တော်ဝင်နန်းတော် (ဘန်ကောက်)

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
တော်ဝင်နန်းတော်
พระบรมมหาราชวังยามเช้า.JPG
ကျောက်ဖယားမြစ်အတွင်းမှ မြင်ရသော တော်ဝင်နန်းတော်
အခြားအမည်များThe Grand Palace
အထွေထွေ အချက်အလက်များ
တည်နေရာဘန်ကောက်မြို့
နိုင်ငံ ထိုင်း
ကိုဩဒိနိတ်13°44′34.19″N 100°29′17.99″E / 13.7428306°N 100.4883306°E / 13.7428306; 100.4883306
တည်ဆောက်မှု စတင်၆ မေ ၁၇၈၂
ဖွင့်လှစ်၁၀ ဇွန် ၁၇၈၂
၁၈၈၂ခုနှစ်က တည်ဆောက်ပြီးစီးခဲ့သည့် တော်ဝင်နန်းတော်ဝင်းအတွင်းရှိ ကျကရီမဟာပြသတ်

တော်ဝင်နန်းတော် (Grand Palace) (ထိုင်း: พระบรมมหาราชวัง)သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် တည်ရှိသော အဆောက်အဦးများဖြစ်သည်။ထိုနေရာမှာ ထိုင်းဘုရင့်နိုင်ငံ၏ လက်ရှိ ဘုရင်မင်းဆက်ဖြစ်သော ရာမမင်းဆက်တို့ စိုးစံရာ တော်ဝင်နန်းတော်ဖြစ်သည်။၁၇၈၂ခုနှစ်ကပင် စိုးစံခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ်သည်။ရာမဘုရင်၉ဖြစ်သော ဘူမိဗလ်အဒုလျဒေခ်ျသည် အစ်ကိုတော် ရာမဘုရင်၈ နတ်ရွာစံပြီးနောက် ဒူဆစ်နန်းတော်အတွင်းရှိ ချီသရာလဒါနန်းတော်သို့ ပြောင်းကာ စံတော်မူခဲ့ပြီး သားတော်ဘုရင် ဝချိယာလောင်ကွန်းသည်လည်း ဒူဆစ်နန်းတော်အတွင်းရှိ အဖွန်ဆသန်နန်းတော်တွင် စံတော်မူသည်။သို့သော် တော်ဝင်နန်းတော်ကို တော်ဝင် အခမ်းအနားများနှင့် နိုင်ငံတော်ဆိုင်ရာ အခမ်းအနားများအတွက် အသုံးပြုနေဆဲဖြစ်သည်။ဤနန်းတော်မှာ ထိုင်းနိုင်ငံ၏ နိုင်ငံခြား ခရီးသွားများကို ဆွဲဆောင်ရာ အဓိကနေရာ ဖြစ်သည်။

နန်းတော်ဆောက်လုပ်ရေး လုပ်ငန်းများကို ၁၇၈၂ခုနှစ် မေလ၆ရက်နေ့တွင် စတင်ခဲ့သည်။ချက္ကရီမင်းဆက်၏ တည်ထောင်သူဘုရင် ချူလာလော့ (ရာမ ၁)မှ မြို့တော်ကို သွန်ဘူရီမြို့မှ ဘန်ကောက်မြို့သို့ ပြောင်းစဉ် ဆောက်လုပ်ခဲ့သည်။ဆက်ခံသော ရာမဘုရင်များ၏ စိုးစံမှုများအတွင်း နောက်ထပ် အဆောက်အဦးများစွာကို ထပ်မံဆောက်လုပ်ခဲ့သည်။အထူးသဖြင့် ရာမ၅ဘုရင် ချူလာလောင်ကွန်းလက်ထက်တွင် ဖြစ်သည်။၁၉၂၅ခုနှစ်တွင် ဘုရင်၊တော်ဝင်မိသားစုနှင့် အစိုးရအနေဖြင့် တော်ဝင်နန်းတော်တွင် အမြဲတမ်း မနေကြတော့ဘဲ အခြား နန်းတော်များသို့ ပြောင်းကာ စိုးစံခဲ့သည်။၁၉၃၂ခုနှစ်တွင် သက်ဦးဆံပိုင် ဘုရင်စနစ် တော်လှန်ရေး အပြီးတွင် အစိုးရ ရုံးဌာနများအားလုံး တော်ဝင်နန်းတော်မှ အခြားနေရာများသို့ ပြောင်းခဲ့ကြသည်။

