ဒူဆစ်နန်းတော်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဘန်ကောက်မြို့၊ ဒူဆစ်ခရိုင်တောင်ပိုင်းရှိ ဒူဆစ်နန်းတော်

ဒူဆစ်နန်းတော် (Dusit Palace၊ (ထိုင်း: พระราชวังดุสิต, Phra Ratcha Wang Dusit)သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တော်ဝင်အိမ်တော်များ (နန်းတော်များ) တည်ရှိရာ နန်းတော်ဖြစ်သည်။ရတ်သန်ခိုဆင်ကျွန်း၏ မြောက်ဘက်တွင် ၁၈၉၇ခုနှစ်မှ ၁၉၀၁ခုနှစ်အတွင်းက ချူလာလောင်ကွန်း (ရာမ၅)ဘုရင်က တည်ဆောက်ခဲ့သည်။မူလက နန်းတော်ကို ဝမ် ဆူအန် ဒူဆစ် သို့မဟုတ် ဒူဆစ်ဥယျာဉ်နန်းတော် ဟုခေါ်သည်။ နောက်တွင် ဘုရင် ချူလာလောင်ကွန်းအပါအဝင် ဗာဂျီရာဗုဘုရင်၊ ပရာဂျာဒီပစ်တ်ဘုရင်၊ ဘူမိဗလဘုရင်နှင့် လက်ရှိ ဝသိလာလောင်ကွန်းဘုရင်တို့၏ အဓိက စံမြန်းရာနေရာဖြစ်လာခဲ့သည်။သို့သော် တရားဝင် နန်းတော်မှာ တော်ဝင်နန်းတော်ဖြစ်သည်။ဒူဆစ်နန်းတော်မှာ စုစုပေါင်း ဧရိယာ ၆၄,၇၄၉ စတုရန်း မီတာ (၆၉၆,၉၅၀ စတုရန်းပေ) ရှိပြီး မတူညီသော တော်ဝင်အိမ်တော် (နန်းတော်) ၁၃ခုကို မြက်ခင်းပြင်များ၊ ပန်းဥယျာဉ်များဖြင့် ခြားထားသည်။ဒူဆစ်နန်းတော်ကို မြောက်ဘက်တွင် ရတ်ချ်ဝသီလမ်း၊ တောင်ဘက်တွင် ဆရီ အယုဒ္ဓယလမ်း၊ အနောက်ဘက်တွင် ရတ်ချစီမာလမ်း၊ အရှေ့ဘက်တွင် ဥသွန်နိုင်လမ်း တို့က ဝန်းရံထားသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

နောက်ခံ[ပြင်ဆင်ရန်]

