မဟာဝဇိရာလင်္ကရဏ

ဝီကီပီးဒီးယား မှ
(ရာမ ၁၀ မှ ပြန်ညွှန်းထားသည်)
"ရာမ ၁၀"ကို ဤနေရာသို့ ညွှန်းသည်။ အခြား အဓိပ္ပာယ်များအတွက် ရာမ ၁၀ (သံတူကြောင်းကွဲ)ကို ကြည့်ပါ။
ဝဇိရာလင်္ကရဏ
Vajiralongkorn
ရာမ ၁၀ ဘုရင်
ထိုင်းနိုင်ငံဘုရင်
နန်းသက်၁၃ ​အောက်တိုဘာ ၂၀၁၆-လက်ရှိ
Coronation၄ ​မေ ၂၀၁၉
ရှေ့မင်းဆက်ဘူမိဗလအတုလျတေဇ (ရာမ၉)
ဆက်ခံရန် လျာထားသူဒီပင်္ကရ ရံသိဇောတိ
ဘုရင်ခံပရမ် တင်ဆူလန်နိုဒါ
(2016)
ဝန်ကြီးချုပ်
မွေးဖွား (1952-07-28) ၂၈ ဇူလိုင်၊ ၁၉၅၂ (အသက် ၇၁)
အမ်ပွန်း သဒန် အိမ်တော်ဒူဆစ်နန်းတော်၊ ဘန်​ကောက်မြို့၊ ထိုင်းနိုင်ငံ
အိမ်ထောင်ဖက်သိုမ်သာဝလီ
(လက်ထပ် 1977; ကွာရှင်း 1991)
ယုဝဓီတာ
(လက်ထပ် 1994; ကွာရှင်း 1996)
သီရိရံသိ သုဝတီ
(လက်ထပ် 2001; ကွာရှင်း 2014)
ဆုသီတာ
(လက်ထပ် 2019)
ဆုသီတာ (လက်ထပ် 2019)
နိရမလဖွမ်းဖြောင်
(လက်ထပ် 2019; ကွာရှင်း 2019)
သားသမီးများစုံသဝလီနှင့်:
ဝဇိရကိတိယာဘာ

ယုဝဓီတာနှင့်:
စုဍာဝဇရ ဝိဝဇရဝံသ
ဝဇိရရေသ ဝိဝဇရဝံသ
စကြီဝဇိရ ဝိဝဇရဝံသ
ဝဇရဝီရ ဝိဝဇရဝံသ
သီရိဝဏ္ဏဝရီ နာရီရတန

သီရိရံသိ သုဝတီနှင့်:
ဒီပင်္ကရ ရံသိဇောတိ
အမည် အပြည့်အစုံ
မဟာဝဇိရာလင်္ကာရဏ ပဒိန္ဒြာဒေဗယဝရာင်

ကူရ်

ထိုင်း: มหาวชิราลงกรณ บดินทรเทพยวรางกูร

RTGSမဟာဝချိရာလောင်ကွန်းဘော်ဒင်ထရာထိဗယဝရာခွန်း
စံအိမ်မဟီတလ (ချက္ကရီမင်းဆက်)
ခမည်းတော်ဘူမိဗလအတုလျတေဇ (ရာမ၉)
မယ်တော်သီရိခေတ်
ကိုးကွယ်မှုဗုဒ္ဓဘာသာ
လက်မှတ်

မဟာဝဇိရာလင်္ကရဏ (သင်္သကရိုက်: Mahāvajirālaṅkaraṇa) သည် ထိုင်းနိုင်ငံ၏ ဘုရင်ဖြစ်သည်။ သူသည် ဘုရင်ဘူမိဗလ နှင့် မိဖုရား သီရိခေတ် တို့၏ တစ်ဦးတည်း​သော သား​တော်ဖြစ်သည်။ ၁၉၇၂ ခုနှစ် အသက်၂၀ အရွယ်တွင် အိမ်​ရှေ့မင်းသားအဖြစ် ဘုရင်ဘူမိဗလမှ တင်မြှောက်ခဲ့သည်။ ၂၀၁၆ ခုနှစ် ​အောက်တိုဘာလ၁၃ ရက်​နေ့တွင် ခမည်း​တော် နတ်ရွာစံပြီး​နောက် ဘုရင်ဖြစ်လာခဲ့ပြီး နန်းသိမ်းပွဲအတွက်ကိုမူ အချိန်တစ်ခု​စောင့်ဆိုင်းရန် သူက​ပြောခဲ့သည်။[၁]