ပုံစံအားဖြင့် နန်းတော်မှာ ထောင့်မှန်စတုဂံပုံဖြစ်ကာ ၂၁၈,၄၀၀ စတုရန်း မီတာ (၂,၃၅၁,၀၀၀ စတုရန်းပေ) ကျယ်ဝန်းပြီး မြို့ရိုးဖြင့် ကာရံထားသည်။ကျောက်ဖယားမြစ်ကမ်းဘေးတွင် တည်ရှိပြီး ယနေ့ခေတ် ဖရာနခွန် ခရိုင်တွင် တည်ရှိသည်။မြောက်ဘက်တွင် စနာလောင်လမ်းနှင့် နဖရာလန်လမ်း၊ အနောက်ဘက်တွင် မဟာရာဇာလမ်း၊အရှေ့ဘက်တွင် စနိုင်ချန်လမ်း၊တောင်ဘက်တွင် ထိုင်းဝမ်လမ်းများဖြင့် ဝန်းရံထားသည်။ နန်းတော်မှာ အဆောက်အဦးကြီး တစ်ခုထဲဖြင့် မဟုတ်ဘဲ အဆောက်အဦးပေါင်းများစွာဖြင့် ဆောက်လုပ်ထားသည်။အဆောင်များ၊ ခန်းမများ၊ ဥယျာဉ်များ တည်ရှိသည်။နန်းတော်ကို အပိုင်းပေါင်းများစွာ ခွဲခြားထားသည်။

  • မြဘုရား
  • အပြင်ပိုင်း (အများပြည်သူဆိုင်ရာ အဆောက်အဦးများ)
  • အလယ်ပိုင်း (ဖရာမဟာ မွန်သီယတ် အဆေက်အဦးများ)
  • အတွင်းပိုင်းနှင့်
  • ဆီဝလိုင် ဥယျာဉ် တို့ဖြစ်သည်။

ယနေ့ခေတ်တွင် တော်ဝင်နန်းတော်မှာ အများပြည်သူအတွက် ပြတိုက်အဖြစ် တစ်စိတ်တစ်ပိုင်းဖွင့်လှစ်ထား သကဲ့သို့ တော်ဝင် ရုံးများမှာ ကျန်ရှိနေဆဲဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ချက္ကရီမင်းဆက်
ဘုရင်များ
Buddha Yodfa Chulaloke portrait.jpgဗြးဗုဒ္ဓယောဖှာချူလာလော့မဟာရာဇ် ရာမ၁
Buddha Loetla Nabhalai portrait.jpgဗြးဗုဒ္ဓ‌လိုအီနာဘလိုင် ရာမ၂
Nangklao portrait.jpgနာင်ကလောဝ် ရာမ၃
Rama4 portrait (cropped).jpgဗြးမဟာမောင်းကွတ် ရာမ၄
King Chulalongkorn.jpgဗြးမဟာချူလာလောင်ကွန်း ရာမ၅
King Vajiravudh.jpgဗြးမဟာဝချိယာဝုဓ ရာမ၆
Prajadhipok portrait.jpgဗြးမဟာပြချဓိပေါက် ရာမ၇
King Ananda Mahidol portrait photograph.jpgဗြးမဟာမဟီဒလ် ရာမ၈
Portrait painting of King Bhumibol Adulyadej.jpgဗြးပရမေန္ဒြမဟာဘူမိဗလ်အဒုလျဒေက်ျမဟိတလာထိပရာမာဓိပတိကျကရိနရိဗဒိသယာမ်မိန္ဒြပရောမရာပေါ်ဖိတရ် ရာမ၉
King Rama X official.pngမဟာဝချိယာလောင်ကွန်း ရာမ၁၀

