ဓညဝတီ အရေးတော်ပုံကျမ်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဓညဝတီ၊ ဟံသာဝတီ၊ ရတနာပူရ၊ ရတနာသီခ၊ နရသေဌ် နင်း၊ မင်းဆက်မင်းတို့၊ နှိမ်နင်းတိုက်ဖျက်၊ လက်နက်နိုင်ငံ စီမံချဲ့ထွင်ကြပုံများကို မှတ်တမ်းသဖွယ် တင်ထားအပ်သော အရေးတော်ပုံ ကျမ်းငါးစောင်အနက် ဓညဝတီအရေးတော်ပုံ ကျမ်းသည်လည်း တစ်စောင် အပါအဝင်ဖြစ်သည်။ ထိုကျမ်းကို သက္ကရာဇ် ၁၁၄၉ ခုနှစ်တွင် ဒွါရဝတီမြို့ သာသနာပြုဆရာတော် ကဝိသာရာဘိသီရိပဝရ အဂ္ဂမဟာဓမ္မရာဇာ ဓိရာဇဂုရု စီရင်ပြုစုခဲ့လေသည်။

ထိုကျမ်းတွင် ဓညဝတီဒုတိယမြို့တည် ကံရာဇာကြီးမင်းမှ ၂၈ ဆက်မြောက် မင်းသီရိရာဇာ လက်ထက်မှစ၍၊ မဟာ သမ္မတမင်းလက်ထက် (၁၁၄၆ ခုနှစ်)အထိ၊ ရခိုင်မင်းများ လက်ထက်တွင် ဖြစ်ပျက်ပုံများကို မှတ်တမ်းတင်ထားလေသည်။

ရခိုင်ပြည်သည် မြန်မာနိုင်ငံနှင့်တစပ်တည်း တည်နေသော် လည်း၊ ပထဝီဝင် အနေအထားအရ၊ ခရီး အထောက်အလှမ်း မသင့်ခြင်းကြောင့်၊ မြန်မာတို့က ရခိုင်ကို အတိုက်အခိုက် နည်း ပါးခဲ့သည်။ တိုက်ခိုက်ပြန်လျှင်လည်း၊ အရှည်အကြာ သိမ်းပိုက် မထားနိုင်ချေ။ ပုစံအားဖြင့်ဆိုရလျှင်၊ အင်းဝဘုရင်မင်းခေါင်၏ သားတော် မင်းရဲကျော်စွာသည် ရခိုင်ကိုတိုက်၍၊ ဘုရင် မင်းခေါင်၏ သားမက်တော် နော်ရထာကို လောင်းကြက်မြို့ တွင် နန်းတင်သည်။ သို့သော် သံတွဲစားသည် ပဲခူးမင်း ရာဇာ ဓိရာဇ်၏ အကူအညီဖြင့် ဘင်္ဂါလီကုလား တဆယ့်နှစ်မြို့ (ဘင်္ဂလား)သို့ ပြေးလေသူ နောင်တော် နရမိတ်လှမင်းအား ပြန်၍နန်းတင်လေသည်။


မြန်မာနိုင်ငံနှင့် ခရီးအထောက်အလှမ်း မသင့်သော်လည်း ဘင်္ဂလားပြည်နယ်မင်းများနှင့် အဆက်အဆံရှိကြောင်း၊ ရခိုင်တို့ က သွား၍တိုက်ခိုက်သည့်အခါလည်းရှိ၍၊ ကုလားတို့က ထိပါး လာသည့်အခါလည်းရှိကြောင်းများ မှတ်တမ်းတင်ထားသည်။ သက်လူမျိုးတို့ ဝင်ရောက်တိုက်ခိုက်လာခြင်း၊ ယင်းတို့အား တိုက်ထုတ်ခြင်း အကြောင်းများလည်း ယင်းအရေးတော်ပုံ ကျမ်း၌ တွေ့ရသည်။

ထိုကျမ်းကြီးတွင် ရခိုင်မင်းတို့၏ စစ်မက်ရေးများ၊ တပ်ဆင် တပ်ခွဲပုံများ၊ စစ်ဆင် စစ်တက်ပုံများ ပါဝင်သော်လည်း ပညာရှိ အမတ်ကြီးဝိမလ၊ အမတ်ကြီး မဟာပညာကျော်တို့၏ လျှောက် ထားချက်များက ပိုမိုများ ပြားစွာပါဝင်သည်။ ယင်းသည့် လျှောက်ထားချက်များသည် ပြည်ရေးပြည်ရာ မင်းရေးမင်းရာ နန်းတွင်းရေး နန်းတွင်းရာများအတွက် အရေးသင့်ရာကို အမတ် ကြီးက မင်းတို့ ချင့်ချိန်ဝေဖန်ရန် လျှောက်တင်ချက်များ ဖြစ် သည်။

လျှောက်ထားချက်များတွင် ဗဟုသုတဖြစ်ဖွယ်ရာ မြန်မာ့ ထုံးတမ်းဓလေ့များ၊ အတိတ်နိမိတ်ဖတ်ပုံများ၊ မြန်မာ့ထုံးဟောင်း ပုံပြင်များ၊ စာကားပုံများလည်း အများအပြား ပါဝင်သည်။ ပုံစံဆိုရလျှင် ဒသရာဇာမင်း၏ ဘိသိက်ခံအခန်းတွင် ဘိသိက် ပွဲွကျင်းပပုံကို အဆောင်အယောင် အခမ်းအနားများနှင့်တကွ အသေးစိတ်ဖော် ပြထားလေသည်။

ရခိုင်ဘုရင် မဟာသမ္မတမင်း လက်ထက် ၁၁၄၆ ခုနှစ်တွင် အမရပူရပြည့်ရှင် ဘိုးတော်ဘုရားမင်းသည် သားတော်ကြီး အိမ်ရှေ့ဥပရာဇာအား ရခိုင်သို့ချီတက် သိမ်းပိုက် စေသည်တွင်၊ ဓညဝတီ၌ ရခိုင်မင်းဆက်ပြတ်၍၊ ဓညဝတီအရေး တော်ပုံကျမ်းသည် ထိုအကြောင်းဖြင့် အပြီးသတ်လေသည်။ ယင်းသည့်အရေးတော်ပုံကျမ်းသည် ပျို့လင်္ကာသမိုင်းတို့နှင့် အထွတ်ညီသော ရာဇဝင်ကြီးက ကောက်နုတ်၍ စကားပြေ အရေးအသားဖြင့်၊ ခန့်ညား ခမ်းနားစွာ ဖွဲ့နွဲ့ရေးသားထားသော ကျမ်းဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )