စကြီမင်းဆက်
စကြီမင်းဆက် | |
---|---|
![]() အမှတ်တံဆိပ် | |
နိုင်ငံ | ထိုင်းနိုင်ငံ |
စတင်တည်ထောင်ခြင်း | ၁၇၈၂ |
တည်ထောင်သူ | ရာမ ၁ |
လက်ရှိ အကြီးအကဲ | ရာမ ၁၀ |
အမည်များ | ဆိုင်ယမ်ဘုရင် (၁၇၈၂-၁၉၄၀) ထိုင်းနိုင်ငံ၏ ဘုရင် (၁၉၄၈-လက်ရှိ) |
ကိုးကွယ်မှု | ဗုဒ္ဓဘာသာ |
Estate(s) | ထိုင်းဘုရင့်နိုင်ငံ |
စကြီမင်းဆက် (အသံထွက်; စကရီမင်းဆက်) (မြန်မာ: စကြီရာဇဝံသ; သင်္သကရိုက်: Cakrī Rājavaṁsa) သည် ထိုင်းဘုရင့်နိုင်ငံ၏ လက်ရှိမင်းဆက်ဖြစ်ကာ အကြီးအကဲဘုရင်မှာ နိုင်ငံတော်၏ ခေါင်းဆောင်ဖြစ်သည်။ တက်ဆင်နှင့် သွန်ဘူရီခေတ်များအလွန် ၁၇၈၂ခုနစ်တွင် မြို့တော်ကို ဘန်ကောက်သို့ ပြောင်းပြီးချိန် ရတနကောသိန္ဒြခေတ်မှ စ၍ ထိုင်းနိုင်ငံကို အုပ်စိုးခဲ့သည်။ ဤမင်းဆက်ကို တရုတ်-မွန်နွယ်ဖွား ဖြစ်သော အယုဒ္ဓယ စစ်တပ်ခေါင်းဆောင် ဖြစ်သူ ဗုဒ္ဓယောတ္တဗာ စုဠာလောကက တည်ထောင်ခဲ့သည်။
လက်ရှိအကြီးအကဲဖြစ်သူမှာ ၁၀မြောက် ရာမဘုရင်ဖြစ်သော ဝဇိရာလင်္ကရဏဖြစ်သည်။ မင်းဆက်၏ လက်ရှိနေရာမှာ ဘန်ကောက်မြို့ရှိ တော်ဝင်နန်းတော်ဖြစ်သည်။
ထိုင်းနိုင်ငံ၏ တော်ဝင်မိသားစု[ပြင်ဆင်ရန်]
ထိုင်းနိုင်ငံ၏ လက်ရှိတော်ဝင်မိသားစုမှာ မဟီတလ အတုလျေတေဇမင်းသားမှ ဆင်းသက်လာသည်။ သူသည် စုဠာလင်္ကရဏဘုရင်၏သားတော်ဖြစ်ကာ ဝဇိရာဝုဓဘုရင်နှင့် ပြဇာဓိပကဘုရင်တို့ အဖေတူအမေကွဲ ညီအစ်ကိုလည်းဖြစ်သည်။ မဟီတလ အတုလျေတေဇ၏သားတော်ကြီး အာနန္ဒ မဟီတလနတ်ရွာစံပြီးနောက် သားတော်ငယ် ဘူမိဗလအတုလျတေဇနန်းတက်ခဲ့သည်။ သူ့အား သားတော် ဝဇိရာလင်္ကရဏဆက်ခံခဲ့သည်။
မိသားစုဝင်များ[ပြင်ဆင်ရန်]
တော်ဝင်မိသားစု၏ လက်ရှိမိသားစုဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- ဘုရင် ဝဇိရာလင်္ကရဏ
- ဝဇိရကိတိယာဘာ (အကြီးဆုံး သမီးတော်)
- သီရိဝဏ္ဏဝရီ နာရီရတန (သမီးတော်ငယ်)
- ဒီပင်္ကရ ရံသိဇောတိ (အငယ်ဆုံးသားတော်)
- သီရိခေတ် (ဘုရင့်မယ်တော်)
- သိရိန္ဓရ (ဘုရင့်ညီမတော်)
- စုဠာဘရဏ (ဘုရင့်ညီမတော်)
- သိရိဘာစုဍာဘရဏ (ဘုရင့်တူမတော်၊စုဠာဘရဏမင်းသမီး၏ သမီး)
- အဒိတျာဒရကိတိဂုဏ (ဘုရင့်တူမတော်၊စုဠာဘရဏမင်းသမီး၏ သမီး)
- ဥပ္ပလရတနာ (ဘုရင့် အစ်မတော်)
အခြား မိသားစုဝင်များ[ပြင်ဆင်ရန်]
- စုံသဝလီ (ဘုရင့် ယခင်မိဖုရား၊ဝဇိရကိတိယာဘာ၏ မယ်တော်)