တော်ဝင်နန်းတော် တည်ဆောက်ခြင်းကို ၁၇၈၂ခုနှစ် မေလ ၆ရက်နေ့တွင် ဘုရင် ချူလာလော့၏ အမိန့်ဖြင့် တည်ဆောက်ခဲ့သည်။[၁] သွန်ဘူရီဘုရင် တက်ဆင်လက်ထက် ပုန်ကန်မှုများဖြစ်ပွားနေချိန်တွင် ဗိုလ်မှူး ချူလာလော့မှာ ကမ္ဘောဒီးယားတိုင်းပြည်သို့ စစ်ချီတက်နေချိန်ဖြစ်သည်။ဆိုင်ယမ်တို့၏ မြို့တော် ပုန်ကန်ခံနေရကြောင်း ကြားလျှင် ချက်ချင်း မြို့တော်သို့ပြန်လာကာ အခြေအနေအရပ်ရပ်ကို ထိန်းချုပ်ခဲ့သည်။ထို့နောက် ဘုရင်တက်စင်ကို ကွပ်မျက်ကာ မိမိကိုယ်တိုင် ဘုရင်အဖြစ် ကြေညာပြီး ချက္ကရီမင်းဆက်ကို တည်ထောင်ခဲ့သည်။[၂]ထို့အပြင် မြို့တော်ကိုလည်း သွန်ဘူရီမှ ပြောင်းရန် ကြံရွယ်တော်မူခဲ့သည်။ ဘန်ကောက်မြို့ရှိ နန်းတော်အသစ်မှာ ထောင့်မှန် စတုဂံပုံဖြစ်သည်။ ကုန်ပစ္စည်းနှင့် ဘဏ္ဍာရေး ပြဿနာကြောင့် နန်းတော်ကို မူလက သစ်သားများဖြင့် တည်ဆောက်ခဲ့သည်။သစ်သားအကာများဖြင့်ပင် ကာထားသည်။၁၇၈၂ခုနှစ် ဇွန်လ ၁၀ရက်နေ့တွင် သွန်ဘူရီမှ ကျောက်ဖယားမြစ်ကိုဖြတ်၍ နန်းတော်အသစ်သို့ ထွက်တော်မူလေသည်။၃ရက်အကြာ ၁၃ရက်နေ့တွင် ဘိသိက်ခံတော်မူပြီး ရတနာကိုဆင်တိုင်းပြည်၏ ပထမဆုံးမင်းအဖြစ် ခံယူတော်မူသည်။[၁][၃] နှစ် အနည်းငယ်အကြာတွင် သစ်သားများကို အစားထိုးခြင်း၊မြို့ရိုးများ၊ ခံတပ်များ၊ တံခါးပေါက်များ၊ ပုလ္လင် ခန်းမများ၊ တော်ဝင် ခန်းမဆောင်များ ပြန်လည် တည်ဆောက်ခဲ့သည်။ထိုအထဲတွင် မြဘုရား စံကျောင်းတော် တည်ဆောက်ခြင်းလည်း ပါဝင်ခဲ့သည်။[၄][၅]

နန်းတော် ပြုပြင်ရေးအတွက် ကုန်ပစ္စည်းများ ရှာဖွေရန် ရာမ၁ဘုရင်သည် မြန်မာတို့ကြောင့်လပျက်စီးခဲ့ရသော အယုဒ္ဓယ မြို့တော်ဟောင်းသို့ သူ၏ လူများကို စေလွှတ်တော်မူခဲ့သည်။မြို့တော်ဟောင်းရှိ အဆောင်များ၊နံရံများကို ဖျက်သိမ်းကာ ရသမျှ အုတ်များကို ယူခဲ့ကြသည်။စေတီများကိုတော့ ထားခဲ့ကြသည်။ထိုမှ ရရှိသော အုတ်များဖြင့် ပြန်လည်ပြုပြင်ခဲ့သည်။[၆][၇] အပြီးသတ် တည်ဆောက်မှုပြီးနောက် ၁၇၈၅ခုနှစ်တွင် ထုံးတမ်းအစဉ်အလာဖြင့် နန်းသိမ်းပွဲကို ကျင်းပခဲ့သည်။ [၄][၈]

