သီရိခေတ်

ဝီကီပီးဒီးယား မှ
သီရိ​ခေတ်

(သိရိကိတိံ)

สิริกิติ์
ထိုင်းနိုင်ငံ၏ ဘုရင့်မယ်​တော်
ထိုင်းနိုင်ငံ၏ မိဖုရား
နန်းသက်၂၈ ဧပြီ ၁၉၅၀ – ၁၃ ​အောက်တိုဘာ ၂၀၁၆
နန်းတက်ချိန်၅ ​မေ ၁၉၅၀
ထိုင်းနိုင်ငံ၏ ဘုရင့်မယ်​တော်
နန်းသက်၂၄ ​အောက်တိုဘာ ၂၀၁၆ – လက်ရှိ
မွေးဖွား (1932-08-12) ၁၂ ဩဂုတ်၊ ၁၉၃၂ (အသက် ၉၁)
ဘန်​ကောက်မြို့၊ သယာအမ်တိုင်းပြည်
အိမ်ထောင်ဖက်ဘူမိဗလအတုလျတေဇ (Rama IX) (လက်ထပ် ၁၉၅၀; နတ်ရွာစံ ၂၀၁၆)
သားသမီးများဥပလ်ရတန
ဝချိလာလောင်ကွန်း (ရာမ၁၀)
သိရိန္ဓရ
စုဠာဘရဏ
စံအိမ်မဟီ​ဒေါ (လက်ထပ်ပြီး​နောက်)
ကီတိယကရ (​မွေးဖွားစဉ်)
(ချက္ကရီမင်းဆက်)
ခမည်းတော်နက္ခတြ မင်္ဂလ
မယ်တော်ဘွား ကီတိယကရ
ကိုးကွယ်မှုဗုဒ္ဓဘာသာ
လက်မှတ်

သီရိခေတ် (အင်္ဂလိပ်: Sirikit; ထိုင်း: สิริกิติ์; ထိုင်းအသံထွက်: [sì.rì.kìt]; ဤအသံ အကြောင်းနားဆင် ) သည် ထိုင်းနိုင်ငံ၏ ဘုရင့်မယ်တော် ဖြစ်သည်။ နတ်ရွာစံဘုရင်ကြီး ဘူမိဗလ်အဒုလျဒေက်ျ ၏ မိဖုရားဖြစ်ပြီး ထိုင်းနိုင်ငံ၏ ဘုရင် ဝချိလာလောင်ကွန်း၏ မယ်တော် ဖြစ်သည်။ ဘုရင်ဘူမိ​ဗလ် နှင့် ပဲရစ်မြို့တွင် ​တွေ့ခဲ့သည်။ ဘုရင်ဘူမိဗလ် ဘိသိက်မသွန်းမီ ၁၉၅၀ခုနှစ်တွင် ထိမ်းမြားခဲ့သည်။ သူသည် ဘူမိ​ဘောဘုရင် သာသနာ့​ဘောင်အတွင်း ​ခေတ္တဝင်​ရောက်​နေစဉ် ၁၉၅၆ခုနှစ်က ဘုရင်ခံအဖြစ် ​ဆောင်ရွက်ခဲ့သည်။ ဘုရင်ဘူမိဗလ် နှင့် မိဖုရားသီရိ​ခေတ်တို့တွင် သားတစ်​ယောက်နှင့် သမီးသုံး​ယောက်ရှိကြသည်။ ဘုရင်ဘူမိ​ဗလ်မှာ ကမ္ဘာ့နန်းသက်အရှည်ဆုံးဘုရင်ဖြစ်သည့်အ​လျောက် မိဖုရားသီရိ​ခေတ်မှာလည်း ကမ္ဘာ့နန်းသက်အရှည်ဆုံး မိဖုရား​ခေါင်ကြီးဖြစ်လာခဲ့သည်။ ၂၀၁၂ခုနှစ် ဇူလိုင်လ၂၁ရက်​နေ့တွင် ​လေဖြတ်​ရောဂါခံစားရပြီး လူထုမြင်ကွင်းမှ ​ပျောက်ကွယ်ခဲ့သည်။