- ပလွိုင်းပိုင်လင် ဂျန်ဆန် (ဘုရင့်တူမတော်၊ဥပ္ပလရတနာ၏ သမီး)
- သိရိကိတိယာ ဂျန်ဆန် (ဘုရင့်တူမတော်၊ဥပ္ပလရတနာ၏ သမီး)
- ဒသနာဝလယ သရသင်္ဂြါမ (ဘုရင့် ဝမ်းကွဲအစ်မ)
မကြာမီက လွန်လေပြီးသော မိသားစုဝင်များ[ပြင်ဆင်ရန်]
- ဘူမိဗလအတုလျတေဇ (၂၀၁၆)
- ဝဇိရရတန (ဘုရင်ဘူမိဗလ၏ ဝမ်းကွဲ၊ဗာဂျီရာဗုဘုရင်၏ တစ်ဦးတည်းသောသမီး) (၂၀၁၁)
- ကလျာဏိ ဝဎနာ (ဘုရင်ဘူမိဗလ၏ အစ်မတော်) (၂၀၀၈)
- ပွန်းဂျန်ဆန် (ဥပ္ပလရတနာ၏ သားတော်) (၂၀၀၄)
- သီရိနဂရိန္ဒြာ (ရာမ၈နှင့် ရာမ၉ တို့၏မယ်တော်) (၁၉၉၅)
နန်းမွေနန်းလျာ ဆက်ခံမှု ဇယား[ပြင်ဆင်ရန်]
ဗုဒ္ဓ ယော့ဖာ စုဠာလောက (ရာမ၁) (၁၇၃၇–၁၈၀၉)
ဗုဒ္ဓ လော့လာ နဘာလယ (ရာမ၂) (၁၇၆၇–၁၈၂၄)(ရာမ၁၏သားတော်)
နန်းကလော (ရာမ၃) (၁၇၈၈–၁၈၅၁)(ရာမ၂၏သားတော်)
မကုဋ (ရာမ၄) (၁၈၀၄–၁၈၆၈)(ရာမ၂၏သားတော်)
စုဠာလင်္ကရဏ (ရာမ၅) (၁၈၅၃–၁၉၁၀)(ရာမ၄၏သားတော်)
ဝဇိရာဝုဓ (ရာမ၆) (၁၈၈၁–၁၉၂၅)(ရာမ၅၏သားတော်)
ပြဇာဓိပက (ရာမ၇) (၁၈၉၃–၁၉၄၁)(ရာမ၅၏သားတော်)
- အာနန္ဒာ မဟီတလ (ဆုန်ခလာမင်းသား) (၁၈၉၂–၁၉၂၉)(ရာမ၅၏သားတော်)
အာနန္ဒ မဟိတလ (ရာမ၈) (၁၉၂၅–၁၉၄၆)(ဆုန်ခလာမင်းသား၏သားတော်)
ဘူမိဗလအတုလျတေဇ (ရာမ၉) (၁၉၂၇–၂၀၁၆)(ဆုန်ခလာမင်းသား၏သားတော်)
ဝဇိရာလင်္ကရဏ (ရာမ၁၀) (၁၉၅၂-)(ရာမ၉၏သားတော်)
- (၁) ဒီပင်္ကရ ရံသိဇောတိမင်းသား (၂၀၀၅-)(ရာမ၁၀၏သားတော်)
- (၂) ဝဇိရကိတိယာဘာ (၁၉၇၈-)
- (၃) သီရိဝဏ္ဏဝရီ နာရီရတန (၁၉၈၇-)
- (၄) သိရိန္ဓရမင်းသမီး (၁၉၅၅-)
- (၅) စုဠာဘရဏမင်းသမီး (၁၉၅၇-)
- (၆) သိရိဘာစုဍာဘရဏ (၁၉၈၂-)
- (၇) အဒိတျာဒရကိတိဂုဏ (၁၉၈၄-)
မှတ်စု[ပြင်ဆင်ရန်]
- ဥပ္ပလရတနာ ရာဇာကညာမင်းသမီးသည် ဘုရင်ဘူမိဗလ၏ သမီးကြီးဖြစ်သော်လည်း ၁၉၇၂ ခုနှစ်တွင် အမေရိကန်နိုင်ငံသားနှင့် လက်ထပ်အပြီး သူ၏ နန်းမွေနန်းလျာနှင့် တော်ဝင်ဂုဏ်ပုဒ်များကို စွန့်လွှတ်ခဲ့သည်။
- စုဍာဝဇရ ဝိဝဇရဝံသ၊ ဝဇိရရေသ ဝိဝဇရဝံသ၊ စကြီဝဇိရ ဝိဝဇရဝံသ၊ ဝဇရဝီရ ဝိဝဇရဝံသ င်းသားများသည် ဝဇိရာလင်္ကရဏဘုရင်၏ သားတော်များဖြစ်သော်လည်း ဝဇိရာလင်္ကရဏက သုစာရိဏီ ဝိဝဇရဝံသမိဖုရားနှင့်အတူ ၎င်းတို့ကိုပါ စွန့်ပစ်လိုက်သည်။
သမိုင်းကြောင်း[ပြင်ဆင်ရန်]
ဘုရင်များ[ပြင်ဆင်ရန်]
ပုံ | အမည် | မွေးဖွားခြင်း | စိုးစံမှုစတင်ခြင်း | စိုးစံမှုပြီးဆုံးခြင်း | နတ်ရွာစံခြင်း | မိဖုရားများ | သားသမီးများ |
