စကြီမင်းဆက်
စကြီမင်းဆက် | |
---|---|
အမှတ်တံဆိပ် | |
နိုင်ငံ | ထိုင်းနိုင်ငံ |
တည်ထောင်ခြင်း | ၆ April ၁၇၈၂ |
တည်ထောင်သူ | ရာမ ၁ |
လက်ရှိ အကြီးအကဲ | ရာမ ၁၀ |
အမည်များ | ရတနကောသိန္ဒြပြည် (၁၇၈၂-၁၉၄၀) ထိုင်းနိုင်ငံ (၁၉၄၈-လက်ရှိ) |
Estate(s) | ထိုင်းဘုရင့်နိုင်ငံ |
Cadet branches | ဆွေမျိုးစပ်သူ မိသားစု ၁၃၁ စု (တော်ဝင် ၉၁ စုနှင့် ဧကရာဇ်မျိုးနွယ် ၄၀ စု) |
စကြီမင်းဆက် (ခေါ်) စကြီရာဇဝံသ (ထိုင်း: ราชวงศ์จักรี; Ratchawong Chakkri) (အင်္ဂလိပ်: Chakri dynasty) သည် ထိုင်းဘုရင်နိုင်ငံ၏ လက်ရှိမင်းဆက်ဖြစ်ကာ အကြီးအကဲဘုရင်မှာ နိုင်ငံတော်၏ ခေါင်းဆောင် ဖြစ်သည်။ တာ့ခ်ဆင် အုပ်ချုပ်သော ဓနပုရီပြည်ခေတ်အလွန် ၁၇၈၂ ခုနှစ်တွင် မြို့တော်ကို ဘန်ကောက်မြို့ သို့ပြောင်းပြီးချိန် ရတနကောသိန္ဒြခေတ်မှ စ၍ ထိုင်းနိုင်ငံကို အုပ်စိုးခဲ့သည်။ ဤမင်းဆက်ကို တရုတ်-မွန်နွယ်ဖွား ဖြစ်သော အယုဒ္ဓယ စစ်တပ်ခေါင်းဆောင် ဖြစ်သူ ရာမ ၁က တည်ထောင်ခဲ့သည်။
လက်ရှိအကြီးအကဲဖြစ်သူမှာ (၁၀) ယောက်မြောက် ရာမဘုရင်ဖြစ်သော ဝဇိရာလင်္ကရဏဖြစ်သည်။ မင်းဆက်၏ လက်ရှိနေရာမှာ ဘန်ကောက်မြို့ရှိ တော်ဝင်နန်းတော်ဖြစ်သည်။
ထိုင်းနိုင်ငံ၏ တော်ဝင်မိသားစု
[ပြင်ဆင်ရန်]ထိုင်းနိုင်ငံ၏ လက်ရှိတော်ဝင်မိသားစုမှာ မဟီတလအတုလျေတေဇမင်းသားမှ ဆင်းသက်လာသည်။ သူသည် စုဠာလင်္ကရဏဘုရင်၏ သားတော်ဖြစ်ကာ ဝဇိရာဝုဓဘုရင်နှင့် ပြဇာဓိပကဘုရင်တို့ အဖေတူအမေကွဲ ညီအစ်ကိုလည်းဖြစ်သည်။ မဟီတလအတုလျေတေဇ၏ သားတော်ကြီး အာနန္ဒမဟီတလ နတ်ရွာစံပြီးနောက် သားတော်ငယ် ဘူမိဗလအတုလျတေဇ နန်းတက်ခဲ့သည်။ သူ့အား သားတော် ဝဇိရာလင်္ကရဏ ဆက်ခံခဲ့သည်။
မိသားစုဝင်များ
[ပြင်ဆင်ရန်]တော်ဝင်မိသားစု၏ လက်ရှိမိသားစုဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- ဘုရင် ဝဇိရာလင်္ကရဏ
- ဝဇိရကိတိယာဘာ (အကြီးဆုံး သမီးတော်)
- သီရိဝဏ္ဏဝရီ နာရီရတန (သမီးတော်ငယ်)
- ဒီပင်္ကရ ရံသိဇောတိ (အငယ်ဆုံးသားတော်)
- သီရိခေတ် (ဘုရင့်မယ်တော်)
