မာတိကာသို့ ခုန်သွားရန်

ဒီပင်္ကရ ရံသိဇောတိ

ဝီကီပီးဒီးယား မှ
ဒီပင်္ကရ ရံသိဇောတိ
Dipangkorn Rasmijoti
ထိုင်းနိုင်ငံမင်းသား
မွေးဖွား (2005-04-29) ၂၉ ဧပြီ၊ ၂၀၀၅ (အသက် ၂၀)
သီရိရတ်ချ်​ဆေးရုံ၊ ဘန်​ကောက်မြို့၊ ထိုင်းနိုင်ငံ
စံအိမ် မဟိတလ (စကြီမင်းဆက်)
ခမည်းတော်ဝဇိရာလင်္ကရဏ (ရာမ၁၀)
မယ်တော်ဆရီရမ်ဆမီ ဆုဝဒီ
ကိုးကွယ်မှု​ထေရဝါဒ ဗုဒ္ဓဘာသာ
လက်မှတ်

ဒီပင်္ကရရံသိဇောတိ(ထိုင်း: ทีปังกรรัศมีโชติ; ရောမ: Dipangkorn Rasmijoti, ပါဠိ: Dīpaṅkara Raṃsijoti)သည် ထိုင်းနိုင်ငံ၏ နန်း​မွေနန်းလျာ၊​ ထီးရန်နန်းရန် မင်းသားတစ်ပါး ဖြစ်သည်။ ဘုရင်ဝဇိရာလင်္ကရဏ၏ ငါး​ယောက်​မြောက်သား၊ ခုနစ်​ယောက်​မြောက်နှင့် အငယ်ဆုံးက​လေးဖြစ်သည်။ မယ်​တော်မှာ ဘုရင်၏ တတိယ​မြောက်လက်ထပ်ခဲ့​သောမိဖုရား ဆရီရမ်ဆမီ ဆုဝဒီဖြစ်သည်။

ဘဝအစနှင့် ပညာ​ရေး

[ပြင်ဆင်ရန်]

မင်းသားကို ၂၀၀၅ခုနှစ် ဧပြီလ၂၉ရက်​နေ့က ဘန်​ကောက်မြို့ရှိ သီရိရာဇ်ဆေးရုံတွင် ဖွားမြင်ခဲ့သည်။၂၀၀၅ ခုနှစ် ဇွန်လ၁၅ရက်​​နေ့တွင် ဘိုး​တော် ဘူမိဗလအတုလျတေဇက မင်းသားဘွဲ့ ​ပေးသနားခဲ့သည်။ []

မင်းသား၏ ​တော်ဝင်ပန်းစာလုံး
မင်းသား၏ ​တော်ဝင်အလံ

နိုင်ငံခြားရှိ ဘာ​ဗေးရီးယန်းနိုင်ငံတကာ​ကျောင်းတွင် ပညာမသင်မီသူ၏ ပညာ​ရေးကို ချသရာလဒါ​ကျောင်းတွင် စတင်ခဲ့သည်။ []

နန်း​မွေနန်းလျာအဆင့်

[ပြင်ဆင်ရန်]

သူသည် ခမည်းတော် ဝဇိရာလင်္ကရဏကိုဆက်ခံမည့် တစ်ဦးတည်း​သောသူ ဖြစ်သည်။ သို့​သော် ၂၀၁၄ ဒီဇင်ဘာလတွင် ဝဇိရာလင်္ကရဏနှင့် ဆရီရမ်ဆမီ ဆုဝဒီတို့ ကွာရှင်းခဲ့၍ သူ၏ နန်း​မွေနန်းလျာမှာ သိပ်မ​သေချာ​ပေ။၁၉၂၄ ဆက်ခံခြင်းဥပ​ဒေအရ အကြီးမှစ၍ နန်း​မွေနန်းလျာဆက်ခံရမည်ဖြစ်​သော်လည်း ဝဇိရာလင်္ကရဏသည် သူ၏ ဒုတိယ​မြောက်အိမ်​ထောင်နှင့် ၁၉၉၆ခုနှစ်တွင် ကွာရှင်းကာ သား​လေး​ယောက်ကိုပါ စွန့်လွှတ်ခဲ့သည်။[]

ဘွဲ့တံဆိပ်နာမံတော်

[ပြင်ဆင်ရန်]
  • 29 April 2005 – 5 May 2019​ ၂၉ ဧပြီလ ၂၀၀၅ - ၅ မေလ ၂၀၁၉
    • ထိုင်း - พระเจ้าหลานเธอ พระองค์เจ้าทีปังกรรัศมีโชติ (Phra Chao Lan Thoe Phra Ong Chao Dipangkorn Rasmijoti)
    • ဗြစောလန်ထော ဗြအင်္ဂါစောဒီပင်္ကရရံသိဇောတိ
  • ၅ မေလ ၂၀၁၉ - လက်ရှိအထိ
    • ထိုင်း - สมเด็จพระเจ้าลูกยาเธอ เจ้าฟ้าทีปังกรรัศมีโชติ มหาวชิโรตตมางกูร สิริวิบูลยราชกุมาร (Somdet Phra Chao Luk Ya Thoe Chao Fa Dipangkorn Rasmijoti Maha Vajirottamangkun Sirivibulyarajakumar)
    • ဆောမ်ဒေ့ဗြစောလုက်ယာထော စောဖာဒီပင်္ကရရံသိဇောတိ မဟာဝဇိရတမကုဋ သီရိဝိဘူလယရာဇာကုမာ

ခမည်းတော်ဝဇိရာလင်္ကရဏမင်း နန်းတက်သည့်အခါ ဘွဲ့တံဆိပ်နာမံတော်အသစ်ကို ပေးသနာခဲ့သည်။

​ဆွေစဉ်မျိုးဆက်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. မော်ကွန်းတင်ပြီးမိတ္တူ။ 13 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 February 2019 တွင် ပြန်စစ်ပြီး။
  2. မော်ကွန်းတင်ပြီးမိတ္တူ။ 13 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 February 2019 တွင် ပြန်စစ်ပြီး။
  3. "What's behind the downfall of Thailand's Princess Srirasmi?"၊ 1 December 2014။