တော်ဝင်နန်းတော်၏ ပုံစံမှာ အယုဒ္ဓယနန်းတော်၏ တည်ဆောက်မှုအတိုင်း အတုယူထားခြင်းဖြစ်သည်။[၆][၉] နန်းတော်နှစ်ခုလုံးမှာ မြစ်ကမ်းဘေးတွင် ဆောက်ထားခြင်းဖြစ်သည်။ တော်ဝင်နန်းတော်၏ မြောက်ဘက်တွင် သွန်ဖရာမန် (စနမ်လောင်)ဟုခေါ်သော ရင်ပြင်ကျယ် တစ်ခုရှိသည်။တော်ဝင်အခမ်းအနားများနှင့် ချီတက်ပွဲများအတွက် အသုံးပြုသော ရင်ပြင်ဖြစ်သည်။ထိုအတိုင်းပင် အယုဒ္ဓယမြို့ဟောင်း၌ ရှိခဲ့သည်။[၁၀][၁၁]

၁၈၈၀ခုနှစ်များဆီက တော်ဝင်နန်းတော်

တော်ဝင်နန်းတော်ကို အဓိကအားဖြင့် အပိုင်းလေးပိုင်း ပိုင်းထားသည်။၎င်းတို့ကို များစွာသော နံရံများနှင့် ဂိတ်များက ပိုင်းခြားထားသည်။

  1. အပြင်ပိုင်း
  2. အလယ်ပိုင်း
  3. အတွင်းပိုင်း
  4. မြဘုရားအပိုင်း တို့ဖြစ်သည်။

အပိုင်းအားလုံး၏ လုပ်ငန်းများကို ဓလေ့များနှင့် ဥပဒေများဖြင့် သတ်မှတ်ထားသည်။အပြင်ပိုင်းမှာ နန်းတော်၏ အနောက်မြောက်ပိုင်းတွင် တည်ရှိသည်။တော်ဝင်ရုံးများနှင့် ယခင်က ဝန်ကြီးဌာနရုံးများအတွင်း ဖြစ်သည်။[၁၀][၁၂] အရှေ့မြောက်ပိုင်းတွင် မြဘုရားနှင့် စံကျောင်းတော်တည်ရှိသည်။Toအလယ်ပိုင်းမှာ ဘုရင်၏ ပုလ္လင်ခန်းမတည်ရှိသည်။တောင်ဘက်အစွန်းပိုင်းရှိ အလယ်ပိုင်းမှာ ဘုရင်၏ မိဖုရားများနေထိုင်ရာ အမျိုးသမီး သီးသန့်အဆောင်ဖြစ်သည်။[၁၃][၁၄]

ရာမ၂ဘုရင်လက်ထက်တွင် နန်းတော်ကို တောင်ဘက်သို့ တိုးချဲ့ခဲ့သည်။ဤသို့တိုးချဲ့ခြင်းဖြင့် နန်းတော်၏ အကျယ်အဝန်းမှာ ၂၁၃,၆၇၄ စတုရန်း မီတာ (၂,၂၉၉,၉၇၀ စတုရန်းပေ) မှ ၂၁၈,၄၀၀ စတုရန်း မီတာ (၂,၃၅၁,၀၀၀ စတုရန်းပေ)သို့ ပြောင်းလဲသွားသည်။အသစ်တိုးချဲ့ထားမှုများနှင့် သင့်လျော်အောင် မြို့ရိုး၊ တံခါး အသစ်များပါ ဆောက်လုပ်ခဲ့သည်။

ဘန်ကောက်မြို့အတွင်းရှိ နန်းတော်မြေပုံ

ထုံးတမ်းအစဉ်အလာအရ နန်းတော်ကို မူလက ဗြးရာချဝင်လုအင် (พระราชวังหลวง) သို့မဟုတ် တော်ဝင်န