- သိရိန္ဓရ (ဘုရင့်ညီမတော်)
- စုဠာဘရဏ (ဘုရင့်ညီမတော်)
- သိရိဘာစုဍာဘရဏ (ဘုရင့်တူမတော်၊စုဠာဘရဏမင်းသမီး၏ သမီး)
- အဒိတျာဒရကိတိဂုဏ (ဘုရင့်တူမတော်၊စုဠာဘရဏမင်းသမီး၏ သမီး)
- ဥပ္ပလရတနာ (ဘုရင့် အစ်မတော်)
အခြား မိသားစုဝင်များ
[ပြင်ဆင်ရန်]- စုံသဝလီ (ဘုရင့် ယခင်မိဖုရား၊ဝဇိရကိတိယာဘာ၏ မယ်တော်)
- ပလွိုင်းပိုင်လင် ဂျန်ဆန် (ဘုရင့်တူမတော်၊ဥပ္ပလရတနာ၏ သမီး)
- သိရိကိတိယာ ဂျန်ဆန် (ဘုရင့်တူမတော်၊ဥပ္ပလရတနာ၏ သမီး)
- ဒသနာဝလယ သရသင်္ဂြါမ (ဘုရင့် ဝမ်းကွဲအစ်မ)
မကြာမီက လွန်လေပြီးသော မိသားစုဝင်များ
[ပြင်ဆင်ရန်]- ဘူမိဗလအတုလျတေဇ (၂၀၁၆)
- ဝဇိရရတန (ဘုရင်ဘူမိဗလ၏ ဝမ်းကွဲ၊ဗာဂျီရာဗုဘုရင်၏ တစ်ဦးတည်းသောသမီး) (၂၀၁၁)
- ကလျာဏိ ဝဎနာ (ဘုရင်ဘူမိဗလ၏ အစ်မတော်) (၂၀၀၈)
- ပွန်းဂျန်ဆန် (ဥပ္ပလရတနာ၏ သားတော်) (၂၀၀၄)
- သီရိနဂရိန္ဒြာ (ရာမ၈နှင့် ရာမ၉ တို့၏မယ်တော်) (၁၉၉၅)
နန်းမွေနန်းလျာ ဆက်ခံမှု ဇယား
[ပြင်ဆင်ရန်]- ဗုဒ္ဓ ယော့ဖာ စုဠာလောက (ရာမ၁) (၁၇၃၇–၁၈၀၉)
- ဗုဒ္ဓ လော့လာ နဘာလယ (ရာမ၂) (၁၇၆၇–၁၈၂၄)(ရာမ၁၏သားတော်)
- နန်းကလော (ရာမ၃) (၁၇၈၈–၁၈၅၁)(ရာမ၂၏သားတော်)
- မကုဋ (ရာမ၄) (၁၈၀၄–၁၈၆၈)(ရာမ၂၏သားတော်)
- စုဠာလင်္ကရဏ (ရာမ၅) (၁၈၅၃–၁၉၁၀)(ရာမ၄၏သားတော်)
- ဝဇိရာဝုဓ (ရာမ၆) (၁၈၈၁–၁၉၂၅)(ရာမ၅၏သားတော်)
- ပြဇာဓိပက (ရာမ၇) (၁၈၉၃–၁၉၄၁)(ရာမ၅၏သားတော်)
- အာနန္ဒာ မဟီတလ (ဆုန်ခလာမင်းသား) (၁၈၉၂–၁၉၂၉)(ရာမ၅၏သားတော်)
- အာနန္ဒ မဟိတလ (ရာမ၈) (၁၉၂၅–၁၉၄၆)(ဆုန်ခလာမင်းသား၏သားတော်)
- ဘူမိဗလအတုလျတေဇ (ရာမ၉) (၁၉၂၇–၂၀၁၆)(ဆုန်ခလာမင်းသား၏သားတော်)
- ဝဇိရာလင်္ကရဏ (ရာမ၁၀) (၁၉၅၂-)(ရာမ၉၏သားတော်)
- (၁) ဒီပင်္ကရ ရံသိဇောတိမင်းသား (၂၀၀၅-)(ရာမ၁၀၏သားတော်)
- (၂) ဝဇိရကိတိယာဘာ (၁၉၇၈-)
- (၃) သီရိဝဏ္ဏဝရီ နာရီရတန (၁၉၈၇-)
- (၄) သိရိန္ဓရမင်းသမီး (၁၉၅၅-)
- (၅) စုဠာဘရဏမင်းသမီး (၁၉၅၇-)
- (၆) သိရိဘာစုဍာဘရဏ (၁၉၈၂-)
- (၇) အဒိတျာဒရကိတိဂုဏ (၁၉၈၄-)
- ဝဇိရာလင်္ကရဏ (ရာမ၁၀) (၁၉၅၂-)(ရာမ၉၏သားတော်)
