာ တို့ကို ဆိုသတည်း ။
                                    စတုသစ္စဉာဏ်   လေးပါးကို ဆိုသည်ဟူ၍လည်း ဆိုရပါမည်။

ဤအရိယဝိဇ္ဇာကိုကား သာသနာတော်အတွင်း၌သာ ထမြောက် ပေါက်ရောက်အောင် ကြံဆောင်နိုင်သည်။ သာသနာပ အခါ၌ကား ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို ချန်ထား၍ တစ်ပါးသော လူ ၊နတ်၊ ဗြဟ္မာတို့ ထမြောက်ပေါက်ရောက်အောင် ကြံဆောင် အားထုတ် နိုင်သော အခွင့်မရှိ ။

အရိယဝိဇ္ဇာခေတ်[ပြင်ဆင်ရန်]

သာသနာငါးထောင်ဆိုသောခေတ်သမယသည်ကားအရိယဝိဇ္ဇာ၏ ခေတ်သမယချည်းပေတည်း ။

ဤအရိယာဝိဇ္ဇာလမ်းကို ပေါက်ရောက် ထမြောက်အောင် ကြံဆောင် အားထုတ်

သူမှသာလျှင် ဘုရားကို တွေ့မြင် ဖူးမြော်ရသောသူ ဘုရားသာသနာကို တွေ့ကြုံရ သောသူ ဟူ၍ ဆိုထိုက်ချေသည် ။ “ဓမ္မံ ဟိ သော ဘိက္ခဝေ ဘိက္ခု န ပဿတိ၊ ဓမ္မံ အပဿန္တော မံ န ပဿတိ၊ ဓမ္မံ ဟိ သော ဘိက္ခဝေ ဘိက္ခု ပဿတိ၊ ဓမ္မံ ပဿန္တော မံ ပဿတိ ။” (ဣတိဝုတ်ပါဠိတော် ၊ သင်္ဃဋိကဏ္ဏသုတ်)

ဟိ - ထို ငါဘုရား၏ သင်္ကန်းစွန်းကို စွဲကိုင်၍ ဖဝါးခြေထပ် လိုက်ပါလျက် ငါဘုရားနှင့် ဝေးကွာလှ၏ဟု ဆိုသောစကားသည် မှန်၏။ ဘိက္ခဝေ -ရဟန်းတို့ ၊သောဘိက္ခု - ထို ငါဘုရား၏ သင်္ကန်းစွန်းကို စွဲကိုင်၍ ဖဝါးခြေထပ် လိုက်သောရဟန်းသည် ၊ ဓမ္မံ -သစ္စာလေးပါးတရားကို ၊ န ပဿတိ- မသိမြင် ၊ ဓမ္မံ - သစ္စာလေးပါးတရားကို အပဿနေ ၱာ -မသိမြင်ရသော ရဟန်းသည် ၊ မံ - ငါဘုရားကို ၊ န ပဿတိ -မဖူးမြင်ရ။

     ဟိ- ထို ငါဘုရားနှင့်  ယူဇနာတစ်ရာကွာခြား၍ နေသော်ငြားလည်း ငါဘုရား

နှင့် နီးလှ၏ ဟု ဆိုသောစကားသည် မှန်၏ ။ ဘိက္ခဝေ - ရဟန်းတို့ ၊သော ဘိက္ခု -ထို ငါဘုရားနှင့် ယူဇနာတရာ ကွာခြားသော အရပ်ဌာန၌နေသော ရဟန်းသည် ၊ဓမ္မံ - သစ္စာလေးပါးတရားကို ၊ ပဿတိ -သိမြင်၏ ၊ မံ - ငါဘုရားကို ၊ပဿတိ -ဖူးမြင်ရ၏။

        ဘုရား တရား နှစ်ပါးကို မတွေ့မမြင်ရလျှင် သံဃာကိုလည်း မတွေ့မမြင်ရသည်သာ
ဖြစ်သတည်း ။

အရိယဝိဇ္ဇာ ဖြစ်နိုင်သည့် ပဓာနိယင်္ဂ (၅)ပါး[ပြင်ဆင်ရန်]

   ယခုသာသနာတော်အတွင်း၌ ဤအရိယဝိဇ္ဇာကို ပေါက်ရောက်ထမြောက်အောင်အဘယ်သို့သောသူသည် လုပ်ကြံနိုင်သနည်း။
    "အင်္ဂါငါးပါးနှင့် ပြည့်စုံသောသူသည် ပေါက်ရောက်ထမြောက်အောင် လုပ်ကြံနိုင်၏"ဟုဟောတော်မူသည်။
    ထိုအင်္ဂါငါးပါးမှာ-