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်​နေ့တွင် ပလ္လင်ကို သိမ်းပိုက်ခဲ့သည်။ သူ၏ ခမည်း​တော်ကို ၂၀၁၇ခုနှစ် ​အောက်တိုဘာ ၂၆ရက်​နေ့တွင် မီးသင်္ဂြိုဟ်ခဲ့သည်။[၂][၃][၄]သူ၏ နန်းသိမ်းဘိသိတ်ပွဲကို ၂၀၁၉ခုနှစ် ​မေလ ၄ရက်မှ ၅ရက်အထိကျင်းပခဲ့သည်။ [၅] ဘုရင်ဖြစ်ချိန် ၂၀၁၆ ခုနှစ်က သက်​တော် ၆၁ နှစ်ရှိပြီဖြစ်၍ သူသည် နန်းတက်ချိန်တွင် အသက်အကြီးဆုံး ထိုင်းဘုရင် ဖြစ်လာခဲ့သည်။

ဘဝအစနှင့် ပညာ​ရေး[ပြင်ဆင်ရန်]

သူ့ကို ၁၉၅၂ခုနှစ် ဇူလိုင်လ၂၈ရက်​နေ့ ည​နေ ၅နာရီ ၄၅မိနစ်အချိန်တွင် ဒူဆစ်နန်းတော်၌ ဖွားမြင်ခဲ့သည်။[၆]မင်းသား တစ်နှစ်သားအရွယ်တွင် ဘုန်းကြီးတစ်ပါးမှ "Vajiralongkorn Borommachakkrayadisonsantatiwong Thewetthamrongsuboriban Aphikhunuprakanmahittaladunladet Phumiphonnaretwarangkun Kittisirisombunsawangkhawat Borommakhattiyaratchakuman" (ထိုင်း: วชิราลงกรณ บรมจักรยาดิศรสันตติวงศ เทเวศรธำรงสุบริบาล อภิคุณูประการมหิตลาดุลเดช ภูมิพลนเรศวรางกูร กิตติสิริสมบูรณ์สวางควัฒน์ บรมขัตติยราชกุมาร)ဟု အမည်​ပေးခဲ့သည်။ ဘုရင်ဘူမိ​ဘော၏ ဒုတိယ​မြောက်က​လေးဖြစ်ကာ တစ်ဦးတည်း​သောသားဖြစ်သည်။

ချစ်တရာလန်ဒါ​ကျောင်းတွင် ၁၉၅၆ခုနှစ်မှစ၍ ပညာသင်ခဲ့သည်။ ၇တန်း​အောင်မြင်ပြီး​နောက် ဗြိတိန်နိုင်ငံရှိ ပုဂ္ဂလိက​ကျောင်းများတွင် တက်​​ရောက်ခဲ့သည်။ ၁၉၇၀ခုနှစ် ဩဂုတ်လတွင် ဆစ်ဒနီမြို့ရှိ ဘုရင့်​ကျောင်း​တော်တွင် ငါးပတ်ကြာ စစ်သင်တန်း တက်​ရောက်ခဲ့သည်။ [၇]

၁၉၇၂ခုနှစ်တွင် ဩစ​တြေးလျနိုင်ငံ ကမ်ဘီရမြို့ရှိ ​တော်ဝင်စစ်​ကောလိပ်သို့ ဝင်ခွင့်ရခဲ့သည်။ ထို​ကျောင်းတွင် သူသည် ဩစ​တြေးလျစစ်တပ်၏ စစ်​ရေး​လေ့ကျင့်မှုများနှင့်အတူ နယူး​ဆောက်​ဝေးတက္ကသိုလ်မှ ဘွဲ့ပညာ​ရေးတို့ကို သင်ကြားခဲ့သည်။ ၁၉၇၆ခုနှစ်တွင် ဗိုလ်အဖြစ် ပြန်တမ်းဝင်ခဲ့ပြီး စာ​ပေပွဲဖြင့်ဘွဲ့ရခဲ့သည်။ [၇]

၁၉၈၂ခုနှစ်တွင် ဆူခိုထိုင်းတက္ကသိုလ်မှ ဥပ​ဒေဘွဲ့ဖြင့် ​နောက်ထပ်ဘွဲ့တစ်ခုရရှိခဲ့သည်။

နန်း​​မွေနန်းလျာနှင့် လူမှု​ရေးလုပ်ငန်းများ[ပြင်ဆင်ရန်]

၁၉၇၂ခုနစ် ဒီဇင်ဘာလ၂၈ရက်​နေ့တွင် ဝဇိရာလင်္ကရဏမင်းသားအား အိမ်​ရှေ့မင်းသားအဖြစ် သတ်မှတ်ခဲ့သည်။ ထို့​ကြောင့် ချက္ကရီမင်းဆက်၏ တတိယ​မြောက် အိမ်​ရှေ့မင်းသားဖြစ်လာသည်။[၈]

သူသည် ထိုင်း​တော်ဝင်စစ်တပ်တွင် တာဝန်ထမ်း​ဆောင်​နေစဉ်ကပင် ပြည်နယ်များသို့အလည်အပတ်သွား​ရောက်ခြင်း၊ခမည်း​တော်ဘုရင်ကိုယ်စား အခမ်းအနားများတက်​ရောက်ခြင်းများကို လုပ်​ဆောင်ခဲ့သည်။

သာသနာ့​​ဘောင် ဝင်​ရောက်ခြင်း[ပြင်ဆင်ရန်]

၁၉၇၈ခုနှစ် နိုဝင်ဘာ၆ရက်​နေ့ အသက်၂၆နှစ်အရွယ်တွင် သာသနာ့ဘောင်အတွင်း ​​ခေတ္တဝင်​ရောက်ခဲ့သည်။"ဝဇိရာလင်္ကရဏော" ("Vajirālaṅkaraṇo")ဘွဲ့​တော်ဖြင့် ၁၅ရက်ကြာ ဦးဇင်းဝတ်ခဲ့သည်။[၉]

စစ်ပညာသင်ဘဝနှင့် စစ်မှုထမ်း​ဆောင်ခြင်း[ပြင်ဆင်ရန်]

၂၀၀၃ခုနှစ် ဇွန်လ၁၂ရက်​နေ့က​ အ​မေရိကန်နိုင်ငံ၊ ပင်တဂွန်စစ်ဌာနချုပ်​တွင် ​တွေ့​ရ​သော အ​မေရိကန်ကာကွယ်​ရေးဒုဝန်ကြီးနှင့် မင်းသား​လောင်ကွန်း

ပညာများသင်ယူပြီး​နောက် ​တော်ဝင်ထိုင်းစစ်တပ်တွင် တာဝန်ထမ်း​ဆောင်ခဲ့သည်။ ၁၉၇၇တွင် အရာရှိနှင့် ဗိုလ်ချုပ်ကြီး​ကောလိပ်ကို တက်​ရောက်ခဲ့သည်။ အ​​မေရိကန်၊ ဗြိတိသျှ၊ ဩစ​တြေးလျစစ်တပ်များနှင့် အချိန်ကာလများစွာ ​လေ့ကျင့်ခဲ့သည်။ သူသည် ​လေယာဉ်နှင့် ဟတ်စကီး​မောင်းရန် အရည်အချင်းပြည့်မီသူဖြစ်သည်။ ၁၉၇၈ခုနှစ်တွင် ဘုရင့်ကိုယ်ရံ​တော်တပ်ဖွဲ့၏​ ခေါင်း​ဆောင်ဖြစ်လာသည်။ ထိုနှစ်​နှောင်းပိုင်းတွင် ဗုဒ္ဓဘာသာဝင်တို့၏ အစဉ်အလာအတိုင်း သာသနာ့​ဘောင်သို့ ​ခေတ္တဝင်ခဲ့သည်။[၁၀]ဖခင်ဖြစ်သူမှာ အသက်အရွယ်ရလာသည်နှင့် မင်းသား​လောင်ကွန်းမှာ အခမ်းအနားများစွာကို ကိုယ်စား တက်​ရောက်ခဲ့သည်။ ဘုရင်ကြီး၏ နှစ်၈၀ပြည့်ပွဲ​တော် ​နောက်တစ်ရက်တွင် ၂၀၀၇ ဘန်​ကောက်ပွဲ​တော်ကို ဖွင့်လှစ်​ပေးခဲ့သည်။

ကျန်းမာ​ရေးကဏ္ဍ[ပြင်ဆင်ရန်]

သူသည် "အိမ်​ရှေ့မင်းသား​ဆေးရုံများ"ကို တည်​ထောင်ခဲ့သည်။ အများပြည်သူမှလှူဒါန်း​သော အလှူ​ငွေများနှင့် ​ဝေးလံ​သော​ဒေသများမှ ပြည်သူများကို ကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေးရန်ဖြစ်သည်။ ၁၉၇၇ခုနှစ်တွင် ​နေရာ၂၁​နေရာတွင် ​ဆေးရုံများဖွင့်ပြီးဖြစ်သည်။[၁၁]

လယ်ယာစိုက်ပျိုး​ရေးကဏ္ဍ[ပြင်ဆင်ရန်]

မယ်​တော်သီရိ​ခေတ်နှင့် မင်းသား​လောင်ကွန်း

သူသည် စိုက်ပျိုး​ရေးကဏ္ဍတွင်ပါ စိတ်ဝင်စားပြီး "Mobile Agricultural Clinic Project" ကိုလုပ်​ဆောင်ခဲ့သည်။ ဤစီမံကိန်းသည် လယ်သမားများကို အထွက်​ကောင်း​စေရန်နှင့် လယ်သမားပြဿနာများကို ​ဖြေရှင်း​ပေးနိုင်သည်။ ကျွမ်းကျင်ပညာရှင်များစွာက အပင်များ၊ ဆည်​မြောင်းများ၊ ငါးဖမ်းခြင်းများ စသည်တို့အတွက် ကူညီကြသည်။ [၁၁]

ထိုအဖွဲ့သည် အကူအညီလိုအပ်​သော ​နေရာများသို့ လျင်မြန်စွာသွားနိုင်သည်။ ဤစီမံကိန်းဖြင့် လယ်သမားများကို နည်းပညာအသစ်များဖြင့် အထက်နှုန်း​ကောင်း​အောင် ​ဆောင်ရွက်​ပေးနိုင်ခဲ့သည်။[၁၁]

လွန်ခဲ့​သောနှစ်များတွင် မင်းသား​လောင်ကွန်းသည် ဘုရင်ဘူမိ​ဘောအစား လယ်ထွန်မင်္ဂလာပွဲများကို တက်​ရောက်ခဲ့သည်။ ထိုပွဲ​တော်သည် ထိုင်းလယ်သမားများအတွက် အဓိပ္ပာယ်ပြည့်ဝ​သောပွဲဖြစ်သည်။[၁၁]

ပညာ​ရေးကဏ္ဍ[ပြင်ဆင်ရန်]

သူသည် က​လေးများ၏ အဆင့်မီသင်ကြားနိုင်​ရေးတွင်ပါဝင်ပက်သက်ခွင့်နှင့် နှစ်ရှည်သင်ကြား​ရေးစီမံကိန်းကို အစပြုခဲ့သည်။ [၁၂]သူသည် ရာဇာဘတ်တက္ကသိုလ်နင့် အထူး​​ဆောင်ရွက်ခဲ့သည်။ ထိုတက္ကသိုလ်၏ ဥက္ကဋ္ဌဖြစ်သူက​ပြောကြားသည်မှာ ၁၉၇၈ခုနှစ်မှ စတင်ကာ တက္ကသိုလ်၏လက်​​အောက်ရှိ ​ကျောင်းများအားလုံး၏ ဘွဲ့နှင်းအခမ်းအနားများတွင် သဘာပတိအဖြစ်​ဆောင်ရွက်သည်။ ခန့်မှန်း​ခြေအရ ၃၅နှစ်အတွင်း လူ​ပေါင်း ၂၁၀၀၀၀၀ကို ဘွဲ့​ပေးနိုင်ခဲ့သည်။ ထို့အပြင် သူသည်နှစ်တိုင်း ပညာသင်ဆုအတွက် ဘတ်၄၂သန်း လှူဒါန်း​လေ့ရှိသည်။ [၁၂]

အားကစားကဏ္ဍ[ပြင်ဆင်ရန်]

တစ်ချိန်က သူ့ကို "​ဘောလုံးမင်းသား"ဟု လူသိကြ​သော်လည်း ယခုတွင် စက်ဘီးစီးမှုများ​ကြောင့် အမည်​ပြောင်းလဲခဲ့သည်။ ငယ်စဉ်ကပင် အားကစားတွင် စိတ်အားထက်သန်ခဲ့သည်။ ၁၁နှစ်အရွယ်တွင် မြင်းစီးသင်ခဲ့ပြီး မကြာမီတွင် မြင်းစီးနိုင်လာသည်။ ပြည်တွင်း၊ ပြည်ပတွင် ပညာသင်​နေစဉ် သူငယ်ချင်းများနှင့် ​ဘောလုံး၊ရတ်ဘီ၊ ​​လှေ​လှော်များ ကစား​လေ့ရှိသည်။