- စုဠာလင်္ကရဏ (ရာမ၅) (၁၈၅၃–၁၉၁၀)(ရာမ၄၏သားတော်)
- ဗုဒ္ဓ လော့လာ နဘာလယ (ရာမ၂) (၁၇၆၇–၁၈၂၄)(ရာမ၁၏သားတော်)
မှတ်စု
[ပြင်ဆင်ရန်]- ဥပ္ပလရတနာ ရာဇာကညာမင်းသမီးသည် ဘုရင်ဘူမိဗလ၏ သမီးကြီးဖြစ်သော်လည်း ၁၉၇၂ ခုနှစ်တွင် အမေရိကန်နိုင်ငံသားနှင့် လက်ထပ်အပြီး သူ၏ နန်းမွေနန်းလျာနှင့် တော်ဝင်ဂုဏ်ပုဒ်များကို စွန့်လွှတ်ခဲ့သည်။
- စုဍာဝဇရ ဝိဝဇရဝံသ၊ ဝဇိရရေသ ဝိဝဇရဝံသ၊ စကြီဝဇိရ ဝိဝဇရဝံသ၊ ဝဇရဝီရ ဝိဝဇရဝံသ င်းသားများသည် ဝဇိရာလင်္ကရဏဘုရင်၏ သားတော်များဖြစ်သော်လည်း ဝဇိရာလင်္ကရဏက သုစာရိဏီ ဝိဝဇရဝံသမိဖုရားနှင့်အတူ ၎င်းတို့ကိုပါ စွန့်ပစ်လိုက်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဘုရင်များ
[ပြင်ဆင်ရန်]ပုံ | အမည် | မွေးဖွားခြင်း | စိုးစံမှုစတင်ခြင်း | စိုးစံမှုပြီးဆုံးခြင်း | နတ်ရွာစံခြင်း | မိဖုရားများ | သားသမီးများ |
---|---|---|---|---|---|---|---|
ဗုဒ္ဓ ယော့ဖာ စုဠာလောက (ရာမ၁) |
၂၀ မတ် ၁၇၃၇ အယုဓျာမြို့၊ အယုဓျာတိုင်းပြည် |
၆ ဧပြီ ၁၇၈၂ | ၇ စက်တင်ဘာ ၁၈၀၉ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော် ၇၂ |
အမရိန္ဒြာ နှင့်အခြားမိဖုရား ၃၁ပါး |
သားတော်၁၇၊ သမီးတော် ၂၅ | ||
ဗုဒ္ဓ လော့လာ နဘာလယ (ရာမ၂) |
၂၄ ဖေဖော်ဝါရီ ၁၇၆၇ အမ်ဖဝါး၊ အယုဓျာတိုင်းပြည် |
၇ စက်တင်ဘာ ၁၈၀၉ | ၂၁ ဇူလိုင် ၁၈၂၄ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော် ၅၇ |
|
သားတော်၃၈၊ သမီးတော်၃၅ | ||
နန်းကလော (ရာမ၃) |
၃၁ မတ် ၁၇၈၈ သွန်ဘူရီနန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၂၁ ဇူလိုင်၁၈၂၄ | ၂ ဧပြီ ၁၈၅၁ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော် ၆၃ |
မိဖုရား၄၂ပါး | သားတော်၂၂၊ သမီးတော်၂၉ | ||
မကုဋ (ရာမ၄) |
၁၈ အောက်တိုဘာ ၁၈၀၄ သွန်ဘူရီနန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၂ ဧပြီ ၁၈၅၁ | ၁ အောက်တိုဘာ ၁၈၆၈ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော် ၆၃ |
|
သားတော်၃၉၊ သမီးတော်၄၃ | ||