ချူလာလောင်ကွန်းဘုရင်
Vimanmek Palace stage.jpg

၁၇၈၂ခုနှစ်မှစ၍ ဘန်ကောက်ကို ဆိုင်ယမ်တိုင်းပြည်၏ မြို့တော်အဖြစ် အခြေချပြီးနောက် ဘုရင်များသည် ကျောက်ဖယားမြစ်ဘေးရှိ တော်ဝင်နန်းတော်တွင် စံမြန်းခဲ့ကြသည်။နန်းတော်မှာ မြို့တော်၏ ဆုံချက်ဖြစ်လာပြီး အစိုးရရုံးထိုင်ရာနေရာဖြစ်လာခဲ့သည်။ထို့အပြင် ဘုရင်နှင့် တော်ဝင်မိသားစု၏ အိမ်တော်လည်းဖြစ်သည်။ရာမ၅ဘုရင်ဖြစ်သော ချူလာလောင်ကွန်းဘုရင်လက်တွင် တော်ဝင်နန်းတော်၏ အလယ်ပိုင်းနှင့် အတွင်းပိုင်းတို့ကို ပြန်လည်တည်ဆောက်ခြင်း၊ အသစ်တည်ဆောက်ခြင်းများဖြင့် အကြီးစား ပြုပြင်ပြောင်းလဲခဲ့သည်။ထိုအပြောင်းအလဲများသည် လူဦးရေပြောင်းလဲလာမှုများနှင့်အညီ ခေတ်မီပြီး သင့်လျော်သော ပုံစံကို ပြောင်းလဲစေခဲ့သည်။ထိုအပြောင်းပလဲများ၏ ရလဒ်အဖြစ် နန်းတော်မှာ အထူးသဖြင့် အတွင်းပိုင်းမှာ လူဦးရေ ထူထပ်လာသည်။တော်ဝင်နန်းတော်မှာ နွေရာသီရက်များတွင် အတော်ပူခဲ့သည်။အကြောင်းမှာ ပြွတ်သိပ်စွာ တည်ဆောက်ထားသော အဆောက်အဦးများက ပိတ်ထား၍ လေဝင်လေထွက် မကောင်းတော့ပေ။ကပ်ရောဂါကျရောက်ပါက နီးကပ်စွာ တည်ရှိနေသော အဆောက်အဦးများအတွင်း လွယ်ကူစွာ ပျံ့နှံ့နိုင်သည်။ဘုရင် ချုလာလောင်ကွန်းမှာ လမ်းလျှောက်ပြီး လေ့ကျင့်ခန်းလုပ်ခြင်း၊ စိတ်အပန်းဖြေခြင်း လုပ်ဆောင်လေ့ရှိသည်။တစ်ခါတစ်ရံတွင် တော်ဝင်နန်းတော်၌ နေရသည်မှာ နေမကောင်းတော့ကြောင်း ခံစားခဲ့ရသည်။အကျိုးဆက်အနေဖြင့် ဤပြဿနာကို ဖြေရှင်းရန် နိုင်ငံအတွင်း ခရီးတိုများ သွားလေ့ရှိခဲ့သည်။[၁]

ကောင်းကင် နန်းတော် (Celestial palace)[ပြင်ဆင်ရန်]

ချူလာလောင်ကွန်းဘုရင်သည် ၁၉၈၇ခုနှစ်တွင် ဥရောပသို့ အလည်သွားခဲ့စဉ်က ဥရောပဘုရင်များ၏ မြို့ဆင်ခြေဖုံးများတွင် ကျယ်ဝန်းသော ပန်းခြံများနှင့် နန်းတော်များကို တွေ့ခဲ့ပြီး အကြံရခဲ့သည်။ဘန်ကောက်သို့ ပြန်ရောက်သောအခါ တော်ဝင်နန်းတော်မှ မနီးမဝေးတွင် နန်းတော်အသစ် ဆောက်လုပ်ရန် စတင်ခဲ့သည်။သူ၏ ရပိုင်ခွင့် ဘဏ္ဍာထဲမှ ငွေများကို အသုံးပြုကာ Padung Krung Kasem နှင့် Samsen တူးမြောင်း အကြားရှိ လယ်ယာမြေများနှင့် ဥယျာဉ်များကို ရယူကာ နန်းတော်တည်ဆောက်ရေးကို စတင်ခဲ့သည်။ဆူအန် ဒူဆစ်နန်းတော်ဟု အမည်ပေးရန် ဆုံးဖြတ်ခဲ့သည်။အဓိပ္ပါယ်မှာ ကောင်းကင် ဥယျာဉ်ဖြစ်သည်။ထိုဧရိယာ အတွင်းရှိ ပထမဆုံးသော အဆောက်အဦးမှာ အသားဖြင့် တည်ဆောက်ထားသော တစ်ထပ် အဆောက်အဦးဖြစ်သည်။ထိုအဆောက်အဦးကို ဘုရင်၊ မိဖုရားများနှင့် သားသမီးများ ရံဖန်ရံခါ သုံးလေ့ရှိသည်။၁၈၉၀ခုနှစ်တွင် အမြဲတမ်းနေထိုင်ရန်အိမ်တော်အဖြစ် တည်ဆောက်ရန်အတွက် အစီအစဉ်များရေးဆွဲကာ မင်းသား နရီဆာရာနင့် တော်ဝင်နန်းတော်အတွင်းရှိ ဘိုရွန်ဖီမင်နန်းဆောင်ကို ကြီးကြပ်ခဲ့သူ ဂျာမန်လူမျိုး C. Sandreczkiတို့၏ လက်အောက်တွင် ကြီးကြပ်မှုထားသည်။မင်းသားမှ လွဲ၍ ကျန်အဖွဲ့ဝင်များမှာ ဥရောပလူမျိုးများဖြစ်သည်။ ချူလာလောင်ကွန်းဘုရင်သည် တော်ဝင်နန်းတော်ကို နိုင်ငံတော်အခမ်းအနားနှင့် တော်ဝင် အခမ်းအနားများအတွက်သာ အသုံးပြုရန် သေချာသွားပြီးနောက် အူဆန် ဒူဆစ်နန်းတော်ကို ဝမ်ဒူဆစ် (ကောင်းကင်နေထိုင်ခြင်း၊ Wang Dusit 'Celestial Dwelling')ဟု ခေါ်ဝေါခဲ့သည်။[၁]ချူလာလောင်ကွန်းက နန်းတော်အနီးတွင် ဝပ် ဘန်ချမိုဖစ်ဘုရား တည်ခဲ့ပြီး နန်းတော်၏ တရားဝင် အဓိက ကိုးကွယ်ရာ ဘုရားဖြစ်လာသည်။