န်းတေ် ဟု ရည်ညွှန်းကြသည်။အယုဒဓယနန်းတေအတိုင်း ်းဖြစ်သည်။သို့သော် ရာမ၄ဘုရင်လက်ထက်တွင် ဗြးပေါရောမ္မာမဟာရာချဝင် သို့မဟုတ်တော်ဝင်နန်းတော်' အဖြစ် တရားဝစာရွက်စာတမ်းများတွင် ် စတ် အသုံးပြုခဲ့သည်။ဤပြောင်းလဲမှုကို ၁၈၅၁ခုနှစ်တွင် ဥပရာဇာ တင်မြှောက်ခြင်းတွင် အသုံးပြုခဲ့သည်။ ၎င်းနာမည်ကို ဥပရာဇာ၏ နန်းတော်ဖြစ်သောFront Palace|အရှေ့နန်းတော်သို့ ပေးအပ်ခဲ့သည်။ထိုနန်းတော်ကို ဗြးပရောရာချဝင် (พระบวรราชวัง) သို့မဟုတ် 'ဘုန်းကြီးသော' (บวร; ပေါရောန် )ဟု ခေါ်တွင်သည်။[၁၅] [၁၆]

သက်ဦးဆံပိုင် ဘုရင်စနစ်တစ်လျောက်လုံး ၁၇၈၂ခုနှစ်မှ ၁၉၃၂ခုနှစ်အတွင်း နန်းတော်မှာ နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် ဘာသာရေးဆိုင်ရာ ဗဟိုဌာနဖြစ်ခဲ့သည်။[၁၇]ဘုရင်၏ စံမြန်းရာနေရာဖြစ်၍ အစိုးရ၏ ရုံးစိုက်ရာနေရာလည်းဖြစ်ကာ အစောင့်များ၊ ကျွန်များ၊ မောင်းမမိဿံ မိဖုရားများ၊ မင်းညီမင်းသားများ၊ ဝန်ကြီးများ စသည့် ထောင်ပေါင်းများစွာသော လူများဖြင့် ပြည့်နေခဲ့သည်။[၁၈]

၁၉၂၀နှစ်များတွင် အခြားနေရာများ၌ ဘုရင်အတွက် နန်းတော်အသစ်များ ထပ်မံ ဆောက်လုပ်ခဲ့သည်။ထိုအထဲတွင် ပို၍ ခေတ်မီလာသော ဒူဆစ်နန်းတော်လည်းပါဝင်သည်။၎င်းကို ၁၉၀၃ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ဖရာထိုင်း နန်းတော်ကို ၁၉၀၉ခုနှစ်တွင် တညဆောက်ခဲ့သည်။ထိုသို့ ဆောက်လုပ်ခြင်းများက တော်ဝင်နန်းတော်ကို အဓိကကျသော နန်းတော်အဖြစ် ပို၍ ပြောင်းလဲစေခဲ့သည်။၁၉၂၅ခုနှစ်တွင် နန်းတော်မှ တဖြည်းဖြည်း ပြောင်းခြင်းများ ပြီးဆုံးခဲ့သည်။သယာမ်တိုင်းပြည်၏ ဗဟိုအာဏာ ကြီးမားလာမှုနှင့်အတူ အစိုးရဝန်ကြီးဌာနများ တိုးပွားလာပြီး နောက်ဆုံးတွင် နန်းတော်ပြင်ပသို့ ပြောင်းခဲ့ကြသည်။သို့သော် တော်ဝင်နန်းတော်မှာ နိုင်ငံတော်နှင့် တော်ဝင်အခမ်းအနားများ ကျင်းပရာ တရားဝင်နန်းတော်အဖြစ် ကျန်ရှိခဲ့ပေသေးသည်။သက်ဦးဆံပိုင် ဘုရင်စနစ်မှာ ၁၉၃၂တော်လှန်ရေးတွက် အဆုံးသတ်ခဲ့ပြီး စည်းမျဉ်းခံဘုရင်စနစ်ကို စတင်ခဲ့သည်။[၁၈][၁၉]

ယနေ့ခေတ်တွင် တော်ဝင်နန်းတော်မှာ ဘုရင်များ၏ တော်ဝင်အခမ်းအနားများ ကျင်းပရာနေရာဖြစ်သကဲ့သို့ နန်းတော်၏ တစ်ချို့နေရာများမှာ နိုင်ငံခြား ခရီးသွားများအား ဆွဲဆောင်ရန် အဓိကနေရာဖြစ်သည်။ [၁၈]

မြဘုရား[ပြင်ဆင်ရန်]

Temple of the Emerald Buddha 2012.JPG
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါးများ - :en:Wat Phra Kaew နှင့် Wat Phra Kaew