စုဠာလင်္ကရဏ (ရာမ၅) |
၂၀ စက်တင်ဘာ ၁၈၅၃ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၁ အောက်တိုဘာ ၁၈၆၈ | ၂၃ အောက်တိုဘာ ၁၉၁၀ ဒူဆစ်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော် ၅၇ |
|
သားတော် ၃၂၊ သမီးတော်၄၄ | ||
ဝဇိရာဝုဓ (ရာမ၆) |
၁ ဇန်နဝါရီ ၁၈၈၁ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၂၃ အောက်တိုဘာ ၁၉၁၀ | ၂၆ နိုဝင်ဘာ ၁၉၂၅ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော် ၄၄ |
ဝဇိရရတနရာဇသုတာ | |||
ပြဇာဓိပက (ရာမ၇) |
၈ နိုဝင်ဘာ ၁၈၉၃ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၂၆ နိုဝင်ဘာ ၁၉၂၅ | ၂ မတ် ၁၉၃၅ | ၃၀ မေ ၁၉၄၁1 ဗြိတိန်နိုင်ငံ သက်တော် ၄၇ |
ရမ်ဘိုင် ဘာနီ | - | |
အာနန္ဒ မဟိတလ (ရာမ၈) |
၂၀ စက်တင်ဘာ ၁၉၂၅ ဟိုင်ဒါဘတ်၊ ဘာဒန်သမ္မတနိုင်ငံ၊ ဝါမန် |
၂ မတ် ၁၉၃၅ ၁၉၃၅မှ ၁၉၄၆အထိ ဘုရင်ခံကောင်စီဖြင့်သာ အုပ်ချုပ်ခဲ့သည်။ |
၉ ဇွန် ၁၉၄၆ ဘိုရွန်းဖီမင်နန်းဆောင်တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ သက်တော် ၂၀ |
- | - | ||
ဘူမိဗလအတုလျတေဇ (ရာမ၉) |
၅ ဒီဇင်ဘာ ၁၉၂၇ အာဘန်တောင် ဆေးရုံ၊ ကမ်းဘရေ့ချ်၊ မက်ဆာချူးဆက်ပြည်နယ်၊ အမေရိကန်ပြည်ထောင်စု |
၉ ဇွန် ၁၉၄၆ (၁၉၅၀ မေလ ၅ရက်တွင် ဘိသိက်သွန်း) |
၁၃ အောက်တိုဘာ ၂၀၁၆ သီရိရတ်ချ်ချ်ဆေးရုံ၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ သက်တော် ၈၈နှစ် |
သီရိခေတ် |
| ||
မဟာဝဇိရာလင်္ကရဏ (ရာမ၁၀) |
၂၈ ဇူလိုင် ၁၉၅၂ အမ်ပွန်း စသမ် အိမ်တော် ၊ ဒူဆစ်နန်းတော်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ |
၁၃ အောက်တိုဘာ ၂၀၁၆(၂၀၁၉ မေလတွင် ဘိသိက်သွန်းမည်) | လက်ရှိ | - |
|
အရှေ့နန်းတော်များ (ဥပရာဇာများ)