---|---|---|---|---|---|---|---|
![]() |
ဗုဒ္ဓ ယော့ဖာ စုဠာလောက (ရာမ၁) |
၂၀ မတ် ၁၇၃၇ အယုဓျာမြို့၊ အယုဓျာတိုင်းပြည် |
၆ ဧပြီ ၁၇၈၂ | ၇ စက်တင်ဘာ ၁၈၀၉ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော် ၇၂ |
အမရိန္ဒြာ နှင့်အခြားမိဖုရား ၃၁ပါး |
သားတော်၁၇၊ သမီးတော် ၂၅ | |
![]() |
ဗုဒ္ဓ လော့လာ နဘာလယ (ရာမ၂) |
၂၄ ဖေဖော်ဝါရီ ၁၇၆၇ အမ်ဖဝါး၊ အယုဓျာတိုင်းပြည် |
၇ စက်တင်ဘာ ၁၈၀၉ | ၂၁ ဇူလိုင် ၁၈၂၄ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော် ၅၇ |
|
သားတော်၃၈၊ သမီးတော်၃၅ | |
![]() |
နန်းကလော (ရာမ၃) |
၃၁ မတ် ၁၇၈၈ သွန်ဘူရီနန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၂၁ ဇူလိုင်၁၈၂၄ | ၂ ဧပြီ ၁၈၅၁ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော် ၆၃ |
မိဖုရား၄၂ပါး | သားတော်၂၂၊ သမီးတော်၂၉ | |
![]() |
မကုဋ (ရာမ၄) |
၁၈ အောက်တိုဘာ ၁၈၀၄ သွန်ဘူရီနန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၂ ဧပြီ ၁၈၅၁ | ၁ အောက်တိုဘာ ၁၈၆၈ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော် ၆၃ |
|
သားတော်၃၉၊ သမီးတော်၄၃ | |
![]() |
စုဠာလင်္ကရဏ (ရာမ၅) |
၂၀ စက်တင်ဘာ ၁၈၅၃ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၁ အောက်တိုဘာ ၁၈၆၈ | ၂၃ အောက်တိုဘာ ၁၉၁၀ ဒူဆစ်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော် ၅၇ |
|
သားတော် ၃၂၊ သမီးတော်၄၄ | |
![]() |
ဝဇိရာဝုဓ (ရာမ၆) |
၁ ဇန်နဝါရီ ၁၈၈၁ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၂၃ အောက်တိုဘာ ၁၉၁၀ | ၂၆ နိုဝင်ဘာ ၁၉၂၅ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော် ၄၄ |
ဝဇိရရတနရာဇသုတာ | ||
![]() |
ပြဇာဓိပက (ရာမ၇) |
၈ နိုဝင်ဘာ ၁၈၉၃ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၂၆ နိုဝင်ဘာ ၁၉၂၅ | ၂ မတ် ၁၉၃၅ | ၃၀ မေ ၁၉၄၁1 ဗြိတိန်နိုင်ငံ သက်တော် ၄၇ |
ရမ်ဘိုင် ဘာနီ | - |
![]() |
အာနန္ဒ မဟိတလ (ရာမ၈) |
၂၀ စက်တင်ဘာ ၁၉၂၅ ဟိုင်ဒါဘတ်၊ ဘာဒန်သမ္မတနိုင်ငံ၊ ဝါမန် |
၂ မတ် ၁၉၃၅ ၁၉၃၅မှ ၁၉၄၆အထိ ဘုရင်ခံကောင်စီဖြင့်သာ အုပ်ချုပ်ခဲ့သည်။ |