မင်းသားသည် ဟွာဟင်းရှိ နန်း​တော်တွင်​နေထိုင်စဉ်အခါက ဖခင်ဘူမိ​ဘော၊ အစ်မ​တော် ဥပ္ပလရတနာတို့နှင့်အတူ ​ရွက်​လှေ​လှော်​လေ့ရှိသည်။ သူ၏ အားကစားကို ချစ်မြတ်နိုးမှုမှာ နတ်ရွာစံ ဘုရင်ဘူမိ​ဘောထံမှ အ​မွေရရှိခြင်းပင်ဖြစ်သည်။ [၁၃]

စိုးစံခြင်း[ပြင်ဆင်ရန်]

ဝဇိရာလင်္ကရဏ ထိုင်းမင်းဆက်တို့၏နန်းတက်ပွဲ 2019

ဆက်ခံခြင်း[ပြင်ဆင်ရန်]

၂၀၀၇ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေအရ အိမ်​ရှေ့မင်းသား ဝဇိရာလင်္ကရဏကို ဘုရင်အဖြစ် ဆက်ခံနိုင်ရန် တင်ပြခြင်းအတွက် လွှတ်​တော်ဥက္ကဋ္ဌကို ထိုင်းအစိုးရမှ ညွှန်ကြားခဲ့သည်။ ပြဇာဓိပက​နောက်ပိုင်း ထိုင်းနိုင်ငံတွင်​မွေးဖွား​သော ပထမဆုံးဘုရင်ဖြစ်သည်။[၁၄]ဘူမိ​ဘောဘုရင် နတ်ရွာစံပြီး​နောက် ဘုရင်ဖြစ်လာ​သော်လည်း သူက နန်းတက်ရန် အချိန်တစ်ခုကို ​စောင့်ရန်​ပြောကြားခဲ့သည်။ [၁]ဘူမိ​ဘောဘုရင် နတ်ရွာစံအပြီး ရက်၅၀ အကြာ ဒီဇင်ဘာ၁ရက်​နေ့တွင် ဘုရင်ခံ ပရမ် မှ ဦး​ဆောင်ကာ ဝဇိရာလင်္ကရဏကို ချက္ကရီမင်းဆက်၏ ၁၀ဆက်​မြောက်ဘုရင်အဖြစ် နန်းတက်ရန် တင်ပြခဲ့သည်။[၁၅]ဝဇိရာလင်္ကရဏက လက်ခံခဲ့ပြီး ရုပ်မြင်သံကြား ထုတ်ပြန်ချက်အရ "ဘုရင်ကြီး၏ဆန္ဒနှင့် ထိုင်းပြည်သူများ၏ အကျိုးအတွက် နန်းတက်မည်ဖြစ်​ကြောင်း" ​ကြေညာခဲ့သည်။ [၁၆][၁၇]သို့​သော် ခမည်း​တော်၏ ​တော်ဝင်မီးသင်္ဂြိုဟ်ခြင်း အခမ်းအနား မပြီးဆုံးမီအထိ ​နေဦးမည်ဖြစ်သည်။ လက်ရှိတွင် သူ၏ အဓိကစံအိမ်​တော်မှာ ဒူဆစ်နန်းတော်အတွင်းမှ အမ်ပွန်း စသမ် အိမ်တော်ဖြစ်ကာ ၂၀၁၁ခုနှစ် ​နော့သဘူရီနန်း​တော်မှ ​ပြောင်းလာခဲ့ချိန်ကပင် စံမြန်းခဲ့သည်။[၁၈]

​ဈေးဝယ်စင်တာတစ်ခုရှိ ဘုရင်ဝဇိရာလင်္ကရဏ၏ ရုပ်ပုံကို ၂၀၁၇ခုနှစ်က​တွေ့ရစဉ်

ပရီဗီ​ကောင်စီအဖွဲ့ဝင်များ ခန့်အပ်ခြင်း[ပြင်ဆင်ရန်]

ဘုရင်ဘူမိ​ဘော၏ ပရီဗီ​ကောင်စီအဖွဲ့ဝင်များ အနားယူပြီး​နောက် ဘုရင်သစ် ဝဇိရာလင်္ကရဏက သူ၏​ကောင်စီအသစ်ကို အဖွဲ့ဝင်၁၀ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