[ပြင်ဆင်ရန်]ဥပရာဇာသည် ဆိုင်ယမ်တိုင်းပြည်၏ ဒုတိယဘုရင်ဖြစ်ခဲ့သည်။ ထိုနေရာကို အဆင့်အမြင့်ဆုံးမင်းသားကို ပေးလေ့ရှိသည်။ဥပမာ- ဘုရင်၏ညီငယ် (သို့မဟုတ်) သားတော်ကြီးများဖြစ်သည်။၁၈၈၅ခုနှစ်မတိုင်မီအထိ ချက္ကရီမင်းဆက်မှန်သမျှသည် ဥပရာဇာခန့်လေ့ရှိသည်။ဥပရာဇာသည် အရှေ့နန်းတော်တွင် ရုံးစိုက်လေ့ရှိသည်။ ထိုင်းအစဉ်အလာအရ ဥပရာဇာသည် နန်းတက်ရန် လျာထားသတ်မှတ်ခံရသော်လည်း အစာရစန်ဒုံမင်းသားသာလျှင် ဗုဒ္ဓ လော့လာ နဘာလယဘုရင်အဖြစ် နန်းတက်နိုင်ခဲ့သည်။စုဠာလင်္ကရဏဘုရင်လက်ထက်တွင် သူ၏ဝမ်းကွဲ၊ဥပရာဇာဖြစ်သော ဝိဇယဇညကွယ်လွန်ပြီးနောက် ဥပရာဇာနေရာကို ဖျက်သိမ်းခဲ့သည်။ ထို့နောက် သူ၏သားအကြီးဆုံးကို အိမ်ရှေ့မင်း ခန့်အပ်ခဲ့သည်။ သို့သော် ဥပရာဇာမဟုတ်ပေ။ [၁]
ပုံ | အမည် | မွေးဖွားခြင်း | စိုးစံမှုစတင်ခြင်း (ခန့်အပ်မှုစတင်ခြင်း) |
စိုးစံမှုပြီးဆုံးခြင်း | သားသမီးများ | ဘုရင် (ဘုရင်နှင့်ပက်သက်မှု) |
---|---|---|---|---|---|---|
မဟာသုရသိင်္ဟနာဒ | ၁ နိုဝင်ဘာ ၁၇၄၄ အယုဓျာမြို့၊ အယုဓျာတိုင်းပြည် |
၁၇၈၂ | ၃ နိုဝင်ဘာ ၁၈၀၃ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၅၉ |
၄၃ယောက် | ရာမ၁ (ညီတော်) | |
အစာရစန်ဒုံ | ၂၄ ဖေဖော်ဝါရီ ၁၇၆၇ အယုဓျာတိုင်းပြည် |
၁၈၀၆ | ၇ စက်တင်ဘာ ၁၈၀၉ (ရာမ၂အဖြစ်နန်းတက်ခဲ့) |
၇၃ယောက် | ရာမ၁ (အကြီးဆုံးသား) | |
မဟာသေနာနုရက္ခ | ၂၉ မတ် ၁၇၇၃ အယုဓျာတိုင်းပြည် |
၇ စက်တင်ဘာ ၁၈၀၉ | ၁၆ ဇူလိုင် ၁၈၁၇ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၄၅ |
၄၀ယောက် | ရာမ၂ (ညီတော်) | |
ဆတ်ဒီဖိုလဆပ် | ၂၁ အောက်တိုဘာ ၁၇၈၅ အယုဓျာတိုင်းပြည် |
၂၁ ဇူလိုင် ၁၈၂၄ | ၁ မေ ၁၈၃၂ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၄၆ |
၂၀ | ရာမ၃ (ဦးရီးတော်၊ ရာမ၁၏သားတော်) | |
ပင်ကလို | ၄ စက်တင်ဘာ ၁၈၀၈ သွန်ဘူရီနန်းတော်၊ ဆိုင်ယမ်တိုင်းပြည် |
၂၅ မေ ၁၈၅၁ | ၇ ဇန်နဝါရီ ၁၈၆၆ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၅၇ |
၅၈ယောက် | ရာမ၄ (ညီတော်) | |
ဝိဇယဇည | ၆ ဧပြီ ၁၈၃၈ သွန်ဘူရီနန်းတော်၊ ဆိုင်ယမ်တိုင်းပြည် |
၂ အောက်တိုဘာ ၁၈၆၈ | ၂၈ ဩဂုတ် ၁၈၈၅ အရှေ့နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၄၇ (ကွယ်လွန်ပြီးနောက် ရာထူးဖျက်သိမ်း) |