၁။ ဘုရား၌ယုံကြည်ခြင်းသည်အင်္ဂါတစ်ပါး။ ၂။ ကိုယ်လက်အင်္ဂါကျန်းမာခိုင်ခံ့ခြင်းသည်အင်္ဂါတစ်ပါး။ ၃။ ဝမ်းတွင်းနှလုံးဖြောင့်စင်းခြင်းသည် အင်္ဂါတစ်ပါး။ ၄။ ဝီရိယထက်သန်ခြင်းသည်အင်္ဂါတစ်ပါး။ ၅။ ရုပ်၊ နာမ်၊ ခန္ဓာတို့၏ဖြစ်ပွားမှု၊ ချုပ်ကွယ်မှုတို့၌ ဉာဏ်၏စူးရှခြင်းသည် အင်္ဂါတစ်ပါး။

    ဤအင်္ဂါငါးပါးနှင့်ပြည့်စုံသောသူသည် အရိယဝိဇ္ဇာလမ်းကို 

ယခုမျက်မှောက်ပေါက်ရောက် ထမြောက်အောင်လုပ်ကြံနိုင်၏ဟု“ပဉ္စင်္ဂုတ္တရပါဠိတော်”စသည်၌ဟောတော် မူသည်။

                                       ==== ၁။ ပထမအင်္ဂါ====
   ဟောဟန်ကား -
       “သဒ္ဓေါ ဟောတိ သဒ္ဒဟတိ  တထာဂတဿ ဗောဓိံ။”

ဘုရား၌ယုံကြည်ခြင်း ။ ။သဒ္ဓေါ - ထက်သန်သောသဒ္ဓါတရားနှင့်ပြည့်စုံသည်၊ ဟောတိ - ဖြစ်၏။ တထာဂတဿ - ငါဘုရား၏၊ ဗောဓိံ - အဟုတ်အမှန်ထိုးထွင်းသော ဉာဏ်တော်ကို၊ သဒ္ဒဟတိ - ယုံကြည်၏။

၂ ။ ဒုတိယအင်္ဂါ[ပြင်ဆင်ရန်]

      “ အပ္ပါ ဗာဓော ဟောတိ အပ္ပါတင်္ကော ၊ သမဝေပါကိနိယာ ပဟဏိယာ
        သမန္နာဂတော နာတိသီတာယ နစ္စဏှာယ မဇ္ဈိမာယ ပဓာနက္ခမာယ။”

အနာရောဂါကင်းခြင်း ။ ။အပ္ပ ဗာဓော - အနာကင်းသည်၊ အပ္ပတင်္ကော - ရောဂါကင်းသည်၊ ဟောတိ - ဖြစ်၏ ။ နာတိသီတာယ - အလွန်မအေးလွန်းသော၊ နစ္စုဏှာယ - အလွန်မပူလွန်းသော၊ မဇ္ဈိမာယ - အခါခပ်သိမ်းမျှတညီညွတ်စွာသော၊ ပဓာနက္ခမာယ - ကမ္မဋ္ဌာန်းတည်းဟူသော လုပ်ရပ်လမ်းကို ကြိုးပမ်းအားထုတ် တွင်တွင်လုပ်ခြင်းငှာ ခံ့လှစွာသော၊ သမဝေပါကိနိယာ - မျိုမျိုသမျှအဟာရတို့ကို အညီအညွတ် ကြေညက်ခြင်းငှာ စွမ်းနိုင်ထသော၊ ဂဟဏိယာ - ပါစကဓာတ်မီးနှင့်၊ သမန္နာဂတော - ပြည့်စုံ၏။

                          ယခုဝိပ္ပတိကာလအတွင်း၌ ဤဒုတိယအင်္ဂါ ပြည့်စုံခဲလှ၏ ။

ပါစကတေဇောဓာတ်ဖောက်ပြန်ပုံ[ပြင်ဆင်ရန်]

   ယခုလူတို့၏ပကတိဝမ်းမီးသည် ကောက်ရိုးမီး၊ မြက်၊ သစ်ရွက်မှိုက်မီးတို့နှင့်အလားတူ၏။ ဤမီးစုသည် အခွင့်ဆိုက်လျှင် ရုတ်တရက် တစ်ဟုန်တည်းထ၍တောက်၍ အနီးစပ်တွင် ရှိရှိသမျှသောဝတ္ထုစုကို ခဏချင်းလောင်ကျွမ်းစေတတ်၏။ သေခွင့်ဆိုက်လျှင် ခဏချင်းအပြီးသေ၏။ ဤပါစကဓာတ်မီးသည်

