အာရက္ခတပ်တော်

ဝီကီပီးဒီးယား မှ
၀၆:၃၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ နေ့က Ninjastrikers (ဆွေးနွေး | ပံ့ပိုး) (222.112.215.3 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Kalle Divins ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်) တည်းဖြတ်သည့်မူ
ရခိုင်ပြည်တပ်မတော် နှင့် မရောထွေးပါနှင့်။
ရက္ခိုင့်တပ်တော်
ရက္ခိုင့်တပ်တော်
ပြည်တွင်းပဋိပက္ခသမိုင်းတွင် ပါဝင်
ရက္ခိုင့်တပ်တော်၏ အလံ
ရက္ခိုင့်တပ်တော်၏ အလံ
လှုပ်ရှား၁၀ ဧပြီ ၂၀၀၉ (၂၀၀၉-၀၄-၁၀)–လက်ရှိ
ခံယူချက်ရခိုင်အမျိုးသားရေး
ရခိုင်လူမျိုးများ၏ ကိုယ်ပိုင်အခွင့်အရေး
ဦးဆောင်သူများထွန်းမြတ်နိုင်[၁]
ညိုထွန်းအောင်[၂]
ကျော်ဟန်
ခိုင်သုခ
ဌာနချုပ်လိုင်ဇာမြို့ ကချင်ပြည်နယ်
လှုပ်ရှားသည့် ဧရိယာကချင်ပြည်နယ်တွင်းရှိ ကချင်လွတ်မြောက်ရေးတပ်မတော် ထိန်းသိမ်းထားသော ဒေသများ၊
ရခိုင်ပြည်နယ် ချင်းပြည်နယ်
အင်အား၂၄,၀၀၀+[၃]
တစ်စိတ်တစ်ပိုင်းရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်
မဟာမိတ် ကချင်လွတ်မြောက်ရေးတပ်မတော်

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်

တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်
ပြိုင်ဘက်မြန်မာနိုင်ငံ မြန်မာနိုင်ငံ အစိုးရ
တိုက်ပွဲနှင့် စစ်ပွဲများပြည်တွင်းပဋိပက္ခသမိုင်း
  • ရခိုင်တောလှန်ရေး သမိုင်း
ဝက်ဘ်ဆိုဒ်www.arakanarmy.net
အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ခံထားရသူ
 မြန်မာ[၄][၅]

ရက္ခိုင့်တပ်တော် (အင်္ဂလိပ်: Arakan Army; အတိုကောက် AA) သည် ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။[၁] ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၏ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ဗိုလ်ချုပ် ထွန်းမြတ်နိုင်မှ ဦးစီးသည်။ AA ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်သူပြည်သားတို့ကို ကာကွယ်ပြီး ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်ရေး နှင့် ဖွံ့ဖြိုးရေးကိုတည်ဆောက်ရန်ဟု AA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင် မှ ပြောကြားခဲ့သည်။ AA ၏အခြေစိုက်စခန်းမှာ KIA နယ်မြေ လိုင်ဇာတွင် ဖြစ်ပြီး ယခုအချိန်တွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင်ဖြစ်သည်။ ဌာနခွဲစခန်းများမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်နှင့် ထိုင်းနယ်စပ်များတွင် ရှိသည်။ လက်ရှိ ရက္ခိုင့်တပ်တော်အင်အားမှာ ၂၄၀၀၀ ကျော်ဖြစ်သည်။ ရက္ခိုင့်တပ်တော်၏ အဓိက ခေါင်းဆောင် လေးဦးမှာ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင် ဗိုလ်မှူးကြီး ကျော်ဟန် နှင့် အေအေ ပြန်ကြားရေး ခိုင်သုခ တို့ ဖြစ်သည်။

၂၀၁၉ ဇန်နဝါရီ ၄ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲစခန်းလေးခုကို ရက္ခိုင့်တပ်တော်က တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ပြီးနောက် အစိုးရက ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့သည်။[၆]