၂၈ယောက် | ရာမ၅ (ဝမ်းကွဲ၊ ပင်ကလို၏သား) |
အနောက်နန်းတော်
[ပြင်ဆင်ရန်]အနောက်နန်းတော်ဆိုသည်မှာ အယုဓျာခေတ်မှ ဆက်၍လာသော နေရာဖြစ်သည်။ သို့သော် ချက္ကရီမင်းဆက် စတင်တည်ထောင်ချိန်မှစ၍ အနောက်နန်းတော်ကို တစ်ဦးသာစိုးစံခဲ့သည်။အနုရတ် ဒီဗေ့ချ်မင်းသားသည် ရာမ၁ဘုရင်၏ ဝမ်းကွဲဖြစ်ကာ ၁၇၈၅တွင် ခန့်အပ်ခံခဲ့ရသည်။
ပုံ | အမည် | မွေးဖွားခြင်း | ခန့်အပ်ခြင်း | သေဆုံးခြင်း | သားသမီးများ | ဘုရင် (ဘုရင်နှင့် ပက်သက်မှု) |
---|---|---|---|---|---|---|
အနုရတ် ဒီဗေ့ချ် | ၂၈ မတ် ၁၇၄၆ | ၁၇၈၅ | ၂၀ ဒီဇင်ဘာ ၁၈၀၆ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၆၀ (နေရာရပ်စဲ) |
၃၅ယောက် | ရာမ၁ (ဝမ်းကွဲ) |
အိမ်ရှေ့မင်းများ
[ပြင်ဆင်ရန်]ထိုင်းနိုင်ငံ၏ အိမ်ရှေ့မင်း သို့မဟုတ် Sayam မကုဋရာဇကုမာရ (สยามมกุฎราชกุมาร)သည် တိုင်းပြည်၏ အနာဂတ်ဘုရင်အဖြစ် သတ်မှတ်ထားသောနေရာဖြစ်သည်။၁၈၈၆ခုနှစ်တွင် စုဠာလင်္ကရဏဘုရင်သည် သူ၏အကြီးဆုံးသားကို ခန့်အပ်ခြင်းဖြင့် ရာထူးစတင်ဖန်တီးခဲ့သည်။ဤနေရာသည် အနောက်နိုင်ငံများ၏ဓလေ့မှ တိုက်ရိုက်ကူးချထားခြင်းဖြစ်သည်။ ထိုစဉ်မှစ၍ အိမ်ရှေ့မင်းသား၃ယောက်သာ ခန့်အပ်ခဲ့သည်။နောက်ဆုံးသော အိမ်ရှေ့မင်းသားမှာ လက်ရှိဘုရင် မဟာဝဇိရာလင်္ကရဏဖြစ်သည်။ သူ့ကို ၁၉၇၂ခုနှစ်တွင် ခမည်းတော် ဘုရင်ဘူမိဗလအတုလျတေဇခန့်အပ်ခဲ့ပြီး ၂၀၁၆ခုနှစ်တွင် ဘုရင်ဖြစ်လာခဲ့သည်။
ပုံ | အမည် | မွေးဖွားခြင်း | ခန့်အပ်ခြင်း | ပြီးဆုံးခြင်း | မှတ်စု | မိဘများ |
---|---|---|---|---|---|---|
မဟာဝဇိရုဏဟိသ | ၂၇ ဇွန် ၁၈၇၉ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၁၄ ဇန်နဝါရီ ၁၈၈၆[၂] | ၄ ဇန်နဝါရီ ၁၈၉၅ | အသက်၁၆နှစ်အရွယ်တွင် တိုက်ဖိုက်ရောဂါဖြင့် ကွယ်လွန် | ရာမ၅ဘုရင်နှင့် မိဖုရားဆာဗန် ဗဟာနာ | |
ဝဇိရာဝုဓ | ၁ ဇန်နဝါရီ ၁၈၈၁
တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၄ ဇန်နဝါရီ ၁၈၉၅[၃] | ၂၃ အောက်တိုဘာ ၁၉၁၀ | ခမည်းတော်နတ်ရွာစံအပြီး ရာမ၆အဖြစ်နန်းတက်ခဲ့ | ရာမ၅ဘုရင်နှင့် မိဖုရားစစ်ဗာပါ ပေါင်ဆရီ | |