ထလွယ်၊ သေလွယ် သောင်းကျန်းသည့်အတွက်ကြောင့် ယခုကာလ မကျန်းမာလွယ်၊ အိုလွယ်၊ သေလွယ်ဖြစ်ကြရသည်။ အရပ်ဒေသကိုရွေးရ၊ အစာအာဟာရကိုရွေးရ၊ ရေ မြေ ဥတုကိုရွေးရ၊ လုံ့လ ပယောဂမှုကို တိုင်းထွာညှာတာရသည်။ ဤပါစကဓာတ်မီး မလိမ္မာသည့်အတွက်ကြောင့် ရူပကာယခန္ဓာသည် မကြည်လင်ခြင်းများရသည်။ ရူပကာယခန္ဓာမကြည်လင်ခြင်းများသည့်အတွက်ကြောင့် စိတ်မကြည်၊ ဉာဏ်မကြည်ရှိကြရ‌လေသည်။

ကာလသမ္ပတ္တိအခါ၌ ပါစကတေဇောဓာတ်ကောင်းခြင်း[ပြင်ဆင်ရန်]

  ပြဆိုခဲ့ပြီးသောပါဠိတော်၌လာသော ဤမဇ္ဈိမဓာတ်မီးနှင့် ပြည့်စုံသောသူမှာမူကား အရပ်ဒေသကိုရွေးချယ်ဖွယ်မရှိလှ ။ အစာအအဟာရကိုရွေးချယ်ဖွယ်မရှိလှ။ ရေဥတု၊ မြေဥတု၊ လေဥတု တို့ကို ရွေးချယ်ဖွယ်မရှိလှပြီ။ မအီမသာ ရောဂါဥပါဒ်ဖြစ်လောက်အောင် ထကြွသောင်းကျန်းမှု၊ ယုတ်ညံ့ နုံ့နှေးမှုဟူ၍ မရှိ။ အခါခပ်သိမ်း ညီညွတ်မျှတ၍ ရူပကာယခန္ဓာကို ကြည်လင်စွာ

စောင့်ရှောက်ပေးသော ဓာတ်မီးပေတည်း ။ ထိုကဲ့သို့သော မဇ္ဈိမဓာတ်မီးသည်ကား ကာလသမ္ပတ္တိအခါ၌ သတ္တဝါများတွင်သာရှိကြ၏။

  ယခုဝိပ္ပတ္တိအခါ၌ အလွန်တရာ ရှေးဘုန်းရှေးကံကြီးလှသော ပုရိသဝိသေသတို့၌သာရထိုက်၏။ရှေးဘုန်းရှေးကံနည်းသော သူတို့၌ကား ပကတိအားဖြင့်မရနိုင်။ ဆေးကောင်းဝါးကောင်းတို့ဖြင့် ပြုပြင်ယူမှရနိုင်သည်။
  “သက္ကတေဝ ဇရာယ ပဋိကမ္မံ ကာတုံ။” (နေတ္တိပါဠိတော်။)

ဇရာယ - အချိန်အရွယ်ကျလျှင် အိုရခြင်းဇရာတရား၏၊ ပဋိကမ္မံ - မအိုရအောင်ကြံဆောင်တားမြစ်မှုကို၊ ကာတုံ - ပြုခြင်းငှာ၊ သက္ကတေဝ - တတ်နိုင်ကောင်းသည်သာလျှင်တည်း။

   ဤပါဠိတော်၌"မအိုရအောင်တတ်နိုင်ကောင်း၏"ဟုဟောတော်မူသဖြင့်"မနာရအောင်တတ်နိုင်

ကောင်း၏"ဟူသော အနက်သည်လည်း တစ်ချက်တည်းပါလေ၏။

“သာယနဘေသဇ္ဇံ ပန သုစိရမ္ပိ ကာလံ ဇီဝိတံ ပဝတ္တေတုံ သက္ကောတိယေဝ။”(ဝိသုဒ္ဓိမဂ်မဟာဋီကာ)
  ရသာယန ဘေသဇ္ဇံ ပန - ရသာယနဆေးမျိုးသည်ကား၊ သုစိရမ္ပိ ကာလံ - အနှစ်တစ်ရာတမ်းမှငါးရာ၊ တစ်ထောင်မကသောနှစ်ကာလပတ်လုံးလည်း၊ ဇီဝိတံ - အသက်ကို၊ ပဝတ္တေတုံ - တည်စေခြင်းငှာ ၊ သက္ကောတိယေဝ - စွမ်းနိုင်သည်သာလျှင်တည်း။
     
