ဇန်နဝါရီ ၁၉၄၈
ပုံပန်းသွင်ပြင်
၁၉၄၈ : ဇန်နဝါရီ • ဖေဖော်ဝါရီ • မတ် • ဧပြီ • မေ • ဇွန် • ဇူလိုင် • ဩဂုတ် • စက်တင်ဘာ • အောက်တိုဘာ • နိုဝင်ဘာ • ဒီဇင်ဘာ |
၁ | ၂ | ၃ | ၄ | ၅ | ၆ | ၇ | |||
---|---|---|---|---|---|---|---|---|---|
၈ | ၉ | ၁၀ | ၁၁ | ၁၂ | ၁၃ | ၁၄ | |||
၁၅ | ၁၆ | ၁၇ | ၁၈ | ၁၉ | ၂၀ | ၂၁ | |||
၂၂ | ၂၃ | ၂၄ | ၂၅ | ၂၆ | ၂၇ | ၂၈ | |||
၂၉ | ၃၀ | ၃၁ |
(၁) ရက်
[ပြင်ဆင်ရန်]- ဂျူဗလီဟော (ယခု စစ်သမိုင်းပြတိုက်)တွင် ထားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ရုပ်အလောင်းကို ပြည်သူလူထု သုံးသောင်းခန့် လာရောက် အလေးပြု။
- ရန်ကုန်မြို့ ရေကျော်ရပ်၌ သံတွဲခရိုင် အသင်းက အရေးပေါ် အစည်းအဝေး ကျင်းပကာ ရခိုင်ပြည် အရေးနှင့် ပတ်သက်၍ ပြည်မနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဆုံးဖြတ်။
(၂) ရက်
[ပြင်ဆင်ရန်]- ဘုရင်ခံ ဟူးဗတ်ရန့်(စ်) (Hubert Rance)၊ ဇနီးနှင့် အဖွဲ့ ရွှေတိဂုံစေတီတော်သို့ တက်ရောက် ကြည်ညို။ ရွှေသင်္ကန်း ကပ်လှူ။
- ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အမှုဆောင် အဖွဲ့သစ်က ရန်ကုန်မြို့ သတင်းစာဆရာများ အသင်းတိုက်၌ သတင်းစာ ဆရာများအား ဗကသ၏ ဝါဒနှင့် လမ်းစဉ် ရှင်းလင်းပြောကြား။
(၃) ရက်
[ပြင်ဆင်ရန်]- တိုင်းပြုပြည်ပြု လွှတ်တော် စတုတ္တ ညီလာခံ၌ သခင်နု တင်သွင်းသော ဝန်ကြီး စာရင်းကို အတည်ပြု။
- ဗုဒ္ဓဂါယာနှင့် သီဟိုဠ်မှ ပင့်ဆောင်လာသော ဗောဓိပင်ပျိုများ ရန်ကုန်ရောက်။
- ဘုရင်ခံ ဟူးဗတ်ရန့် (စ်) နှင့် ဇနီး ဂျူဗလီဟောသို့ သွားရောက်၍ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြု၊ ပန်းခွေချ။
- နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှုဖြင့် သေဒဏ် ပေးခံထားရသော ဦးစောက တရား လွှတ်တော်သို့ အယူခံလွှာတင်။
(၄) ရက်
[ပြင်ဆင်ရန်]- နံနက် ၄ နာရီ ၂၀ မိနစ်တွင် မြန်မာနိုင်ငံသည် အင်္ဂလိပ်တို့၏ ကိုလိုနီအဖြစ်မှ လွတ်လပ်ရေး ရရှိခဲ့သည်။ ထိုနေ့အား မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့သည်။
- နိုင်ငံတော် အာဏာ လွှဲပြောင်းသည့် အခမ်းအနား၊ လွတ်လပ်ရေး ကြေညာသည့် အခမ်းအနားနှင့် လွတ်လပ်ရေး မော်ကွန်း ကျောက်တိုင် အုဋ်မြစ်ချ အခမ်းအနားများ ကျင်းပ။ မြန်မာနိုင်ငံသည် လုံးဝ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အဖြစ် ရောက်ရှိ။