မဟာဝဇိရာလင်္ကရဏ | ၂၈ ဇူလိုင် ၁၉၅၂
အမ်ပွန်း စသမ် အိမ်တော် ၊ ဒူဆစ်နန်းတော်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ |
၂၈ ဒီဇင်ဘာ ၁၉၇၂[၄] | ၁၃ အောက်တိုဘာ ၂၀၁၆ | ခမည်းတော်နတ်ရွာစံအပြီး ရာမ၁၀အဖြစ် နန်းတက်ခဲ့ | ရာမ၉ဘုရင်နှင့် မိဖုရားသီရိခေတ် |
မိဖုရားခေါင်များ
[ပြင်ဆင်ရန်]ပုံ | အမည် | မွေးဖွားခြင်း | ထိမ်းမြားခြင်း | မိဖုရားခေါင်ကြီးဖြစ်လာခြင်း | ပြီးဆုံးခြင်း | သေဆုံးခြင်း | သားသမီးများ | ၏မိဖုားခေါင် (မှတ်စုများ) |
---|---|---|---|---|---|---|---|---|
အမရိန္ဒြာ | ၁၅ မတ် ၁၇၃၇ အယုဓျာတိုင်းပြည် |
၁၇၆၀ ခန့်က | ၆ ဧပြီ ၁၇၈၂ ဘုရင်၏ဘိသိက်ပွဲနှင့်အတူ |
၇ စက်တင်ဘာ ၁၈၀၉ ဘုရင်၏သေဆုံးခြင်းနှင့်အတူ |
၂၅ မေ ၁၈၂၆ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၈၉ |
၁၀ယောက် | ရာမ၁ (ရာမ၂၏ မယ်တော်) | |
သီရိသုရိယေန္ဒြ | ၁၇၆၇ခန့်က အယုဓျာတိုင်းပြည် |
၂၁ စက်တင်ဘာ ၁၈၀၁ | ၇ စက်တင်ဘာ ၁၈၀၉ ဘုရင်၏ဘိသိက်ပွဲနှင့်အတူ |
၂၁ ဇူလိုင် ၁၈၂၄ ဘုရင်၏သေဆုံးခြင်းနှင့်အတူ |
၁၈ အောက်တိုဘာ ၁၈၃၆ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၆၉ |
၅ယောက် | ရာမ၂ (ရာမ၄၏မယ်တော်) | |
ဒေဝသိရိန္ဒြာ | ၁၇ ဇူလိုင် ၁၈၃၄ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၁ ဧပြီ ၁၈၅၁ | ၉ စက်တင်ဘာ ၁၈၆၂ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၂၈ |
၄ယောက် | ရာမ၄ (ရာမ၅၏မယ်တော်) | |||
စစ်ဗာပါ ပေါင်ဆရီ (ဘုရင်ခံမိဖုရား) |
၁ ဇန်နဝါရီ ၁၈၆၄ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၁၈၇၈ခန့်က | ၂၃ အောက်တိုဘာ ၁၉၁၀ ဘုရင်၏သေဆုံးခြင်းနှင့်အတူ |
၂၀ အောက်တိုဘာ ၁၉၁၉ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၅၆ |
၉ယောက် | ရာမ၅ (ရာမ၆နှင့် ရာမ၇တို့၏မယ်တော်) | ||
ဣန္ဒြသတ္တိဆာချီ | ၁၀ ဇွန် ၁၉၀၂ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၁၀ ဇွန် ၁၉၂၁ | ၁ ဇန်နဝါရီ ၁၉၂၂ ခန့်အပ်ခြင်း |