   "ရသာယန"အဓိပ္ပာယ်။   ။ ရသာယန ဟူသောပုဒ်၌
           “ရသာ အာယနိံ ဝဍ္ဎနိံ ဧတေနာတိ ရသာယနံ ဟု ဝိဂြိုဟ်ပြု ။”

ဧတေန - ဤဓာတ်ဆေးမျိုးဖြင့်(ဝါ) ဓာတ်ဆေးမျိုးကြောင့်၊ ရသာ - ရက်၊ လ၊ နှစ်ပေါင်းထောင်သောင်းမကခိုင်မြဲလှသော အသွေးအသားအစရှိသော ရသ ဓာတ်တို့သည်။ အာယနိ ၱ ဝဍ္ဎနိ ၱ - အစဉ်တိုးပွား၍ နေကုန်၏။ ဣတိ - ဤသို့သော အကြောင်းကြောင့်၊ တံ - ထိုဆေးမျိုးသည်၊ ရသာယနံ - ရသာယန ဆေးမည်၏။ အာယုဝဍ္ဎန ဓာတ်မျိုးဆိုလိုသည်။

အသက်ရှည်၍ချမ်းသာပွားနည်း

  ရှေးဘုန်းရှေးကံပင်နည်းငြားသော်လည်း ဉာဏ်စွမ်း၊ ဝီရိယစွမ်းရှိလှ၍ ဤရသာယနဆေးမျိုးနှင့်မိမိရူပကာယခန္ဓာကို ရုပ်ပြောင်း၍သွားအောင်တတ်နိုင်ပါမူ တစ်ရာတမ်းမှာပင် တစ်ထောင်မက၊ တစ်သောင်းမက နေရသောသဘောနည်းလမ်းအမှန် ဖြစ်၏ဟု ဆိုလိုသည်။

ဘုရားရှင်၏အဆုံးအမအသက်ရှည်နည်း[ပြင်ဆင်ရန်]

  “အဘိဝါဒန သီလိဿ ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။ စတ္တာရော ဓမ္မာ ဝဍ္ဎနိ ၱ၊ အာယု ဝဏ္ဏော သုခံ ဗလံ”ဟူ၍ ထားတော်မူခဲ့သော မြတ်စွာဘုရား၏အာယုဝဍ္ဎနဆေးတော်ကြီးကိုလည်း အမြဲမှီဝဲရလိမ့်မည်။
 “အဘိဝါဒန သီလိဿ - ရှိခိုးထိုက်သူကို ရိုသစွာရှိခိုးလေ့ရှိသော၊ နိစ္စံ - အမြဲမပြတ် ၊ဝုဍ္ဎာပစာယိနော - မိမိထက် အသက်၊ဂုဏ်အားဖြင့်ကြီးသူကို ရိုသေလေ့ရှိသောပုဂ္ဂိုလ်အား၊ အာယု -အသက်ရှည်ခြင်းသည်လည်းကောင်း၊ သုခံ - ကိုယ်စိတ်ချမ်းသာခြင်းသည်လည်းကောင်း၊ ဗလံ - ကိုယ်အားဉာဏ်အားကြီးခြင်းသည်လည်းကောင်း၊ စတ္တာရော - လေးပါးကုန်သော၊ ဓမ္မာ -အကျိုးတရားတို့သည်၊ ဝဍ္ဎနိ ၱ -တစ်နေ့တခြားတိုးပွားကုန်၏ ။”
                     

အသက်ရှည်ရန်အားထုတ်သင့်၊မသင့်

  အချို့သောဆရာတို့ကား အာယုဝဍ္ဎနကိုအမှုစိုက်မှုသည် ခန္ဓာ၌တွယ်တာသောဥပါဒါန်မှုဖြစ်၏။

“အသက်ခန္ဓာကိုမညှာရဘူး”ဟူသော မြတ်စွာဘုရား၏ ဩဝါဒတော်နှင့်လည်း ဆန့်ကျင်၏ဟု အယူရှိကြကုန်၍ အသက်ခန္ဓာကို မညှာငဲ့ဘဲ အစားအစာကိုခြိုးခြံမှု၊ အဝတ်အရုံကိုခြိုးခြံမှု၊ အရိပ်အာဝါသကိုခြိုးခြံမှု တို့ကို အားထုတ်ကြကုန်၏။