- ဘုရင်ခံ ဟူးဗတ်ရန့် (စ်) ဘာမင်ဟမ် (Birmingham) စစ်သင်္ဘောဖြင့် အင်္ဂလန်သို့ပြန်။
(၅) ရက်
[ပြင်ဆင်ရန်]- လွတ်လပ်ရေး အထိမ်းအမှတ် ကာယ ပညာပြပွဲ ဘီအေအေ (ယခု အောင်ဆန်းကွင်း) ကွင်း၌ စတင် ကျင်းပ။
- ကရင်လူမျိုးတို့သည် လွတ်လပ်သော လူမျိုးတစ်မျိုး ဖြစ်သည်ဟု ကြေညာ။
(၆) ရက်
[ပြင်ဆင်ရန်]- လွတ်လပ်ရေး အထိမ်းအမှတ် တံဆိပ်ခေါင်း ငါးမျိုးထုတ်။
- မြန်မာပြည် အိုလံပစ် အသင်းက ကြီးမှူး၍ မယ်ဒဂုန် - မောင်ဒဂုန် ရွေးပွဲ ဘီအေအေကွင်း (ယခု အောင်ဆန်းကွင်း)၌ ကျင်းပ။
- အာဇာနည် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှုကြောင့် သေဒဏ် ပေးခံထားရသော မောင်စိုး၊ မှုန်ကြီး၊ ရန်ကြီးအောင်နှင့် သက်နှင်းတို့က တရားလွှတ်တော်သို့ အယူခံလွှာတင်။
(၇) ရက်
[ပြင်ဆင်ရန်]
(၈) ရက်
[ပြင်ဆင်ရန်]- ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံး တိုင်းပြုပြည်ပြု လွှတ်တော် (ပါလီမန်) စတင် ကျင်းပ။
- ဟိုက်ကုတ် လွှတ်တော်ရုံးဝင်း အတွင်း၌ နိုင်ငံတော် တရားလွှတ်တော်ချုပ်ရုံး ဖွင့်ပွဲ ကျင်းပ။
- သထုံ စော်ဘွားကြီး စပ်ခွန်ကြည် ရန်ကုန်၌ လေဖြတ်၍ ကွယ်လွန်။
(၉) ရက်
[ပြင်ဆင်ရန်]
(၁၀) ရက်
[ပြင်ဆင်ရန်]- မြစ်ကြီးနားနှင့် ဗန်းမော် ခရိုင်များ ပါသော ကချင်ပြည်နယ်ဖွဲ့။
(၁၁) ရက်
[ပြင်ဆင်ရန်]
(၁၂) ရက်
[ပြင်ဆင်ရန်]
(၁၃) ရက်
[ပြင်ဆင်ရန်]
(၁၄) ရက်
[ပြင်ဆင်ရန်]- မြစ်ကြီးနား၌ ကျင်းပသော ကချင် မနောပွဲ သို့ သမ္မတ စပ်ရွှေသိုက်နှင့် ဝန်ကြီးချုပ် သခင်နုတို့ တက်။
(၁၅) ရက်
[ပြင်ဆင်ရန်]
(၁၆) ရက်
[ပြင်ဆင်ရန်]
(၁၇) ရက်
[ပြင်ဆင်ရန်]- ရှမ်းပြည်တောင်ပိုင်း လဲချားစော်ဘွား၏ မဟာဒေဝီနှင့် နောက်ပါ ၅ဝ ခန့်တို့ ရွှေတိဂုံဘုရား ဖူးရန်နှင့် အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုရန် ရန်ကုန်ရောက်။
(၁၈) ရက်
[ပြင်ဆင်ရန်]- ရန်ကုန်မြို့ ဆန်းကဖေး၌ မြန်မာနိုင်ငံ ပုံနှိပ် ထုတ်ဝေသူများအသင်း နှစ်ပတ်လည် ညီလာခံ ကျင်းပ။ ဥက္ကဋ္ဌ ဦးအုန်းဖေ (တက်တိုး)နှင့် အတွင်းရေးမှူး ဦးအောင်စိန် (ကမ္ဘာ့စာပေတိုက်) တို့ ပါသော အမှုဆောင်သစ် ၁၅ ဦး ရွေး။
(၁၉) ရက်
[ပြင်ဆင်ရန်]
(၂၀) ရက်
[ပြင်ဆင်ရန်]- ရှမ်းပြည်နယ် ကောင်စီ၏ ပထမ အကြိမ် ညီလာခံကို ရန်ကုန်မြို့ ရွှေတောင်ကြားလမ်း၊ အမှတ် ၃၁ တွင် ကျင်းပ။ ရှမ်းပြည်နယ် ကောင်စီ အတွက် နည်းဥပဒေများ ရေးဆွဲရေး ဆွေးနွေး။