၉ ဇွန် ၁၉၄၆ ဘိုရွန်းဖီမင်နန်းဆောင်တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ သက်တော် ၂၀ |
- | - | |
![]() |
ဘူမိဗလအတုလျတေဇ (ရာမ၉) |
၅ ဒီဇင်ဘာ ၁၉၂၇ အာဘန်တောင် ဆေးရုံ၊ ကမ်းဘရေ့ချ်၊ မက်ဆာချူးဆက်ပြည်နယ်၊ အမေရိကန်ပြည်ထောင်စု |
၉ ဇွန် ၁၉၄၆ (၁၉၅၀ မေလ ၅ရက်တွင် ဘိသိက်သွန်း) |
၁၃ အောက်တိုဘာ ၂၀၁၆ သီရိရတ်ချ်ချ်ဆေးရုံ၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ သက်တော် ၈၈နှစ် |
သီရိခေတ် |
| |
![]() |
မဟာဝဇိရာလင်္ကရဏ (ရာမ၁၀) |
၂၈ ဇူလိုင် ၁၉၅၂ အမ်ပွန်း စသမ် အိမ်တော် ၊ ဒူဆစ်နန်းတော်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ |
၁၃ အောက်တိုဘာ ၂၀၁၆(၂၀၁၉ မေလတွင် ဘိသိက်သွန်းမည်) | လက်ရှိ | - |
|
အရှေ့နန်းတော်များ (ဥပရာဇာများ)[ပြင်ဆင်ရန်]
ဥပရာဇာသည် ဆိုင်ယမ်တိုင်းပြည်၏ ဒုတိယဘုရင်ဖြစ်ခဲ့သည်။ ထိုနေရာကို အဆင့်အမြင့်ဆုံးမင်းသားကို ပေးလေ့ရှိသည်။ဥပမာ- ဘုရင်၏ညီငယ် (သို့မဟုတ်) သားတော်ကြီးများဖြစ်သည်။၁၈၈၅ခုနှစ်မတိုင်မီအထိ ချက္ကရီမင်းဆက်မှန်သမျှသည် ဥပရာဇာခန့်လေ့ရှိသည်။ဥပရာဇာသည် အရှေ့နန်းတော်တွင် ရုံးစိုက်လေ့ရှိသည်။ ထိုင်းအစဉ်အလာအရ ဥပရာဇာသည် နန်းတက်ရန် လျာထားသတ်မှတ်ခံရသော်လည်း အစာရစန်ဒုံမင်းသားသာလျှင် ဗုဒ္ဓ လော့လာ နဘာလယဘုရင်အဖြစ် နန်းတက်နိုင်ခဲ့သည်။စုဠာလင်္ကရဏဘုရင်လက်ထက်တွင် သူ၏ဝမ်းကွဲ၊ဥပရာဇာဖြစ်သော ဝိဇယဇညကွယ်လွန်ပြီးနောက် ဥပရာဇာနေရာကို ဖျက်သိမ်းခဲ့သည်။ ထို့နောက် သူ၏သားအကြီးဆုံးကို အိမ်ရှေ့မင်း ခန့်အပ်ခဲ့သည်။ သို့သော် ဥပရာဇာမဟုတ်ပေ။ [၁]
ပုံ | အမည် | မွေးဖွားခြင်း | စိုးစံမှုစတင်ခြင်း (ခန့်အပ်မှုစတင်ခြင်း) |
စိုးစံမှုပြီးဆုံးခြင်း | သားသမီးများ | ဘုရင် (ဘုရင်နှင့်ပက်သက်မှု) |
---|---|---|---|---|---|---|
![]() |
မဟာသုရသိင်္ဟနာဒ | ၁ နိုဝင်ဘာ ၁၇၄၄ အယုဓျာမြို့၊ အယုဓျာတိုင်းပြည် |
၁၇၈၂ | ၃ နိုဝင်ဘာ ၁၈၀၃ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၅၉ |
၄၃ယောက် | ရာမ၁ (ညီတော်) |
![]() |
အစာရစန်ဒုံ | ၂၄ ဖေဖော်ဝါရီ ၁၇၆၇ အယုဓျာတိုင်းပြည် |
၁၈၀၆ | ၇ စက်တင်ဘာ ၁၈၀၉ (ရာမ၂အဖြစ်နန်းတက်ခဲ့) |
၇၃ယောက် | ရာမ၁ (အကြီးဆုံးသား) |
![]() |
မဟာသေနာနုရက္ခ | ၂၉ မတ် ၁၇၇၃ အယုဓျာတိုင်းပြည် |