နိုင်ငံ​ရေးတွင် ပါဝင်ခြင်း[ပြင်ဆင်ရန်]

ထိုင်းအာဏာသိမ်းစစ်အစိုးရ၏ လွှတ်​တော်သည် ၂၀၁၄ကြားဖြတ်အ​ခြေခံဥပ​ဒေကို ပြင်ဆင်ရန် တညီတညွတ်တည်း မဲ​ပေးခဲ့ကြသည်။​လူတချို့က ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေအသစ်သည် စစ်တပ်ကို အာဏာပိုရ​စေ​ကြောင်း ​ဝေဖန်ကြသည်။[၃] ၂၀၁၇ ​အ​ခြေခံဥပ​ဒေကို ၂၀၁၆ဆန္ဒခံယူပွဲတွင် အတည်ပြုခဲ့ကြသည်။၂၀၁၇ ဧပြီ၆ရက်​နေ့တွင် ဘုရင် ဝဇိရာလင်္ကရဏက လက်မှတ်​ရေးထိုးခဲ့သည်။[၁၉][၃] ဘုရင်ဝဇိရာလင်္ကရဏတွင် ​တော်ဝင်အိမ်​တော်များနှင့် ​တော်ဝင်အ​စောင့်အ​ရှောက်များ အတွက် အာဏာအပြည့်အဝရှိသည်။[၂၀]

ပုဂ္ဂိုလ်​ရေးဘဝ[ပြင်ဆင်ရန်]

ရတ်ချဒမ်နိုအန်ရိပ်သာလမ်း​ပေါ်မှ ဘုရင်၏ရုပ်ပုံ


ထိမ်းမြားခြင်းနှင့် သားသမီးများ[ပြင်ဆင်ရန်]

မိသားစု[ပြင်ဆင်ရန်]

၁၉၇၇ခုနှစ် ဇန်နဝါရီ၃ရက်​နေ့တွင် မိခင်ဘက်မှ ဝမ်းကွဲ​တော်စပ်သူ စုံသဝလီနှင့် ထိမ်းမြားခဲ့သည်။ သူတို့တွင် ၁၉၇၈ခုနှစ်၌ ဝဇိရကိတိယာဘာဟူ​သော သမီးတစ်​ယောက်ထွန်းကားသည်။ ၁၉၇၀​နှောင်းပိုင်းနှစ်ကာလများမှစ၍ သရုပ်​ဆောင် ယုဝဓီတာနှင့်အတူ ​နေထိုင်ကာ က​လေး၅​ယောက်ထွန်းကားခဲ့သည်။ သို့​သော် စုံသဝလီက နှစ်​အ​​တော်ကြာ​အောင် ကွာရှင်း​ပေးခြင်းမရှိခဲ့​​ပေ။ ၁၉၉၃ခုနှစ် ဇန်နဝါရီလမှသာ တရားရုံးတွင် ကွာရှင်းခဲ့ကြသည် ။ ဇူလိုင်လတွင်မှသာ အပြီးသတ်ကွာရှင်းနိုင်ခဲ့သည်။ စုံသဝလီနှင့် သမီးဖြစ်သူမှာ ​တော်ဝင်အခမ်းအနားများတွင် အ​ရေးပါ​သော​နေရာမှ ပါဝင်​နေဆဲဖြစ်သည်။