မြဘုရား မှာ တော်ဝင်နန်းတော်အတွင်း တည်ရှိသည်။ ဆူခိုထိုင်းနှင့် အုဒ္ဓယ ခေတ်ကာလများကကဲ့သို့ပင် ဘုရားကျောင်းဝင်းမှာ လူများနေထိုင်ရာနေရာနှင့် ပိုင်းခြားထားသည်။ဘုရားကို လေးဖက်လေးတန် တံတိုင်းများ ကာရံထားသည်။

မြဘုရား

Gran Palacio, Bangkok, Tailandia, 2013-08-22, DD 21.jpg

အပြင်ပိုင်း[ပြင်ဆင်ရန်]

Pimanchaisri.jpg
Wat Phra Kaew guards photo D Ramey Logan.jpg

တော်ဝင်နန်းတော်၏ အပြင်ပိုင်း သည် နန်းတော်၏ အနောက်မြောက်ဘက်တွင် တည်ရှိသည်။မြဘုရားမှာ ဘယ်ဘက်တွင် တည်ရှိပြီး များစွာသော အများပြည်သူဆိုင်ရာအဆောက်အဦးများမှာ ညာဘက်တွင် တည်ရှိသည်။ [၁၄]

ထိုထဲတွင် တော်ဝင်နန်းတော်၏ သတင်းအချက်အလက်စင်တာနှင့် ဌာနချုပ်အပြင် တော်ဝင်အိမ်တော်များထိန်းသိမ်းရေးအဖွဲ့လည်း တည်ရှိသည်။ထို့အပြင် ၐါလာသဟိုင်ထိုင် သမာခေါမ် (ศาลาสหทัยสมาคม) ခန်းမမှာ အရေးကြီးသော ဧည့်တွေ့ဆုံရာနေရာလည်းဖြစ်သည်။

အကာအကွယ် နံရံများ[ပြင်ဆင်ရန်]

တော်ဝင်နန်းတော်၏ မြို့ရိုးနံရံများကို ၁၇၈၂ခုနှစ်တွင် ရာမ၁ဘုရင်က ဆောက်လုပ်ခဲ့သည်။ရာမ၂လက်ထက်တွင် နန်းတော်နှင့်အတူ မြို့ရိုးများကို တောင်ဘက်သို့ တိုးချဲ့ခဲ့သည်။မြောက်ဘက်နံရံများမှာ 410 metres၊ အရှေ့ဘက်မှာ 510 metres၊ တောင်ဘက်မှာ 360 metresနှင့် အနောက်ဘက်မှာ 630 metresရှိပြီး စုစုပေါင်း ၁,၉၁၀ မီတာ (၆,၂၇၀ ပေ) ရှည်လျားသည်။အပြင်မြို့ရိုးများတွင် ဂိတ်တံခါး ၁၂ဂိတ်ရှိသည်။အတွင်း မြို့ရိုးများတွင် ဂိတ်တံခါး ၂၂ဂိတ်ရှိသည်။သို့သော် အချို့မှာ ဖျက်သိမ်းခံရပြီးဖြစ်သည်။အပြင်မြို့ရိုးများတွင် ခံတပ်ငယ် ၁၇ခုရှိသည်။[၁][၁၀]

ဗြးထီးနင်ချိုင်ချုမ်ဖောလ်[ပြင်ဆင်ရန်]

ဗြးထီးနင်ချိုင်ချုမ်ဖောလ်

ဗြးထီးနင်ချိုင်ချုမ်ဖောလ် (พระที่นั่งไชยชุมพล; RTGSPhra Thi Nang Chai Chumphon)သည် အရှေ့ဘက်မြို့ရိုး၏ မြောက်ဘက်တွင် တည်ရှိသည်။ထိုအဆောက်အဦးသည် ထောင့်မှန်စတုဂံပုံစံရှိကာ မြို့ရိုးပေါ်တွင် တည်ရှိသည်။ အမိုး၂ဆင့်ရှိသည်။၎င်းကို ရာမ၄ဘုရင်က ကြည့်တော်မူရန်နေရာ အဖြစ် တည်ဆောက်ခဲ့သည်။၎င်းမှနေ၍ စနမ်ချိုင်လမ်းတွင် ဘာသာရေးနှင့် တော်ဝင် ချီတက်မှုများကို ကြည့်တော်မူလေသည်။[၂၀]