အ​စောပိုင်းဘဝနှင့် မိသားစု[ပြင်ဆင်ရန်]

သူ့ကို ၁၉၃၂ခုနှစ် ဩဂုတ်လ ၁၂ရက်​နေ့တွင် ဖွားမြင်ခဲ့သည်။ မိခင်ဖက်မှ အဘိုးဖြစ်သူ၏အိမ်တွင် ​မွေးဖွားခဲ့သည်။ သူသည် နက္ခတြ မင်္ဂလ၏ တတိယ​မြောက်က​လေးဖြစ်ကာ သမီးအကြီးဖြစ်သည်။ ပြဇာဓိပကဘုရင်၏ မိဖုရားဖြစ်သူ ရမ်ဘိုင်ဘာနီမှ "သီရိ​ခေတ်"ဟုအမည်​ပေးခဲ့ပြီး အဓိပ္ပာယ်မှာ ကီတိယကရ၏ ကြီးမြတ်ခြင်းဟုရသည်။ [၁]

သူ့တွင် အစ်ကို (၂) ​ယောက်နှင့် ညီမ (၁) ​ယောက်၊ ​မွေးချင်း (၃) ​ယောက်ရှိသည်။ ဖခင်ဖြစ်သူ ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးတွင် အတွင်းဝန်ဖြစ်စဉ်ကပင် သူသည် ငယ်စဉ်ကပင် မိခင်ဖက်မှ အဘိုးအဘွားများနှင့်ကြီးပြင်းခဲ့သည်။ (၃) လအကြာတွင် မိခင်ဖြစ်သူမှာ ဖခင်​နောက်လိုက်သွားသည်။ တစ်နှစ်အကြာတွင် မိဘများသည် ထိုင်းသို့ပြန်လာကြသည်။[၂]

ပညာ​ရေး[ပြင်ဆင်ရန်]

နယ်ယာလန်တွင်​တွေ့ရစဉ်

အသက်​လေးနှစ်အရွယ်တွင် ရာဂျီနီ​ကျောင်းတွင် မူကြိုစတက်ခဲ့ပြီး မူလတန်းအထိသင်ခဲ့သည်။ ထိုအချိန်က ပစိဖိတ်စစ်ပွဲဖြစ်ပွား​နေသည်။ ဘန်​ကောက်တွင် ကြိမ်ဖန်များစွာ ဗုံးထိခဲ့သည်။ အထူးသဖြင့် ရထားလမ်းများဖြစ်ရာ သွား​ရေးလာ​ရေး မလုံခြုံ​တော့​ပေ။ ထို့​ကြောင့် ​နေထိုင်ရာနန်း​တော်အနီးရှိ ​ကျောင်းသို့​ပြောင်းခဲ့သည်။

၁၉၄၆ခုနှစ်၊ စစ်ပြီးခါနီးတွင် ဖခင်ဖြစ်သူ ဗြိတိန်သို့​ပြောင်းရာ မိသားစုကိုပါ​ခေါ်သွားခဲ့သည်။ ထိုစဉ်က သီရိ​ခေတ်မှာ အသက်၁၃နှစ်သာရှိ​သေးသည်။ အင်္ဂလန်တွင် စန္ဒယားတီးစသင်ခဲ့သည်။ ဖခင်မှာ သံတမန်ဖြစ်၍ ပြင်သစ်နှင့် ဒိန်းမတ်ကိုပါ ​ပြောင်းရရာ အင်္ဂလိပ်နှင့် ပြင်သစ်စကားကိုလည်း ကျွမ်းကျင်လာသည်။ ပြင်သစ်တွင်​နေထိုင်စဉ်က ဂီတအကယ်ဒမီတစ်ခုကိုလည်း တက်ခဲ့သည်။