၇ စက်တင်ဘာ ၁၈၀၉ | ၁၆ ဇူလိုင် ၁၈၁၇ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၄၅ |
၄၀ယောက် | ရာမ၂ (ညီတော်) |
![]() |
ဆတ်ဒီဖိုလဆပ် | ၂၁ အောက်တိုဘာ ၁၇၈၅ အယုဓျာတိုင်းပြည် |
၂၁ ဇူလိုင် ၁၈၂၄ | ၁ မေ ၁၈၃၂ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၄၆ |
၂၀ | ရာမ၃ (ဦးရီးတော်၊ ရာမ၁၏သားတော်) |
![]() |
ပင်ကလို | ၄ စက်တင်ဘာ ၁၈၀၈ သွန်ဘူရီနန်းတော်၊ ဆိုင်ယမ်တိုင်းပြည် |
၂၅ မေ ၁၈၅၁ | ၇ ဇန်နဝါရီ ၁၈၆၆ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၅၇ |
၅၈ယောက် | ရာမ၄ (ညီတော်) |
![]() |
ဝိဇယဇည | ၆ ဧပြီ ၁၈၃၈ သွန်ဘူရီနန်းတော်၊ ဆိုင်ယမ်တိုင်းပြည် |
၂ အောက်တိုဘာ ၁၈၆၈ | ၂၈ ဩဂုတ် ၁၈၈၅ အရှေ့နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၄၇ (ကွယ်လွန်ပြီးနောက် ရာထူးဖျက်သိမ်း) |
၂၈ယောက် | ရာမ၅ (ဝမ်းကွဲ၊ ပင်ကလို၏သား) |
အနောက်နန်းတော်[ပြင်ဆင်ရန်]
အနောက်နန်းတော်ဆိုသည်မှာ အယုဓျာခေတ်မှ ဆက်၍လာသော နေရာဖြစ်သည်။ သို့သော် ချက္ကရီမင်းဆက် စတင်တည်ထောင်ချိန်မှစ၍ အနောက်နန်းတော်ကို တစ်ဦးသာစိုးစံခဲ့သည်။အနုရတ် ဒီဗေ့ချ်မင်းသားသည် ရာမ၁ဘုရင်၏ ဝမ်းကွဲဖြစ်ကာ ၁၇၈၅တွင် ခန့်အပ်ခံခဲ့ရသည်။
ပုံ | အမည် | မွေးဖွားခြင်း | ခန့်အပ်ခြင်း | သေဆုံးခြင်း | သားသမီးများ | ဘုရင် (ဘုရင်နှင့် ပက်သက်မှု) |
---|---|---|---|---|---|---|
![]() |
အနုရတ် ဒီဗေ့ချ် | ၂၈ မတ် ၁၇၄၆ | ၁၇၈၅ | ၂၀ ဒီဇင်ဘာ ၁၈၀၆ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၆၀ (နေရာရပ်စဲ) |
၃၅ယောက် | ရာမ၁ (ဝမ်းကွဲ) |
အိမ်ရှေ့မင်းများ[ပြင်ဆင်ရန်]
ထိုင်းနိုင်ငံ၏ အိမ်ရှေ့မင်း သို့မဟုတ် Sayam မကုဋရာဇကုမာရ (สยามมกุฎราชกุมาร)သည် တိုင်းပြည်၏ အနာဂတ်ဘုရင်အဖြစ် သတ်မှတ်ထားသောနေရာဖြစ်သည်။၁၈၈၆ခုနှစ်တွင် စုဠာလင်္ကရဏဘုရင်သည် သူ၏အကြီးဆုံးသားကို ခန့်အပ်ခြင်းဖြင့် ရာထူးစတင်ဖန်တီးခဲ့သည်။ဤနေရာသည် အနောက်နိုင်ငံများ၏ဓလေ့မှ တိုက်ရိုက်ကူးချထားခြင်းဖြစ်သည်။ ထိုစဉ်မှစ၍ အိမ်ရှေ့မင်းသား၃ယောက်သာ ခန့်အပ်ခဲ့သည်။နောက်ဆုံးသော အိမ်ရှေ့မင်းသားမှာ လက်ရှိဘုရင် မဟာဝဇိရာလင်္ကရဏဖြစ်သည်။ သူ့ကို ၁၉၇၂ခုနှစ်တွင် ခမည်းတော် ဘုရင်ဘူမိဗလအတုလျတေဇခန့်အပ်ခဲ့ပြီး ၂၀၁၆ခုနှစ်တွင် ဘုရင်ဖြစ်လာခဲ့သည်။