ဝဇိရာလင်္ကရဏသည် ယုဝဓီတာနှင့် မင်းသား စုဍာဝဇရ မဟီတလကို ၁၉၇၉ခုနှစ် ဩဂုတ်လ၂၉ရက်​နေ့တွင် ဖွားမြင်သည်။ ထို့​နောက် သား၃​ယောက် သမီး၁​ယောက်ဖွားမြင်ပြန်သည်။ ၁၉၉၄ခုနှစ်တွင် နန်း​တော်၌တရားဝင် လက်ထပ်ခဲ့သည်။ သူတို့ကို ဘုရင်ဘူမိ​ဘောနှင့် မယ်​တော်ကြီး သီရိနဂရိန္ဒြာတို့က ​ကောင်းချီး​ပေးခဲ့​သော်လည်း မိဖုရား သီရိ​ခေတ်မပါဝင်ခဲ့​​ပေ။ လက်ထပ်ပြီး​နောက် ဝဇိရာလင်္ကရဏနှင့်အတူ အခမ်းအနားများ တက်​ရောက်ခဲ့သည်။ လက်ထပ်ပြီး ၂နှစ်အကြာတွင် မင်းသားက ယုဝဓီတာကို ​အသက်၆၀အရွယ် ​လေတပ်မှဗိုလ်နှင့် ​ဖောက်ပြန်​သည့် စွပ်စွဲသည့် ကိစ္စနှင့် ယုဝဓီတာသည် ဗြိတိန်နိုင်ငံသို့ ရုတ်တရက်ထွက်ခွာသွားသည်။[၂၁] ​နောက်ပိုင်းတွင် မင်းသားသည် သမီး​တော်ကို အဓမ္မပြန်​ခေါ်ခဲ့ပြီး ယုဝဓီတာနှင့် သား​​လေး​ယောက်၏ နိုင်ငံကူးလက်မှတ်များနှင့် ​တော်ဝင်အ​ဆောင်အ​ယောင်များကို ရုပ်သိမ်းခဲ့သည်။ ထို့​နောက် ယုဝဓီတာနှင့်သားများသည် အ​​မေရိကန်သို့ ​ပြောင်းခဲ့ကြသည်။[၂၂]

၂၀၀၁ခုနှစ် ​ဖေ​ဖော်ဝါရီလ၁၀ရက်​နေ့တွင် တတိယအကြိမ် လက်ထပ်ခဲ့သည်။သီရိရံသိ သုဝတီနှင့် လက်ထပ်ခြင်းကို ၂၀၀၅အ​စောပိုင်းမှသာ လူသိရှင်ကြား ထုတ်ပြခဲ့သည်။ သား​တော် ဒီပင်္ကရ ရံသိဇောတိကို ၂၀၀၅ခုနှစ် ဧပြီ၂၉ရက်​နေ့တွင် ဖွားမြင်ခဲ့သည်။ သား​တော်မှာ ချက်ချင်းပင် မင်းသားအဖြစ် သတ်မှတ်ခံခဲ့ရသည်။

သို့​သော် ၂၀၁၄ခုနှစ် နိုဝင်ဘာလတွင် သီရိရံသိ သုဝတီ၏မိသားစုကို ​တော်ဝင်အမည်များရုပ်သိမ်း​ပေးရန် မင်းသား​လောင်ကွန်းက ပြည်ထဲ​ရေးဝန်ကြီးဌာနသို့ စာ​ရေး အ​ကြောင်းကြားခဲ့သည်။ အ​ကြောင်းမှာ မိသားစုဝင်၇​ယောက်မှာ အကျင့်ပျက်ခြစားမှုနှင့် စွပ်စွဲခံရခြင်း​ကြောင့်ဖြစ်သည်။[၂၃]​နောက်လတွင် သီရိရံသိ သုဝတီသည် ​တော်ဝင်ဂုဏ်ပုဒ်များကို စွန့်လွှတ်ကာ တရားဝင်ကွာရှင်းခဲ့ကြသည်။ သီရိရံသိ သုဝတီသည် ​လျော်​ကြေးအဖြစ် ဘတ်သန်း၂၀၀ရရှိခဲ့သည်။

သားသမီးများ[ပြင်ဆင်ရန်]

ဘုရင် မဟာဝဇိရာလင်္ကရဏ၏ သားသမီးများ[၂၂]
အမည် ​မွေးရက် မှတ်ချက်
စုံသဝလီနှင့် (၁၉၇၇လက်ထပ်၊၁၉၉၁ကွာရှင်း)
ဗဂျာကီတီရာဗာ (1978-12-07) ၇ ဒီဇင်ဘာ၊ ၁၉၇၈ (အသက် ၄၅)
သုစာရိဏီ ဝိဝဇရဝံသနှင့် (၁၉၉၄ လက်ထပ်၊၁၉၉၆ကွာရှင်း)
စုဍာဝဇရ ဝိဝဇရဝံသ (1979-08-29) ၂၉ ဩဂုတ်၊ ၁၉၇၉ (အသက် ၄၄) ဂျသာဗာဂျရာ မဟီတလအဖြစ်​မွေးဖွား
ဝဇိရရေသ ဝိဝဇရဝံသ (1981-05-27) ၂၇ မေ၊ ၁၉၈၁ (အသက် ၄၂) ဗချာစွန် မဟီတလအဖြစ်​မွေးဖွား
စကြီဝဇိရ ဝိဝဇရဝံသ (1983-02-06) ၆ ဖေဖော်ဝါရီ၊ ၁၉၈၃ (အသက် ၄၁) ချကရီဝတ် မဟီတလအဖြစ်​​မွေးဖွား
ဝဇရဝီရ ဝိဝဇရဝံသ (1985-06-14) ၁၄ ဇွန်၊ ၁၉၈၅ (အသက် ၃၈) ဗချဝီ မဟီတလအဖြစ်​မွေးဖွား
သီရိဝဏ္ဏဝရီ နာရီရတန (1987-01-08) ၈ ဇန်နဝါရီ၊ ၁၉၈၇ (အသက် ၃၇) ဘူစီယာနာဘီဂျာ မဟီတလအဖြစ်​မွေးဖွား
သီရိရံသိ သုဝတီနှင့် (၂၀၀၁ လက်ထပ်၊၂၀၁၄ ကွာရှင်း)
ဒီပင်္ကရ ရံသိဇောတိ (2005-04-29) ၂၉ ဧပြီ၊ ၂၀၀၅ (အသက် ၁၈) နန်း​မွေနန်းလျာ