ဗြးထီးနင်သုထိုင်းသဝန် ပြသတ်[ပြင်ဆင်ရန်]

Phra Thinang Sutthai Sawan Prasat.jpg
ဘုရင် ဘူမိဗလ် အဒုလျဒေချ်နှင့် မိဖုရား သီရိခေတ်တို့ ပြည်သူများအား လေသာဆောင်မှနေ၍ နှုတ်ဆက်နေစဉ်

တော်ဝင်နန်းတော်၏ အရှေ့တောင်ဘက် မြို့ရိုးများတွင် တည်ရှိသော အဆောက်အဦးဖြစ်သည်။ ၎င်းကို ရာမ၁ဘုရင်က ပထမဦးဆုံး တည်ဆောက်ခဲ့ပြီး သစ်သားများဖြင့် ပုံစံတစ်မျိုး ဆောက်လုပ်ထားသည်။ရာမ၂ဘုရင် လက်ထက်တွင် ယခုပုံစံကို အုတ်များဖြင့် တည်ဆောက်ခဲ့သည်။ ဤအဆောက်အဦးမှာ ဘုရင်က ပြည်သူများအား တွေ့ဆုံရန်နှင့် စစ်ချီတက်မှုများကို ကြည့်ရှုရန်ဖြစ်သည်။[၂၁][၂၂]

ဂိတ်များ[ပြင်ဆင်ရန်]

The Grand Palace @ Bangkok.jpg

တော်ဝင်နန်းတော်တွင် ဂိတ်တံခါး ၁၂ရပ်ရှိသည်။တစ်ဘက်လျှင် ၃ခုနှင့် လေးဘက်ဖြစ်သည်။

  • မြောက်ဘက်မြို့ရိုး
  • အရှေ့ဘက်မြို့ရိုး
  • တောင်ဘက်မြို့ရိုး
    • ဝိကျိတ်န်ပန်ကျောင် (ประตูวิจิตรบรรจง; RTGSWichit Banchong)
    • အနောင်ခါရက်ၑ် (ประตูอนงคารักษ์; RTGSAnongkharak)
    • ဗိထက်ၑ်ပဝေါန် (ประตูพิทักษ์บวร; RTGSPhithak Bowon; သင်္သကရိုက်: Vidakṣapavara)
  • အနောက်ဘက်မြို့ရိုး

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ Hongvivat 2003, p. 7
  2. Nidhi Eoseewong. (1986). Thai politics in the reign of the King of Thon Buri. Bangkok : Arts & Culture Publishing House. pp. 575.
  3. Quaritch Wales 1931, p. 71
  4. ၄.၀ ၄.၁ Suksri 1999, p. 11
  5. Watcharothai, et al. 2005, p. 18
  6. ၆.၀ ၆.၁ Chakrabongse 1960, p. 90
  7. Garnier 2004, p. 42
  8. Watcharothai, et al. 2005, p. 19
  9. Suksri 1999, p. 15
  10. ၁၀.၀ ၁၀.၁ ၁၀.၂ Suksri 1999, p. 16
  11. Watcharothai, et al. 2005, p. 21
  12. Watcharothai, et al. 2005, p. 24
  13. Hongvivat 2003, p. 8
  14. ၁၄.၀ ၁၄.၁ Suksri 1999, p. 17
  15. บวรthai-language.com။ 2012-01-31 တွင် ပြန်စစ်ပြီး။
  16. พระบรมมหาราชวัง at the Thai Wikipedia (Thai).
  17. Suksri 1999, p. 7
  18. ၁၈.၀ ၁၈.၁ ၁၈.၂ Suksri 1999, p. 8
  19. Watcharothai, et al. 2005, p. 29
  20. Watcharothai, et al. 2005, p. 257
  21. Pavilions on the wall of the Grand PalaceSunThai။ 2012-01-31 တွင် ပြန်စစ်ပြီး။
  22. Watcharothai, et al. 2005, pp. 248–249

ကိုးကား အမှား - <ref> tag defined in <references> with name "Suksri 16" has no content.

ကိုးကား အမှား - <ref> tag defined in <references> has no name attribute.