  ထိုသို့အားထုတ်ကြသော ခြိုးခြံမှုများသည် ထိုဥပါဒါန်ကို တဒင်္ဂပဟာန်ဖြင့် ပယ်မှုမျှသာဖြစ်၏။
ထိုဥပါဒါန်ကို လွန်မြောက်နိုင်သော အလုပ်မျိုးပင်မဟုတ်။ သစ်ပင်၊တောချုံ ထူထပ်လှစွာသောနေရာ၌ ယခုနှစ်မြေပေါ်တွင် ခုတ်ထွင်ရှင်းလင်းမှုသည် နောက်နှစ်၌ ထိုနေရာတွင် သစ်ပင်၊တောချုံ စည်ကားရုံမျှဖြစ်သကဲ့သို့ နောက်ဘဝ၌ ထိုဥပါဒါန်တရား စည်ကားရန်ဖို့ပြုသကဲ့သို့သာရှိ၏။
                     ဝိပဿနာဉာဏ်ဖြင့် ဥပါဒါန်ကိုဖြတ်ပုံ
    
   ထိုဥပါဒါန်ကို လွန်မြောက်နိုင်သော အလုပ်မှာမူကား ဝိပဿနာဉာဏ်တည်းဟူသော မြမြထက်သောပေါက်တူးဖြင့် မိမိကိုယ်ခန္ဓာ သူတစ်ပါးကိုယ်ခန္ဓာ၊ ယခုပစ္စုပ္ပန်ခန္ဓာ၊ နောင်အနာဂတ်ခန္ဓာတို့ကို မှုန့်မှုန့်ညက်ညက် တူးဖြိုမှုသာလျှင် အသက်ခန္ဓာ၌တွယ်တာသော ဥပါဒါန်ကို

လွန်မြောက်နိုင်သော အမှုမှန်ဖြစ်ပေသတည်း။ ထိုသို့သော တူးဖြိုမှုကိုပြုလုပ်အားထုတ်ပေါက်ရောက်ထမြောက် နိုင်ရာသောအင်္ဂါစုတွင် အနာရောဂါကင်းရှင်းခြင်းဟူသော ဤဒုတိယအင်္ဂါသည် ပါရှိသည်ဖြစ်၍ ထိုဥပါဒါန်ကို လွန်မြောက်ခြင်းငှာ အရိယဝိဇ္ဇာလမ်းကို ကြိုးပမ်းအားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် အရိယဝိဇ္ဇာလမ်း ဆုံးကမ်းတိုင်ရောက် ထမြောက်သည့်တိုင်အောင် အနာရောဂါကင်းရှင်းခြင်းဟူသော ဤ ဒုတိယအင်္ဂါကို ကောင်းစွာအားထုတ်အပ်သတည်း။ ။ဒုတိယအင်္ဂါပြီး၏။

                                တတိယအင်္ဂါ    

   “အသဠော ဟောတိ အမာယာဝီ ယထာဘူတံ အတ္တာနံ အာဝိကတ္တာ သတ္ထရိ ဝါ ဝိညူသု ဝါ သဗြဟ္မစာရီသု။”

စိတ်နှလုံး ဖြောင့်မတ်စင်ကြယ်ခြင်း။ ။အသဠော - မစဉ်းလဲသည်၊ အမာယာဝီ - လှည့်ပတ်ခြင်းမရှိသည်၊ ဟောတိ- ဖြစ်၏။ သတ္ထရီ ဝါ - ငါဘုရား၌သော်လည်းကောင်း၊ ဝိညူသု- မိမိထက်တရားကျမ်းဂန်အမြင် သန်ကုန်သော၊ သဗြဟ္မစာရီသု ဝါ - အတူနေသီတင်းသုံးဖော်တို့၌သော်လည်းကောင်း၊ အတ္တာနံ - မိမိကိုယ်ကို၊ ယထာဘူတံ - ဟုတ်မှန်သောအတိုင်း၊ အာဝိကတ္တာ - ထင်စွာ ပြုတတ်သည်၊ ဟောတိ - ဖြစ်၏။

  မိမိ၏စိတ်သန္တာန်၌ရှိသော အမူအရာ၊အကြံအစည်၊ဝါသနာ၊စရိုက် တို့ကို မထိမ်မချန် ဖြောင့်မှန်စွာလင်းရမည်။ မသိဘဲနှင့် အသိလုပ်ချင်မှု၊ မမြင်ဘဲနှင့် အမြင်လုပ်ချင်မှု၊