အပ်ဟီးဆတ် ဒူဆစ် ပုလ္လင်ခန်းမကို ၁၉၀၄ခုနှစ်တွင် ပွဲတက်ဆောင်နှင့် ညီလာခံဆောင်အဖြစ် တည်ဆောက်ခဲ့သည်။
အနမ်တ ဆမခွန် ပုလ္လင်ခန်းမကို ၁၉၀၈ခုနှစ်က ညီလာခံအဆောင်အဖြစ် ဆောက်လုပ်ခဲ့သည်။

ချူလာလောင်ကွန်းဘုရင်သည် လမ်းမလျောက်ပါက စက်ဘီးစီးလေ့ရှိသည်။ဒူဆစ်နန်းတော်တွင် အမြဲတမ်း မနေထိုင်မီကာလများကပင် သူနှင့် စက်ဘီးစီးအဖွဲ့ဝင်များသည် တော်ဝင်နန်းတော်မှ ဒူဆစ်ပန်းခြံသို့ အသွားအပြန် စက်ဘီးစီးကြသည်။တစ်ခါတစ်ရံတွင် တစ်နေကုန်ကြာမြင့်ခဲ့သည်။ထိုလမ်းကြောင်းမှာ တော်ဝင်နန်းတော်နှင့် ဒူဆစ်နန်းတော်ကို ဆက်သွယ်ပေးပြီး နောက်ပိုင်းတွင် ရာဂျဒမ်နမ် ရိပ်သာလမ်း ဖြစ်လာခဲ့သည်။ဒူဆစ်နန်းတော်နှင့် ရာဂျဒမ်နမ်ရိပ်သာလမ်း နှစ်ခုလုံးကို တည်ဆောက်ခဲ့ခြင်းသည် ဘန်ကောက်မြို့၏ မြို့ပြဖွံ့ဖြိုးမှု၏ အမှတ်အသား တစ်ခုလည်းဖြစ်ခဲ့သည်။ဘန်ကောက်မြို့ကို မြို့တံတိုင်းများနှင့် ရတ်သခွန်ဆင်ဒေသ၏ အပြင်ဘက်သို့ တိုးချဲ့ရန် ခွင့်ပြုသကဲ့သို့ဖြစ်လာပြီး အားဖြစ်စေခဲ့သည်။နန်းတော်မှာ ဘန်ကောက်မြို့ကို မြောက်ဘက်ပိုင်းသို့ တိုးချဲ့ပေးပြီး ရိပ်သာလမ်းမှာ နောက်ထပ် တိုးချဲ့လာမှုများကို နေရာချပေးသကဲ့သို့ရှိသည်။ဒူဆစ်နန်းတော်မှနေ၍ တိုးချဲ့ခဲ့သော ရာဂျဒမ်နမ် ရိပ်သာလမ်းမှာ အနမ်တ ဆမခွန် ပုလ္လင်ခန်းမနှင့် Royal Plaza ရှေ့မှ စပြီး တောင်ဘက်သို့ မကာဝမ် ရန်ဆန့်တံတားနှင့် ပန်ဖက် လီလတ်စ်တံတား တို့အတိုင်းသွားကာ အနောက်ဘက်ရှိ ပန်ဘိုင်ပေါ့ လိုင်လာတံတားကို ဖြတ်ကာ တောင်ဘက်သို့ ပြန်သွားပြီး ဆနမ်လောင်းကွင်းမှနေ၍ တော်ဝင်နန်းတော်သို့ ရောက်သည်။unto the Grand Palace.[၂]

၁၉၀၈တွင် ချူလာလောင်ကွန်းဘုရင်မှာ ဥရောပမှ ဒုတိယအကြိမ် ပြန်ရောက်လာပြီးနောက် ၁၈၈၀ခုနှစ်က ကွယ်လွန်သွားသော မိဖုရားခေါင်ကြီး ဆုနန်ဒ ကုမာရီရတနကို အောက်မေ့ဂုဏ်ပြုရန် Suan Sunandha (สวนสุนันทา) ဥယျာဉ်ကို တည်ဆောက်ပြီး နန်းတော်ကို မြောက်ဘက်သို့ တိုးချဲ့ခဲ့သည်။နောင်တွင် ထိုဥယျာဉ်မှာ မိဖုရားများနှင့် သားတော်၊ သမီးတော်များ၏ အိမ်တော်များ ဖြစ်လာသည်။ချူလာလောင်ကွန်းဘုရင်သည် ၁၉၁၀ခုနှစ် အောက်တိုဘာလ ၂၃ရက်နေ့တွင် ကျောက်ကပ်ရောဂါဖြင့် အမ်ပွန်း စသမ် အိမ်တော် တွင် နတ်ရွာစံခဲ့သည်။သူသည် နတ်ရွာမစံမီအထိ ဒူဆစ်နန်းတော်တွင် စံမြန်းသွားခဲ့သည်။

ရာမဘုရင် ၆၊ ၇၊ ၈ တို့၏ စိုးစံမှုများ[ပြင်ဆင်ရန်]

ချစ်ရာလဒါ တော်ဝင် ဗီလာ၏ ကျုံး။တော်ဝင် ဗီလာကို ၁၉၁၃ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၁၉၂၅ခုနှစ်တွင် ဒူဆစ်နန်းတော်၏ အစိတ်အပိုင်းဖြစ်လာခဲ့ပြီး နောက်ပိုင်းတွင် ဘုရင် ဘူမိဗလနှင့် မိဖုရား သီရိခေတ်တို့၏ အိမ်တော်ဖြစ်လာသည်။

ချူလာလောင်ကွန်းဘုရင်ကို ဆက်ခံသူ ဗာဂျီရာဗုဘုရင် (ရာမ၆)သည် ၁၉၁၃ခုနှစ်တွင် ဖရာထိုင်းနန်းတော်နှင့် ဒူဆစ်နန်းတော်တို့အကြားတွင် Suan Chitralada (สวนจิตรลดา) ပန်းဥယျာဉ်ကို တည်ဆောက်ကာ နန်းတော်ကို တိုးချဲ့ခဲ့သည်။ထိုဥယျာဉ်ကို Phra Thamnak Chitralada Rahothan သို့မဟုတ် ချစ်ရာလဒါ တော်ဝင် ဗီလာ (พระตำหนักจิตรลดารโหฐาน) ဟု အမည်ပေးခဲ့သည်။နောက်ပိုင်း ၁၉၂၅ခုနှစ်တွင် ပရာဂျာဒီပစ်တ်ဘုရင်(ရာမ၇) စိုးစံနေစဉ်က ထိုဗီလာကို ဒူဆစ်နန်းတော် လက်အောက်သို့ တော်ဝင်အမိန့်ဖြင့် ထည့်သွင်းခဲ့သည်။နန်းတော်၏ အကျယ်ဆုံး အခြေအနေတွင် ကုန်းမြေအားဖြင့် ၇၆၈,၉၀၂ စတုရန်း မီတာ (၈,၂၇၆,၃၉၀ စတုရန်းပေ) ကျယ်ဝန်းသည်။၁၉၃၂ခုနှစ် ဆိုင်ယမ်တော်လှန်ရေး တွင် သက်ဦးဆံပိုင် ဘုရင်စနစ် ပြုတ်ကျကာ စည်းမျဉ်းခံဘုရင်စနစ် စတင်လာနိုင်ခဲ့သည်။ဒူဆစ်နန်းတော်၏ မြေနေရာများ လျှော့ချခံခဲ့ရပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဖွဲ့စည်းထားသော အစိုးရသစ်ထံ လွှဲပြောင်းပေးရသည်။ထိုအထဲတွင် နန်းတော်အရှေ့ရှိ Khao Din Wana (เขาดินวนา) လည်း ပါဝင်သည်။အာနန္ဒာ မဟိုင်ဒေါဘုရင် (ရာမ၈)က ၁၉၃၈ခုနှစ်တွင် ဘန်ကောက်မြို့တော် မြူနီစီပယ်သို့ လွှဲပေးခဲ့ပြီး အများပြည်သူဆိုင်ရာ အပန်းဖြေနေရာ ဖွင့်လှစ်ကာ နောင်တွင် ဒူဆစ် တိရစ္ဆာန် ဥယျာဉ် ဖြစ်လာသည်။အနမ်တ ဆမခွန် ပုလ္လင်ခန်းမ မှာလည်း လွှတ်တော် ကျင်းပရာ နေရာဖြစ်လာသည်။

ရာမ ၉ဘုရင်၏ စိုးစံမှု[ပြင်ဆင်ရန်]

ဘူမိဗလအတုလျတေဇဘုရင် (ရာမ၉)သည် ၁၉၅၂ခုနှစ်တွင် ပညာသင်ကြားအပြီး ထိုင်းနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည်။ ချစ်ရာလဒါ တော်ဝင် ဗီလာကို သူ၏ စံအိမ်တော်အဖြစ် သတ်မှတ်ကာ ပြုပြင် မွမ်းမံခဲ့သည်။ထိုအတောအတွင်း ဘုရင်နှင့် မိသားစုသည် ဒူဆစ်နန်းတော်အတွင်းရှိ အမ်ပွန်း စသမ် အိမ်တော်တွင် နေထိုင်ခဲ့ကြသည်။ပြပြင်မှုများ အပြီးတွင် ဘုရင်က တော်ဝင်ဗီလာကို သူ၏ စံအိမ်တော်အဖြစ် သတ်မှတ်ခဲ့သည်။ထိုဗီလာနှင့် ဥယျာဉ်ကို များသောအားဖြင့် ချစ်ရာလဒါနန်းတော်ဟု လူသိများကြသည်။[၃]

၁၉၇၀ခုနှစ်တွင် လွှတ်တော်က နိုင်ငံ၏ ဥပဒေပြုလွှတ်တော်အတွက် နေရာအသစ် တစ်ခုပေးရန် တောင်းဆိုခဲ့သည်။အကြောင်းမှာ လက်ရှိ အသုံးပြုနေသည့် အနမ်တ ဆမခွန် ပုလ္လင်ခန်းမမှာ အလွန်သေးငယ်ပြီး များပြားလာသော ကိုယ်စားလှယ် အရေအတွက်အတွက် သင့်လျော်အောင် မစီမံနိုင်တော့ပေ။ဘုရင်ကြီးက ဒူဆစ်နန်းတော်အတွင်း ပုလ္လင်ခန်းမ၏ မြောက်ဘက် ဒူဆစ်နန်းတော်အတွင်း နေရာတစ်နေရာ ပေးခဲ့သည်။အဆောက်အဦးအသစ် တည်ဆောက်ပြီးစီးသွားသောအခါ အနမ်တ ဆမခွန် ပုလ္လင်ခန်းမမှာ ဒူဆစ်နန်းတော်၏ တစ်စိတ်တစ်ပိုင်း ပြန်ဖြစ်လာခဲ့သည်။

