ဥပရာဇာ
ဥပရာဇာ(IPA: [ṵpəjàzà]; ခမာ: ឧបរាជ - Ouparach; ထိုင်း: อุปราช - RTGS: Upparat; လာအို: ອຸປຮາດ - Oupahat)သည် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံများရှိ ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ကြသော မင်းဆက်များတွင် ထားရှိခဲ့သော တော်ဝင်ရာထူးဖြစ်သည်။
မြန်မာ
[ပြင်ဆင်ရန်]တိုင်းပြည်၏ ဒုတိယဘုရင်ဖြစ်ကာ မဟာဥပရာဇာအနောက်ရပအိမ်ရှေ့မင်း ဟု အပြည့်အစုံခေါ်သည်။ မင်းညီမင်းသားများတွင် အမြင့်ဆုံးအဆင့်ရှိသော မင်းသားကို ခန့်လေ့ရှိသည်။
သို့သော် ဤနေရာမှာ မိဖုရားခေါင်ကြီး၏ အကြီးဆုံးသားကို ဆိုလိုခြင်းမဟုတ်ပေ။ဥပရာဇာမှာ နောင်တွင် ဘုရင်ဖြစ်လာမည်ဟုမဆိုနိုင်ပေ။
ကမ္ဘောဒီးယား
[ပြင်ဆင်ရန်]ဥပရာချ် (အင်္ဂလိပ်: Ouparach၊ခမာ: ឧបរាជ)သည် သင်္သကရိုက်ဘာသာနှင့် ပါဠိဘာသာတို့မှ ဆင်းသက်လာပြီး ဒုတိယဘုရင်ဟု အဓိပ္ပာယ်ရသည်။ ဘုရင်ပြီးနောက် အာဏာရှိသူဖြစ်သည်။ အမည်အပြည့်အစုံမှာ Samdach Preah Ouparach (ခမာ: សម្តេចព្រះឧបរាជ) သို့မဟုတ် Samdach Preah Moha Ouparach (ခမာ: សម្តេចព្រះមហាឧបរាជ្យ)ဖြစ်သည်။ [၁]
ဆိုင်ယမ်တိုင်းပြည်-ထိုင်းနိုင်ငံ
[ပြင်ဆင်ရန်]ဥပရတ် (အင်္ဂလိပ်: Uparat၊ ထိုင်း: อุปราช; RTGS: Upparat)သည် ဆိုင်ယမ်တိုင်းပြည်၏ ဒုတိယဘုရင်ဖြစ်ခဲ့သည်။ ထိုနေရာကို အဆင့်အမြင့်ဆုံးမင်းသားကို ပေးလေ့ရှိသည်။ဥပမာ- ဘုရင်၏ညီငယ် (သို့မဟုတ်) သားတော်ကြီးများဖြစ်သည်။၁၈၈၅ခုနှစ်မတိုင်မီအထိ ချက္ကရီမင်းဆက်မှန်သမျှသည် ဥပရာဇာခန့်လေ့ရှိသည်။ဥပရတ်သည် အရှေ့နန်းတော်တွင် ရုံးစိုက်လေ့ရှိသည်။ ချူလာလောင်ကွန်းဘုရင်လက်ထက်တွင် သူ၏ဝမ်းကွဲ၊ဥပရာဇာဖြစ်သော ဘိုဗွန် ဗီချိုင်ချန်ကွယ်လွန်ပြီးနောက် ဥပရတ်နေရာကို ဖျက်သိမ်းခဲ့သည်။ ထို့နောက် သူ၏သားအကြီးဆုံးကို အိမ်ရှေ့မင်း ခန့်အပ်ခဲ့သည်။ သို့သော် ဥပရတ်မဟုတ်ပေ။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Khmer dictionary, adapted from Samdach Chuon Nat Khmer dictionary, page 1643, published in 2007.