အနည်းငယ်မျှသိသည်မြင်သည်ကို အများလုပ်ချင်မှု၊ အသိအဉာဏ်မပါးဘဲနှင့် အပါးလုပ်ချင်မှု။

  ဤကဲ့သို့သော ကောက်ကျစ်မှုများကို အနည်းငယ်မျှမရှိစေရ။ ဖြောင့်စင်းဖြူစင်သော စိတ်နှလုံးရှိစေရမည်ဟုဆိုလိုသည်။   ။တတိယအင်္ဂါ ပြီး၏။
                 

စတုတ္ထအင်္ဂါ

“အာရဒ္ဓဝီရိယော ဝိဟရတိ အကုသလာနံ ဓမ္မာနံ ပဟာနာယ ကုသလာနံ ဓမ္မာနံ ဥပသမ္ပဒါယ ထာမဝါ ဒဠပရက္ကမော အနိက္ခိတ္တဓုရော ကုသလေသု ဓမ္မေသု။”

                            ဝီရိယထက်သန်ခြင်း။   ။အကုသလာနံ - အကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မာနံ - ယုတ်မာသောတရားတို့ကို၊ ပဟာနာယ - ပယ်ဖျောက်ခြင်းငှာ၊ ကုသလာနံ - ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မာနံ -

စင်ကြယ်ကောင်းမြတ်သော တရားတို့ကို၊ ဥပသမ္ပဒါယ - ပြည့်စုံခြင်းငှာ၊ အာရဒ္ဓ ဝီယော - အမြဲမပြတ်အားထုတ်အပ်သော ဝီရိယရှိသည်ဖြစ်၍၊ ဝိဟရတိ - နေ၏။ ထာမဝါ - ထက်သန်သော စိတ်စွမ်း၊ကိုယ်စွမ်းရှိ၏။ ဒဠပရက္ကမော - အပြင်းအထန် အလွန်သန်သော လုံ့လရှိ၏။ ကုသလေသု ဓမ္မေသု - ကုသိုလ်လေးပါး မြတ်တရားတို့၌၊ အနိက္ခိတ္တဓုရော - အခါခပ်သိမ်း မချသောဝန်သည်ရှိ၏။

    မိမိသန္တာန်၌ရှိသမျှသော အဝိဇ္ဇာ၊တဏှာ အစရှိသောအကုသိုလ်တရားတို့ကို ယခုဘဝနေ့ချင်းညချင်း သမုစ္ဆေဒပဟာန်ဖြင့် အကုန်အစင်ပယ်ဖြတ်ခြင်း၊ ကာမကုသိုလ်၊ မဟဂ္ဂုတ်ကုသိုလ်၊ လောကုတ္တရာကုသိုလ်တို့ကို ရပြီး ရောက်ပြီးဖြစ်စေခြင်းငှာ စိတ်စွမ်း၊ ကိုယ်စွမ်း၊ ဝီရိယအစွမ်း အလွန်ထက်သန်၏။

မြွေဆိပ်တက်နေသူဥပမာနှင့် ကာမဂုဏ်ကိလေသာအဆိပ်

  မြွေဆိုးကိုက်သောအခါ မြွေဆိပ်မွန်း၍ မလှုပ်မယှက် မျက်စိမမြင် ထွက်သက် ဝင်သက်ချုပ်၍ နေသောသူ

သည် ဆေးအနည်းငယ်တွေ့၍ ထွက်သက် ဝင်သက် ရကာမျှနှင့်လည်း မအေးသေး။ ဘယ်ပြောင်း ညာပြန် လှုပ်ရှားနိုင်ရုံမျှနှင့်လည်း မအေးသာသေး။ မျက်စိမြင်ရုံမျှနှင့်လည်း မအေးသာသေး။ ဦးခေါင်းမှအောက်သို့ မြွေဆိပ်လျှောကာမျှနှင့်လည်း မအေးသာသေး။ ခါးမှအောက်သို့လျှောကာမျှနှင့်လည်း မအေးသာသေး။ ဒူးမှအောက်သို့ လျှောကာမျှနှင့်လည်း မအေးသာသေး။ ကိုက်ရာအနာဝမှ အကုန်အစင်လျှောကျသောအခါမှသာ စိတ်အေးရသကဲ့သို့ ထို့အတူ -

                                 ကိလေသာအဆိပ်မှ ထွက်မြောက်ပုံဆင့်ဆင့်
  
  လူအဖြစ်၌ ကာမဂုဏ်အဆိပ်၊ နိဝရဏအဆိပ် မွန်း၍နေသောသူသည် ရသေ့ ရဟန်း အဖြစ်သို့ရောက်သောအခါ အနည်းငယ်မျှဆေးတွေ့၍ ထွက်သက် ဝင်သက် ရသောသူနှင့်တူ၏။

သီလဝိသုဒ္ဓိကို ရကာမျှနှင့်လည်း အေးခွင့်မရှိသေးဟုဆိုလိုသည်။

    ရသေ့ ရဟန်းအဖြစ်သို့ရောက်ပြီးသောသူသည် ဓုတင်တေရသကိုဆောင်၍ ခြိုးခြံသော ပဋိပတ်၌ တည်သောအခါ ဘယ်ပြောင်းညာပြန် လှုပ်ရှားနိုင်သော သူနာနှင့် တူ၏။
  သီလဓုတင် ပဋိပတ်တို့၌ တည်၍ ဝိပဿနာလမ်းကို ပြနိုင်သောဆရာကိုကောင်းစွာခစားလျှက် ဝိပဿနာလမ်းကို လက်ထပ်ရအောင်သင်ယူ၍ ဆိတ်ငြိမ်းရာအရပ်၌ ဝိပဿနာအလုပ်ကို ကျပ်ကျပ်တည်းတည်း အားထုတ်သဖြင့် မိမိကိုယ်ခန္ဓာအတွင်း၌ ရုပ်အသိုက်အအုံ၊ နာမ်အသိုက်အအုံ၊ ရုပ်တို့၏ အဖြစ်အပျက်၊ နာမ်တို့၏အဖြစ်အပျက်တို့ကို လင်းလင်းချင်းချင်း မြင်ရသောအခါ မျက်စိမြင်၍လာသော သူနာနှင့်တူ၏။ မျက်စိမြင်ရုံမျှနှင့်လည်း အဆိပ်ရောဂါသက်သာသည်ဟု မဆိုလောက်သေး။ ယခုကာလအထက်နိုင်ငံ၊ အောက်နိုင်ငံမှာ တောတောင်ဝင်၍ ကျင့်ကြံသောသူများကား မျက်စိမြင်သောစခန်းသို့ပင် မရောက်နိုင်ကြသေး။
  ဝိပဿနာ၌ ဉာဏ်မြင်သန်၍ သောတာပန်အဖြစ်သို့ရောက်သောအခါဦးခေါင်း၌ အဆိပ်ရောဂါပျောက်ငြိမ်းသောသူနာနှင့်တူ၏။
  သကဒါဂါမ် အဖြစ်သို့ရောက်သောအခါ ခါးမှအထက်၌ အဆိပ်ရောဂါပျောက်ငြိမ်းသောသူနာနှင့်တူ၏။
  အနာဂါမ် အဖြစ်သို့ရောက်သောအခါ ဒူးမှအထက်၌ အဆိပ်ရောဂါပျောက်ငြိမ်းသောသူနာနှင့်တူ၏။
  ရဟန္တာအဖြစ်သို့ရောက်သောအခါမှသာ မြွေကိုက်ရာအနာဝမှ အကုန်အစင် အဆိပ်လျှော၍အနာရောဂါအချင်းခပ်သိမ်းကင်းငြိမ်းစင်ကြယ်ပြီးသောသူနာနှင့်တူ၏။
  ထို့သို့ အနာရောဂါအချင်းခပ်သိမ်း စင်ကြယ်သောစခန်းသို့ မဆိုက်သမျှကာလပတ်လုံး ထိုသူနာသည် မိမိ၌ကပ်ရောက်ညှင်းပန်း၍နေသော မြွေဆိပ်ရောဂါပျောက်ငြိမ်းရန်အလုပ် မှတပါး