ပုံ | အမည် | မွေးဖွားခြင်း | ခန့်အပ်ခြင်း | ပြီးဆုံးခြင်း | မှတ်စု | မိဘများ |
---|---|---|---|---|---|---|
![]() |
မဟာဝဇိရုဏဟိသ | ၂၇ ဇွန် ၁၈၇၉ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၁၄ ဇန်နဝါရီ ၁၈၈၆[၂] | ၄ ဇန်နဝါရီ ၁၈၉၅ | အသက်၁၆နှစ်အရွယ်တွင် တိုက်ဖိုက်ရောဂါဖြင့် ကွယ်လွန် | ရာမ၅ဘုရင်နှင့် မိဖုရားဆာဗန် ဗဟာနာ |
![]() |
ဝဇိရာဝုဓ | ၁ ဇန်နဝါရီ ၁၈၈၁
တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၄ ဇန်နဝါရီ ၁၈၉၅[၃] | ၂၃ အောက်တိုဘာ ၁၉၁၀ | ခမည်းတော်နတ်ရွာစံအပြီး ရာမ၆အဖြစ်နန်းတက်ခဲ့ | ရာမ၅ဘုရင်နှင့် မိဖုရားစစ်ဗာပါ ပေါင်ဆရီ |
![]() |
မဟာဝဇိရာလင်္ကရဏ | ၂၈ ဇူလိုင် ၁၉၅၂
အမ်ပွန်း စသမ် အိမ်တော် ၊ ဒူဆစ်နန်းတော်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ |
၂၈ ဒီဇင်ဘာ ၁၉၇၂[၄] | ၁၃ အောက်တိုဘာ ၂၀၁၆ | ခမည်းတော်နတ်ရွာစံအပြီး ရာမ၁၀အဖြစ် နန်းတက်ခဲ့ | ရာမ၉ဘုရင်နှင့် မိဖုရားသီရိခေတ် |
မိဖုရားခေါင်များ[ပြင်ဆင်ရန်]
ပုံ | အမည် | မွေးဖွားခြင်း | ထိမ်းမြားခြင်း | မိဖုရားခေါင်ကြီးဖြစ်လာခြင်း | ပြီးဆုံးခြင်း | သေဆုံးခြင်း | သားသမီးများ | ၏မိဖုားခေါင် (မှတ်စုများ) |
---|---|---|---|---|---|---|---|---|
![]() |
အမရိန္ဒြာ | ၁၅ မတ် ၁၇၃၇ အယုဓျာတိုင်းပြည် |
၁၇၆၀ ခန့်က | ၆ ဧပြီ ၁၇၈၂ ဘုရင်၏ဘိသိက်ပွဲနှင့်အတူ |
၇ စက်တင်ဘာ ၁၈၀၉ ဘုရင်၏သေဆုံးခြင်းနှင့်အတူ |
၂၅ မေ ၁၈၂၆ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၈၉ |
၁၀ယောက် | ရာမ၁ (ရာမ၂၏ မယ်တော်) |
![]() |
သီရိသုရိယေန္ဒြ | ၁၇၆၇ခန့်က အယုဓျာတိုင်းပြည် |
၂၁ စက်တင်ဘာ ၁၈၀၁ | ၇ စက်တင်ဘာ ၁၈၀၉ ဘုရင်၏ဘိသိက်ပွဲနှင့်အတူ |
၂၁ ဇူလိုင် ၁၈၂၄ ဘုရင်၏သေဆုံးခြင်းနှင့်အတူ |
၁၈ အောက်တိုဘာ ၁၈၃၆ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၆၉ |
၅ယောက် | ရာမ၂ (ရာမ၄၏မယ်တော်) |
![]() |
ဒေဝသိရိန္ဒြာ | ၁၇ ဇူလိုင် ၁၈၃၄ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၁ ဧပြီ ၁၈၅၁ | ၉ စက်တင်ဘာ ၁၈၆၂ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၂၈ |
၄ယောက် | ရာမ၄ (ရာမ၅၏မယ်တော်) | ||
![]() |
စစ်ဗာပါ ပေါင်ဆရီ (ဘုရင်ခံမိဖုရား) |
