ဒုတိယ မဟာရာဇဝင်တော်ကြီး

ဝီကီပီးဒီးယား မှ
ဒုတိယ ရာဇဝင်
ယခု ကုန်းဘောင်ဆက် ရာဇဝင်၏ ဒုတိယတွဲ အနေဖြင့် ထုတ်ဝေ
စာရေးသူတော်ဝင်သမိုင်း ကော်မရှင်
မူလခေါင်းစဉ်ဒုတိယ မဟာ ရာဇဝင်တော်ကြီး
နိုင်ငံမြန်မာ့ဘုရင့်နိုင်ငံတော်
ဘာသာစကားမြန်မာ
အတွဲမြန်မာရာဇဝင်ကျမ်းများ
အမျိုးအစားရာဇဝင်သမိုင်း
ထုတ်ဝေသည့်ရက်
၁၈၆၉
စာမျက်နှာ၁၀ တွဲ[၁]
ယခင်စာအုပ်မှန်နန်း ရာဇဝင်
နောက်ထွက်စာအုပ်ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး

ဒုတိယ မဟာရာဇဝင်တော်ကြီး သည် မြန်မာနိုင်ငံကုန်းဘောင်ခေတ်တွင် ထွက်ပေါ်ခဲ့သော ဒုတိယမြောက် မြန်မာရာဇဝင်ကျမ်း ဖြစ်သည်။ မှန်နန်း ရာဇဝင် ၏ ဒုတိယအပိုင်းဖြစ်ပြီး ဗြိတိသျှတို့နှင့် ဖြစ်ပွားခဲ့သော စစ်ပွဲနှစ်ခု အပါအဝင် ၁၈၂၁ ခုနှစ်မှ ၁၈၅၄ ခုနှစ်အထိ ဖြစ်ရပ်များ ပါဝင်သည်။

ပုံနှိပ်ခြင်းများ[ပြင်ဆင်ရန်]

ဒုတိယ ရာဇဝင်ကျမ်းကို ၁၈၆၉ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေခဲ့သည်။ ယခုအခါ ယင်းကို ကုန်းဘောင်ဆက် ရာဇဝင်၏ ဒုတိယတွဲအနေဖြင့် ထုတ်ဝေထားသည်။ ကုန်းဘောင်ဆက် ရာဇဝင်တွင် အတွဲသုံးတွဲရှိပြီး ပထမတွဲ (၁၇၅၂–၁၈၂၁)၊ ဒုတိယတွဲ (၁၈၂၁–၁၈၅၄)၊ နှင့် တတိယတွဲ (၁၈၅၄–၁၈၈၅) တို့ ဖြစ်သည်။

အကျဉ်းချုပ်[ပြင်ဆင်ရန်]

ဤရာဇဝင်ကျမ်း ရေးသားခြင်းကို ဒုတိယ အင်္ဂလိပ် - မြန်မာစစ် (၁၈၅၂) အပြီး ၁၅ နှစ်အကြာ ၁၈၆၇ ခုနှစ်တွင် တော်ဝင်သမိုင်း ကော်မရှင် မှ စတင်ခဲ့သည်။ မင်းတုန်းမင်းသည် မှန်နန်းရာဇဝင် အား ပြင်ဆင်ဖြည့်စွက်ရန် အခြား ကော်မရှင်တစ်ခုအား တာဝန်ပေးခဲ့သည်။ ကော်မရှင်တွင် အဖွဲ့ဝင် ၅ ဦး ပါဝင်သည်။[၂] ပထမ အင်္ဂလိပ် - မြန်မာစစ် (၁၈၂၄–၁၈၂၆) မတိုင်မီ ၁၈၂၁ ခုနှစ်တွင် ပထမကော်မရှင်အဖွဲ့ ရပ်နားပြီးနောက် ဒုတိယကော်မရှင်အဖွဲ့အနေဖြင့် ဆိုးရွားသော စစ်ပွဲနှစ်ခုအကြောင်းကို ရေးသားကိုင်တွယ်ခဲ့ရသည်။ ကော်မရှင်သည် ရာဇဝင်ကျမ်းအား ဒုတိယစစ်ပွဲ အပြီး ၁၈၅၄ ခုနှစ်အထိ ဖြည့်စွက်ခဲ့သည်။[၃] ဒုတိယရာဇဝင်ကျမ်းတွင် စစ်ပွဲနှစ်ခုအကြောင်းကို အပြည့်အစုံ ထည့်သွင်းရေးသားထားသည်။[၄] အတွဲ ၁၀ တွဲပါဝင်သော ဒုတိယရာဇဝင်ကျမ်းသည် ၁၈၆၉ ခုနှစ်တွင် အပြီးသတ် ပြီးစီးခဲ့သည်။[၁]

မှတ်စုများ[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Allot et al 1989: 13–14
  2. Khin Maung Nyunt 2009: 1
  3. လှဘေ၊ ၁၉၈၅၊ စာ ၃၉–၄၀
  4. ထင်အောင်၊ ၁၉၆၇၊ စာ ၂၅၄

ကိုးကား[ပြင်ဆင်ရန်]

  • Allot၊ Anna (1989)။ Patricia Herbert, Anthony Crothers Milner (ed.)။ South-East Asia: Languages and Literatures : a Select Guide။ University of Hawaii Press။ ISBN 9780824812676
  • လှဘေ၊ ဦး (၁၉၈၅)။ Burma: Literature, Historiography, Scholarship, Language, Life, and Buddhism။ Singapore: Institute of Southeast Asian Studies။ ISBN 9789971988005
  • ထင်အောင်၊ မောင် (၁၉၇၆)။ A History of Burma။ New York and London: Cambridge University Press။
  • ခင်မောင်ညွန့် (၂၀၀၉)။ The Second Myanmar Historical Commission။ Association of Myanmar Archaeologists။ More than one of |author= နှင့် |last= specified (အကူအညီ); |access-date= က |url= ကို လိုအပ်သည် (အကူအညီ)