ပြင်သစ်တွင်ပင် ဘုရင်ဘူမိ​ဘောနှင့်​တွေ့ဆုံခဲ့သည်။ နှစ်ဦးလုံးမှာ ချူလာ​လောင်ကွန်းဘုရင်၏ အနွယ်​တော်များပင်ဖြစ်သည်။

ထိမ်းမြားခြင်း[ပြင်ဆင်ရန်]

၁၉၄၈ခုနှစ် ​အောက်တိုဘာ၄ရက်​နေ့တွင် ဘုရင်ဘူမိ​ဘောမှာ ဖီယယတ်တိုပိုလီနိုကားဖြင့် လူဆန်မြို့အပြင်ဘက် ၁၀ကီလိုမီတာအကွာ ဂျီနီဗာ-လူဆန်လမ်း​ပေါ်တွင် ဘရိတ်အုပ်လိုက်​သော ထရပ်ကား၏ ​နောက်ပိုင်းကို တိုက်မိ​လေသည်။​နောက်​ကျောပိုင်း၊ မျက်နာနှင့် မျက်လုံးတွင် အပြင်းအထန်ဒဏ်ရာ ရသွားခဲ့သည်။[၃][၄]လူဆန်မြို့တွင် ​ဆေးရုံတက်​နေစဉ် သီရိ​ခေတ်မှာ မကြာခဏ လာ​လေ့ရှိသည်။ မယ်​တော်ဆန်ဝမ် တလပတ်နှင့်​တွေ့ကာ မယ်​တော်က သား​တော်ဘူမိ​​ဘောနှင့် ပို၍ရင်းနီးရန် အနီးအနားတွင် ​ကျောင်း​ပြောင်းတက်ရန် ​မေးခဲ့သည်။[၅]၁၉၄၉ခုနှစ် ဇူလိုင်၁၉ရက်​နေ့တွင် တိတ်ဆိတ်စွာ ​စေ့စပ်ခဲ့ကြပြီး ဘိသိက်မခံမီ တစ်ပတ်အလို ၁၉၅၀ခုနှစ် ဧပြီ (၂၈) ရက်​နေ့တွင် ထိမ်းမြားခဲ့ကြသည်။ သူတို့၏ လက်ထပ်ပွဲကို နယူး​ယောခ့်တိုင်းမ်သတင်းစာက ဆင်နှင့် ထီးဖြူ​မြေမှ အရိုးရှင်းဆုံး လက်ထပ်ပွဲဟု ​ဖော်ပြခဲ့သည်။

ဘူမိ​ဘောဘုရင်နှင့် မိဖုရားသီရိ​ခေတ်တို့တွင် သားသမီး ​လေးပါးရှိသည်။

မိဖုရားဖြစ်လာခြင်း[ပြင်ဆင်ရန်]

လက်ထပ်စဉ်အခါက သီရိ​ခေတ်မှာ ၁၈နှစ်မပြည့်​သေး​​ပေ။ ချက္ကရီနန်းဆက်မှ အမိန့်ခံယူပြီး​နောက် မိဖုရားဖြစ်လာခဲ့သည်။ ၁၉၅၀ခုနှစ် ​မေလ၅ရက်​နေ့တွင် ဘိသိတ်ပွဲအပြီး ပညာဆက်လက်သင်ရန် ဆွစ်ဇာလန်သို့ ပြန်လာခဲ့ကြပြီး ၁၉၅၂တွင် ထိုင်းနိုင်ငံသို့ ပြန်​ရောက်ကြသည်။

ဘုရင်ခံ[ပြင်ဆင်ရန်]

၁၉၆၀ ဇူလိုင်လက နယူး​ယောက်မြို့တွင်​တွေ့ရစဉ်
၁၉၆၃ခုနှစ်က ဘုရင်နှင့်မိဖုရား
၂၀၀၇ခုနှစ်က ဗလာဒီမီယာ ပူတင်နှင့်​တွေ့ဆုံစဉ်

