ကိုလိုနီ

ဝီကီပီးဒီးယား မှ

ကိုလိုနီ (အင်္ဂလိပ်: Colony) ဆိုသည်မှာ လက်အောက်ခံ နိုင်ငံစုကို ခေါ်တွင်သည်။ ဗြိတိသျှပြင်သစ်ဒတ်ချ်စပိန်ပေါ်တူဂီ စသောနိုင်ငံများသည် အာရှဥရောပတောင်အမေရိကအာဖရိက စသော တိုက်ကြီးများနှင့် သမုဒ္ဒရာများတွင် စီးပွားရေးစားကျက်နယ်ပယ်များ ရှာဖွေကြ၍ နည်းအမျိုးမျိုးဖြင့် မိမိတို့ လက်အောက်ခံနိုင်ငံများအဖြစ် သွတ်သွင်း၍ သွေးစုပ်အုပ်ချုပ်ကြသည်။ စစ်တိုက်ခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း၊ ပြည်တွင်းရေးစွက်ဖက်ခြင်း၊ ဩဇာဖြန့်ခြင်း၊ သာသနာပြုခြင်း စသော နည်းအမျိုးမျိုးဖြင့် လက်နက်အင်အားနည်းပါးသော နိုင်ငံပေါင်းများစွာတို့သည် နိုင်ငံကြီးများ၏ ပိုင်နက်အင်ပါယာ အပါအဝင်များဖြစ်ခဲ့ရသည်။ ထိုနိုင်ငံများတွင် ကိုလိုနီအုပ်ချုပ်ရေး စနစ်ဖြင့် သီးခြားအုပ်ချုပ်ကြသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ကိုလိုနီနိုင်ငံအများ လွတ်လပ်လာကြသည်။ ကိုလိုနီလက်အောက်ခံ နိုင်ငံအချို့ ကျန်ရှိနေပေသေးသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ကိုလိုနီ" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။