ရခိုင်မင်းသမီး ဧချင်း

ဝီကီပီးဒီးယား မှ
၀၈:၁၃၊ ၁၉ ဩဂုတ် ၂၀၁၈ နေ့က Ninjastrikers (ဆွေးနွေး | ပံ့ပိုး) (Cyrus noto3at bulaga (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Ninjastrikers ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)

အဒူမင်းညို ရေးသော ရခိုင်မင်းသမီး ဧချင်းသည် အထင်အရှား တွေ့ရှိရသော ဧချင်းများတွင် အဟောင်းဆုံးဖြစ်သည်။ ဧချင်းဖွဲ့ဆိုသော ခုနှစ်ကိုကား အတိအကျ မသိရပေ။[၁] အင်းဝဘုရင် နရပတိနှင့် ထီးပြိုင် နန်းပြိုင်ဖြစ်သော ရခိုင်ဘုရင်ဘစောဖြူ နန်းတက်သည့် မြန်မာ သက္ကရာဇ် ၈၁၇ ခုနှစ် က ထိုဧချင်းကို ဖွဲ့ဆိုထားခဲ့သည်ဟု ယူဆရသည်။

ထိုဧချင်းသည် တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်ပေါ် ဧချင်းများလောက် ရာဇဝင်ကြောင်းတွင် မပြည့်စုံလှသော်လည်း ဖွဲ့ဆိုလိုသမျှကို မကွယ်မထောင့် ရှင်းလင်းပြတ်သားစွာ ဖွဲ့ဆိုထားသည်။ သုံးနှုန်းထားသော စကားလုံးတို့သည်လည်း သုတိသာယာ၍ ပေါ်လွင်လှပေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးဖေမောင်တင် ရေး ရှေးဟောင်း မြန်မာစာပေ သမိုင်း