ဗုဒ္ဓဘာသာဝင်တို့၏ ဓ​လေ့အတိုင်း ဘုရင်ဘူမိ​ဘောမှာ ၁၉၅၆ခုနှစ်တွင် သာသနာ့​ဘောင်အတွင်း ​ခေတ္တဝင်​ရောက်ခဲ့သည်။ ထိုအချိန်အတွင်း မိဖုရားမှာ ဘုရင်ခံအဖြစ်​ဆောင်ရွက်ခဲ့သည်။[၆]သူ၏ တာဝန်ဝတ္တရားများကို ​ကောင်းမွန်စွာ​ဆောင်ရွက်ခဲ့၍ ထိုင်းနိုင်ငံ၏ ဘုရင်ခံအဖြစ် တရားဝင်သတ်မှတ်ခဲ့သည်။ ထိုင်းနိုင်ငံ၏ သမိုင်းတွင် ဒုတိယ​မြောက် ဘုရင်ခံမိဖုရားဖြစ်သည်။

ကျန်းမာ​ရေး[ပြင်ဆင်ရန်]

၂၀၁၂ခုနှစ် ဇူလိုင်၂၁ရက်​နေ့တွင် မူမမှန်ခြင်းခံစားရ၍စစ်​ဆေးကြည့်ရာ ​လေဖြတ်​ဝေဒနာခံစား​နေရသည်။ ထိုစဉ်မှပင် လူထုမြင်ကွင်းမှ ​ပျောက်ကွယ်​နေရာ ၂၀၁၂ခုနစ် ဒီဇင်ဘာလ၅ရက်​နေ့က ​တော်ဝင်နန်း​တော်တွင် ကျင်းပ​သော ဘုရင်ကြီး၏ ၈၅နှစ်ပြည့်​မွေး​နေ့ပွဲတွင်ပင် လူထုမြင်ကွင်း၌ ထွက်​ပေါ်မလာခဲ့​ပေ။

၂၀၁၆ခုနှစ် နိုဝင်ဘာ၂၆ရက်​နေ့တွင် မိဖုရားမှာ နာလန်ထူပြီဖြစ်၍ ​ဆေးရုံမှ နန်း​တော်သို့ ​​ပြောင်း၍ စံမြန်း​နေ​ကြောင်း နန်း​တော်မှထုတ်ပြန်ခဲ့သည်။[၇]

နိုင်ငံတွင်း ပြယုဂ်[ပြင်ဆင်ရန်]

မိဖုရား၏​မွေး​နေ့သည်လည်း ထိုင်းနိုင်ငံ၏ အားလပ်ရက်အဖြစ်သတ်မှတ်ထားပြီး "အ​မေ​နေ့"ဖြစ်သည်။ သူသည် ဘုရင်စနစ်ကို ဘုရားကဲ့သို့ကိုးကွယ်​သော ထိုင်းနိုင်ငံတွင် ​ဝေးလံ​သော​ဒေသများနှင့် ရိုးရာကိုခုံမင်​သော​ဒေသများတွင် အထူး​လေးစားကြည်ညိုခံရသည်။ သူ၏ ထိုင်းနိုင်ငံ​တောင်ပိုင်းရှိ မူဆလင်များအ​ပေါ် သည်းခံနားလည်​ပေးနိုင်မှု​ကြောင့် ထိုင်းမူဆလင်များအကြား ​​ရေပန်းစား​စေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. https://www.silpa-mag.com/club/art-and-culture/article_19343
  2. https://campus.campus-star.com/variety/52926.html
  3. Handley၊ Paul M. (2006)။ The King Never Smiles။ Yale University Press။ ISBN 0-300-10682-3
  4. The Making of a MonarchBangkok Post (5 December 2005)။ 15 July 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  5. The Royal Family။ Manora Company Limited Hua Hin။ 16 March 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 March 2017 တွင် ပြန်စစ်ပြီး။
  6. Handley (2006), p. 131-32.
  7. แถลงการณ์สำนักพระราชวัง "พระราชินี" พระอาการทั่วไปดีขึ้นมาก เสด็จกลับประทับพระตำหนักจิตรลดาฯ (in th)။ Matichon (2016-11-29)။