(၂၁) ရက်
[ပြင်ဆင်ရန်]
(၂၂) ရက်
[ပြင်ဆင်ရန်]- ရခိုင် - မြန်မာ ချစ်ကြည်ရေး၊ အမှုဆောင် အစည်းအဝေး၊ ရန်ကုန်မြို့၊ စတော့ကိတ်လမ်း၊ မင်္ဂလာသုခ ကျောင်း၌ ကျင်းပ။
(၂၃) ရက်
[ပြင်ဆင်ရန်]
(၂၄) ရက်
[ပြင်ဆင်ရန်]- ပဲခူးမြို့ - ရွှေမော်ဓော ဘုရား ပြုပြင်ရန် အတွက် အောင်ပန္နက်ချက် မင်္ဂလာ အခမ်းအနားသို့ သမ္မတကြီး၊ သမ္မတကတော်နှင့် ဝန်ကြီးများ တက်ရောက်။
- အဖွဲ့ဝင် ခုနစ်ဦး ပါသော ဗြိတိသျှ စစ်မစ်ရှင် ရန်ကုန်ရောက်။
- အလံနီ ကွန်မြူနစ် ပါတီနှင့် ဆက်သွယ်သဖြင့် သခင် လေးမောင် နေအိမ်တွင် အဖမ်းခံရ။
(၂၅) ရက်
[ပြင်ဆင်ရန်]- ပထမ အကြိမ်မြောက် မြန်မာနိုင်ငံ အိုလံပစ်ပွဲတော်ကို ဘီအေအေကွင်း၌ စတင် ကျင်းပ။
(၂၆) ရက်
[ပြင်ဆင်ရန်]- အလုံရပ်ရှိ အဖေါင်သစ်စက်၊ အမှတ် ၉ နှင့် အမှတ် ၁ဝ သစ်စက်နှင့် အလီမူလာ သစ်စက် လေးစက်မှ အလုပ်သမားများ လုပ်ခတိုးရရေး အတွက် သပိတ်မှောက်။
- ဗမာပြည် သတင်းစာများ အသင်းတိုက်၌ ဒုတိယ ဝန်ကြီးချုပ် ဗိုလ်လင်္ကျာနှင့် ဗိုလ်ကြီး စောကြာဒိုးတို့က ရခိုင်ပြည်၏ နောက်ဆုံး အခြေအနေကို သတင်းစာ ဆရာများအား ရှင်းလင်း ပြောကြား။
- ဦးစော၏ အယူခံကို ကြားနာရန် တရားဝန်ကြီး ဦးအုံးဖေ၊ ဦးစံမော်နှင့် ဦးဘိုကြီးတို့ပါသော ခုံရုံးဖွဲ့။
(၂၇) ရက်
[ပြင်ဆင်ရန်]- တရုတ်ပြည် ဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးမြင့်သိန်း နန်ကင်းမြို့ ရောက်။
- ပြည်ထောင်စု မြန်မာနိုင်ငံတော် ပါလီမန်က ဆက်သွယ်သမှု စာများကို မြန်မာစာနှင့် အသုံးပြုနိုင်ကြောင်း ကြေညာ။
(၂၈) ရက်
[ပြင်ဆင်ရန်]- စပ်ခွန်ချို ရှမ်းပြည်နယ် ဥက္ကဋ္ဌ တာဝန် စယူ။
(၂၉) ရက်
[ပြင်ဆင်ရန်]- ဦးစော၏ ဇနီး ဒေါ်သန်းခင်က ရွှေတိဂုံ ဂေါပက အဖွဲ့သို့ သွားရောက်၍ ကျောက်စိမ်းလက်ကောက် တဖက်လှူ။ ထိုလက်ကောက်မှာ ဦးစော နန်းရင်းဝန်ဘဝ ၁၉၄၁ ခုနှစ်တွင် အင်္ဂလန် သွားစဉ်က အမည် မဖော်လိုသော အမျိုးသမီး တဦးက ဦးစောအား မြန်မာပြည် ယူသွားရန် ပေးလိုက်သည်။ မင်းတုန်းမင်း မိဖုရားကြီး ဝတ်ဆင်သော လက်ကောက် ဖြစ်သည်။
(၃၀) ရက်
[ပြင်ဆင်ရန်]- ညနေ ၅ နာရီ ၁၀ မိနစ် အချိန်တွင် အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ တွင် အိန္ဒိယနိုင်ငံ၏ အကြမ်းမဖက်ဆန့်ကျင်ရေးလှုပ်ရှားမှု ခေါင်းဆောင် မဟတ္တမ ဂန္ဒီ လုပ်ကြံခံခဲ့ရသည်။
(၃၁) ရက်
[ပြင်ဆင်ရန်]