၁၅ နိုဝင်ဘာ ၁၉၂၅ မိဖုရားအဖြစ် တိုးမြှင့်ခံရ |
၃၀ နိုဝင်ဘာ ၁၉၇၅ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ သက်တော်၇၃ |
- | ရာမ၆ | |
ရမ်ဘိုင် ဘာနီ | ၂၀ ဒီဇင်ဘာ ၁၉၀၄ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၂၅ ဩဂုတ် ၁၉၁၈ | ၂၅ နိုဝင်ဘာ ၁၉၂၅ ဘုရင်၏ဘိသိက်ပွဲနှင့်အတူ |
၂ မတ် ၁၉၃၅ ဘုရင်၏ ပြုတ်ကျခြင်းနှင့်အတူ |
၂၂ မေ ၁၉၈၄ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ သက်တော်၇၉ |
- | ရာမ၇ | |
သီရိခေတ်(ဘုရင်ခံမိဖုရား) | ၁၂ ဩဂုတ် ၁၉၃၂ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၂၈ ဧပြီ ၁၉၅၀ | ၁၃ အောက်တိုဘာ ၂၀၁၆ ဘုရင်၏သေဆုံးခြင်းနှင့်အတူ |
၄ယောက် | ရာမ၉ (ရာမ၁၀၏မယ်တော်) |
မှတ်စု
[ပြင်ဆင်ရန်]ဥပရာဇာမှာ လက်ရှိနန်းဆက်၏ ဒုတိယဘုရင်သဘောဖြစ်ကာ အိမ်ရှေ့မင်းမှာ နောင်တွင်ဘုရင်ဖြစ်မည့် မင်းလောင်းဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Terwiel၊ B.J. (2011)။ Thailand's Political History: From the 13th Century to Recent Times။ Thailand: River Books။ p. 39။ ISBN 9749863968။CS1 maint: ref=harv (link)
- ↑ တော်ဝင်ထိုင်းပြန်တမ်း Announcement of the appointment of Prince Vajirunhis to the Crown Prince of Siam (Thai) Archived 9 June 2012 at the Wayback Machine., Volume 3, Chapter 44, 1 March 1886, page 368
- ↑ Royal Gazette, The Investiture of Crown Prince Maha Vajiravudh (Thai) Archived 10 November 2011 at the Wayback Machine., Volume 11, Chapter 63, 20 January 1895, page 346
- ↑ Royal Gazette, Royal Decree announcing the Investiture of Crown Prince Maha Vajiralongkorn (Thai) Archived 24 August 2009 at the Wayback Machine., Volume 89, Chapter 200 (ก), Special Edition, 28 December 1972, Page 1