ရာမ ၁၀ဘုရင်၏ စိုးစံမှု[ပြင်ဆင်ရန်]

ဝသိလာလောင်ကွန်းဘုရင် (ရာမ၁၀) သည် အမ်ပွန်း စသမ် အိမ်တော်ကို သူ၏ စံအိမ်အဖြစ် ရွေးချယ်ခဲ့သည်။[၄]ထိုနေရာတွင် ခမည်းတော် ဘူမိဗလဘုရင် မကွယ်လွန်မီကပင် နေထိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဒူဆစ်နန်းတော် ပရိဝဏ်အတွင်းရှိ အဆောက်အဦးများတွင် ပြတိုက်များ ပြခန်း ခန်းမများဖွင့်လှစ်ထားသည်။သို့သော် အများပြည်သူအတွက်မူ အနည်းငယ်သာ ဖွင့်လှစ်ထားသည်။

ပုံစံ[ပြင်ဆင်ရန်]

ထိုင်းနန်းတော်များအတိုင်းပင် ယခင် ဒူဆစ်နန်းတော်ကို အပိုင်းသုံးပိုင်း ခွဲခြားထားသည်။အပြင်ပိုင်း၊ အလယ်ပိုင်းနှင့် အတွင်းပိုင်း တို့ဖြစ်သည်။သို့သော် တော်ဝင်နန်းတော်နှင့် မတူညီသည်မှာ နံရံများအပြင်၌ ဒူဆစ်နန်းတော်ကို တူးမြောင်းများ၊ ဥယျာဉ်များဖြင့် ခြားထားသည်။ [၁]ထို့ကြောင့် ဘုရင်အနေဖြင့် မိဖုရားများ၊ သားတော် သမီးတော်များကို ခွဲဝေပေးနိုင်သည်။ဥယျာဉ်များကို ဂိတ်တံခါးများဖြင့် ခွဲခြားထားသည်။[၂]

အဓိက အဆောက်အဦးများ[ပြင်ဆင်ရန်]

ဒူဆစ်နန်းတော်၏ မြေပုံ။

အရံ အဆောက်အဦးများ[ပြင်ဆင်ရန်]

  • ဆူအန် ဆီ ရူဒူ တော်ဝင် ဗီလာ (Suan Si Ruedu Royal Villa)
  • ဆူအန် ဟွန် တော်ဝင် ဗီလာ (Suan Hong Royal Villa)
  • ဆူအန် နော့ခ် မိုင် တော်ဝင် ဗီလာ (Suan Nok Mai Royal Villa)
  • ဆူအန် ဘူအာ တော်ဝင် ဗီလာ (Suan Bua Royal Villa)
  • မင်းသမီး ဘတစ်စဘန် ဘူအာ-ဖန် စံအိမ်တော် (HRH Princess Bussabun Bua-Phan Residential Hall)
  • မင်းသမီး အာရန် ဝါဒီ စံအိမ်တော် (HRH Princess Arun-Wadi Residential Hall)
  • မင်းသမီး ပွမ် ဆွိုင် ဆအန် စံအိမ်တော် (HRH Princess Puang Soi Sa-ang Residential Hall)
  • မင်းသမီး အော်ရာထိုင်း သပ် ကန်ရ စံအိမ်တော် (HRH Princess Orathai Thep Kanya Residential Hall)
  • ခရွန် လွမ် ဗိုရေ့ သဆုဒါ စံအိမ်တော် (Krom Luang Vorased Thasuda Residential Hall)
  • သမ်နက် ဆူအန် ဖာရန် ကန်ဆိုင် စံအိမ်တော် (Tamnak Suan Farang Kangsai Residential Hall)
  • တန်ခ ဆူအန် ဖူတန် စံအိမ်တော် (Tamnka Suan Phudtan Residential Hall)
  • တန်ခ ဟော် စံအိမ်တော် (Tamnak Hor Residential Hall)
  • ပါရပ်ခန်ဗန် နန်းတော်
  • ဆူအန် ကူလပ် အိမ်ကြီး (Suan Kularb Mansion)

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]