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ "Thai Prime Minister Prayuth says Crown Prince seeks delay in proclaiming him King"၊ Bangkok: Coconuts BKK၊ 2016-10-13။ 
  2. Holmes၊ Oliver (26 October 2017)။ Thailand grieves over former king at lavish cremation ceremony
  3. ၃.၀ ၃.၁ ၃.၂ Thai king's coronation likely by the end of 2017: deputy PM (21 April 2017)။
  4. Shawn W. Crispin, How stable is post-cremation Thailand? Archived 11 February 2018 at the Wayback Machine., Asia Times (December 6, 2017).
  5. Coronation of HM King Maha Vajiralongkorn to be held May 4-6: palace (in en)။ 1 January 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 February 2019 တွင် ပြန်စစ်ပြီး။
  6. ราชกิจจานุเบกษา, ประกาศสำนักนายกรัฐมนตรี เรื่อง ให้หยุดราชการและชักธงชาติเนื่องในการที่พระราชกุมารประสูติ, เล่ม 69, ตอนที่ 49, 12 สิงหาคม พ.ศ. 2495, หน้า 2434
  7. ၇.၀ ၇.၁ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named BP-20161201-Military
  8. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named BP-20161201-Childhood
  9. "Long Live the King: the Upholder of Religions"၊ Bangkok Post၊ 1 December 2016။ 
  10. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named King Maha Vajiralongkorn
  11. ၁၁.၀ ၁၁.၁ ၁၁.၂ ၁၁.၃ BIRTHDAY CELEBRATION OF HIS ROYAL HIGHNESS CROWN PRINCE MAHA VAJIRALONGKORN။ Royal Thai Embassy to Singapore။
  12. ၁၂.၀ ၁၂.၁ "Crown Prince: Education key to progress"၊ Bangkok Post၊ 1 December 2016။ 
  13. King continues his father's legacy
  14. Kershaw၊ Roger (2001)။ Monarchy in South-East Asia: The faces of tradition in transition (1st ed.)။ London: Routledge။ pp. 152–153။ ISBN 0415243483
  15. "Crown Prince becomes King"၊ Bangkok Post 
  16. "Thai Crown Prince Maha Vajiralongkorn proclaimed king"၊ BBC News၊ 2016-12-01။ 
  17. "Crown prince Vajiralongkorn becomes Thailand's new king"၊ Aljazeera 
  18. "New Thai king receives Japanese emperor"၊ Nikkei Asian Review 
  19. King signs to promulgate new ConstitutionNation Multimedia Group (6 April 2017)။ 6 April 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 February 2019 တွင် ပြန်စစ်ပြီး။
  20. Thai king takes control of five palace agencies
  21. Christy Campbell။ "Adultery princess casts shadow on untouchables"၊ The Telegraph၊ 20 October 1996။ 20 July 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 22 November 2003။ "When the Queen and Prince Philip arrive in Bangkok next week to begin their state visit to Thailand they will find sanctuary from media salaciousness." [စိစစ်အတည်ပြုမှု မအောင်မြင်]
  22. ၂၂.၀ ၂၂.၁ "Thailand's new king in profile"၊ BBC 
  23. "Thailand crown prince strips wife's family of royal name"၊ BBC News၊ 29 November 2014။ "It comes after seven of her close relatives were arrested in a purge of officials allegedly involved in corruption."