တခြားသောကိစ္စတို့ကို ရှင်းပယ်ဖြတ်၍ ထိုမြွေဆိပ်ရောဂါ ပျောက်ငြိမ်းရန်အလုပ်ကိုသာ နေ့နေ့၊ ညည၊ မနေမနား ကြိုးစားအားထုတ်ရသကဲ့သို့... ကိလေသာတည်းဟူသော အဆိပ်ရောဂါ မွန်း၍နေကြသောသူတို့မှာလည်း ဘုရားတည်းဟူသော အရိယဝိဇ္ဇာဓိုရ်ကြီး၊ ဝိပဿနာပညာ၊ မဂ်ပညာတည်းဟူသော ဝိဇ္ဇာမယိဒ္ဓိဆေးတို့နှင့် ယခုတစ်ဘဝတွေ့ကြသောအခါ၌ ထိုကိလေသာ အဆိပ်မကင်း အချင်းခပ်သိမ်း မငြိမ်းသမျှကာလပတ်လုံး သမာပတ်ရှစ်ပါး၊ ဝိပဿနာဉာဏ်ဆယ်ပါး သို့ရောက်ပြီး ရပြီးပင်ဖြစ်သော်လည်း မဂ်စခန်း၊ ဖိုလ်စခန်း သို့မဆိုက်ရောက်သမျှကာလပတ်လုံး မလျှော့သောလုံ့လ၊ မလျှော့သောဝီရိယနှင့် ပြည့်ရမည်ဟု ဆိုလိုသည်။ ။စတုတ္ထအင်္ဂါပြီး၏။

ပဉ္စမအင်္ဂါ

  “ပညဝါ ဟောတိ ၊ ဥဒယတ္ထဂါမိနိယာ ပညာယ သမန္နာဂတော အရိယာယ နိဗ္ဗေဓိကာယ ဂါမိနိယာ။”
                                     ဝိပဿနာပညာရှိခြင်း။   ။“ပညာဝါ - ပညာရှိသည်၊ ဟောတိ - ဖြစ်၏။ ဥဒယတ္ထဂါမိနိယာ - မိမိခန္ဓာ၊ သူတစ်ပါးခန္ဓာတို့၌ရုပ်တရား နာမ်တရားတို့၏ ခဏမစဲ တသဲသဲဖြစ်ပေါ်၍နေမှု၊ ခဏမစဲ တသဲသဲချုပ်ကွယ်၍နေမှု

တို့ကို အမီလိုက်နိုင်စွာထသော၊ အရိယာယ - ပုထုဇ္ဇန်သာမန်၊ လူသာမန်၊ နတ်သာမန်တို့နှင့် မတန်မရာ မွန်မြတ်စွာထသော၊ နိဗ္ဗေဓိကာယ - ကျောက်အတိပြီးသော တောင်အထွတ်တောင်အထုတို့ကို မှုန့်မှုန့်ညက်ညက် ရက်ရက်ရဲရဲ ဝက်ဝက်ခွဲနိုင်သော ဝရဇိန် မိုးကြိုး၏အလားကဲ့သို့ ရုပ်ခဲ၊ နာမ်ခဲ၊ ခန္ဓာခဲတို့ကို ရက်ရက်ရဲရဲ ဝက်ဝက်ခွဲနိုင်သောအစွမ်းလည်းရှိထသော၊ သမ္မာ - မချွတ်မယွင်း၊ ဒုက္ခက္ခယဂါမိနိယာ - ဝဋ်ဒုက္ခ၏ကုန်ရာစခန်းသို့ တန်းတန်းဖြောင့်ဖြောင့် မထောင့်မကွေ့ ချမ်းမြေ့ပိုင်ပိုင် ဆိုက်ရောက်နိုင်ထသော၊ ပညာယ - ဉာဏ်ပညာထူးနှင့်၊ သမန္နာဂတော - ပြည့်စုံ၏။

တိဟိတ်ပုဂ္ဂိုလ်သာရထိုက်သောအင်္ဂါ

  ဤပဉ္စမအင်္ဂါသည်ကားတိဟိတ်ပုဂ္ဂိုလ်တို့၌သာ ရထိုက်သောအင်္ဂါပေတည်း။ အဟိတ်ပုဂ္ဂိုလ်၊ ဒွိဟိတ်ပုဂ္ဂိုလ်တို့နှင့်ထိုက်တန်သော အင်္ဂါမဟုတ်။ ဤအင်္ဂါနှင့် ပြည့်စုံသောသူကို တိဟိတ်ပုဂ္ဂိုလ်ပေဟု အမှန်မုချသိရသည် ။ ဤအင်္ဂါငါးပါးနှင့်ပြည့်စုံသောသူသည် ယခုဘဝ၌ပင်လျှင် အရိယဝိဇ္ဇာလမ်းကို ပေါက်ရောက်ထမြောက်အောင် လုပ်ကြံနိုင်၏ဟု ဟောတော်မူအပ်သော ပဓာနိယင်္ဂငါးပါးပြီး၏ ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဝိဇ္ဇာမဂ္ဂဒီပနီ(လယ်တီဆရာတော်ဘုရား)