၁ ဇန်နဝါရီ ၁၈၆၄ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၁၈၇၈ခန့်က | ၂၃ အောက်တိုဘာ ၁၉၁၀ ဘုရင်၏သေဆုံးခြင်းနှင့်အတူ |
၂၀ အောက်တိုဘာ ၁၉၁၉ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၅၆ |
၉ယောက် | ရာမ၅ (ရာမ၆နှင့် ရာမ၇တို့၏မယ်တော်) | |
![]() |
ဣန္ဒြသတ္တိဆာချီ | ၁၀ ဇွန် ၁၉၀၂ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၁၀ ဇွန် ၁၉၂၁ | ၁ ဇန်နဝါရီ ၁၉၂၂ ခန့်အပ်ခြင်း |
၁၅ နိုဝင်ဘာ ၁၉၂၅ မိဖုရားအဖြစ် တိုးမြှင့်ခံရ |
၃၀ နိုဝင်ဘာ ၁၉၇၅ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ သက်တော်၇၃ |
- | ရာမ၆ |
![]() |
ရမ်ဘိုင် ဘာနီ | ၂၀ ဒီဇင်ဘာ ၁၉၀၄ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၂၅ ဩဂုတ် ၁၉၁၈ | ၂၅ နိုဝင်ဘာ ၁၉၂၅ ဘုရင်၏ဘိသိက်ပွဲနှင့်အတူ |
၂ မတ် ၁၉၃၅ ဘုရင်၏ ပြုတ်ကျခြင်းနှင့်အတူ |
၂၂ မေ ၁၉၈၄ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ သက်တော်၇၉ |
- | ရာမ၇ |
![]() |
သီရိခေတ်(ဘုရင်ခံမိဖုရား) | ၁၂ ဩဂုတ် ၁၉၃၂ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၂၈ ဧပြီ ၁၉၅၀ | ၁၃ အောက်တိုဘာ ၂၀၁၆ ဘုရင်၏သေဆုံးခြင်းနှင့်အတူ |
၄ယောက် | ရာမ၉ (ရာမ၁၀၏မယ်တော်) |
မှတ်စု[ပြင်ဆင်ရန်]
ဥပရာဇာမှာ လက်ရှိနန်းဆက်၏ ဒုတိယဘုရင်သဘောဖြစ်ကာ အိမ်ရှေ့မင်းမှာ နောင်တွင်ဘုရင်ဖြစ်မည့် မင်းလောင်းဖြစ်သည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ Terwiel၊ B.J. (2011)။ Thailand's Political History: From the 13th Century to Recent Times။ Thailand: River Books။ p. 39။ ISBN 9749863968။CS1 maint: ref=harv (link)
- ↑ တော်ဝင်ထိုင်းပြန်တမ်း Announcement of the appointment of Prince Vajirunhis to the Crown Prince of Siam (Thai), Volume 3, Chapter 44, 1 March 1886, page 368
- ↑ Royal Gazette, The Investiture of Crown Prince Maha Vajiravudh (Thai), Volume 11, Chapter 63, 20 January 1895, page 346
- ↑ Royal Gazette, Royal Decree announcing the Investiture of Crown Prince Maha Vajiralongkorn (Thai), Volume 89, Chapter 200 (ก), Special Edition, 28 December 1972, Page 1