သမိုင်း

၁၉၉၇ ခုနှစ်က ရခိုင်တက္ကသိုလ်ကျောင်းသားလူငယ်များနှင့် လူလတ်ပိုင်းများ၏ စုစည်းလှုပ်ရှားမှုမှ ရက္ခိုင့် တပ်တော် ပေါ်ပေါက်လာရန် အစပြုခဲ့သည်။[၆]

၂၀၀၆ ခုနှစ်တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် KIA ဗိုလ်ချုပ်ဂွမ်မော်တို့ လိုင်ဇာတွင် တွေ့ဆုံခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်တွင် ရခိုင်လူငယ်များကို KIA မှ စစ်သင်တန်းများ ပေးခဲ့သည်။ ရက္ခိုင့်တပ်တော် ကို ၂၀၀၉ ခုနှစ်တွင် ကချင်ပြည်နယ် KIO/ KIA ဌာနချုပ် ရှိရာ လိုင်ဇာတွင် ရခိုင်လူငယ် ၂၆ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။[၆]

တိုက်ပွဲများ

ရက္ခိုင့်တပ်တော်သည် ၂၀၁၅ ခုနှစ်မှ စတင်ကာ ပလက်ဝမြို့နယ်ဘက်မှ တဆင့် ရခိုင်ပြည်နယ်သို့ ထိုးဖောက် ဝင်ရောက်ရန် ကြိုးစားလာခဲ့ပြီးနောက် တပ်မတော်နှင့် ရင်ဆိုင်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။[၆]

၂၀၁၈ ခုနှစ်တွင် ရသေ့တောင်ကျောက်တော်မြောက်ဦးဘူးသီးတောင် စသောမြို့နယ်များအထိ နယ်မြေချဲ့ထွင်လာခဲ့ပြီးနောက် တပ်မတော်နှင့် AA တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပေါ်လာခဲ့ပြီး ၂၀၁၅ မှစတင်ကာ တပ်မတော်နှင့်အကြိမ် ၁၀၀ ကျော် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။[၆]

၂၀၁၈ ဒီဇင်ဘာလအတွင်း တပ်မတော်မှ ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ် တို့ကို ၄ လ စစ်ကြောင်း ရပ်နားလိုက်သော်လည်း ရခိုင်ပြည်နယ် မပါဝင်ခဲ့ပေ။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် AA တပ်ဖွဲ့ဝင်များက ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ နယ်ခြားစောင့်စခန်း (၄) ကို ဝင်ရောက် တိုက်ခိုက်ပြီးနောက် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ပြီး အရပ်သားများ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများလည်း ရှိခဲ့သည်။

၂၀၂၀ ခုနှစ်အတွင်းတွင် အစိုးရတပ်မတော်နှင့် AA တပ်ဖွဲ့တို့အကြား ရင်ဆိုင်တိုက်ပွဲများသည် ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်းနှင့် ရမ်းဗြဲမြို့နယ်များထိ ကူးစပ် ကျယ်ပြန့်လာခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း အရပ်သားထိခိုက်ဒဏ်ရာရမှုနှင့် လူဦးရေသိန်းနှင့်ချီကာ နေရပ်စွန့်ခွာ စစ်ဘေးသင့်ပြည်သူများ ဖြစ်လာခဲ့ရသည်။

ရည်ရွယ်ချက်

  • ရခိုင်ပြည်သူ/သား ကာကွယ်ရေး ငြိမ်းချမ်ရေး တရားဥပဒေစိုးမိုးရေး စီးပွားရေး တိုးတက်မှု။
  • ရခိုင်လူမျိုး အနွယ် နှင့် သယံဇာတ ထိန်းသိမ်း စောင့်ရှောက်ရေး။
  • ရခိုင်ပြည်နယ် လွတ်လပ်ရေး နှင့် နိုင်ငံရေး ဆောင်ရွက်သွားရေး။
  • ရခိုင်ပြည်နယ် မှ မတရားမှု ရှင်းလင်းရေး။
  • ရခိုင်ပြည် ကို ကိုယ်ပိုင်အုပ်ချုပ်သော ကွန်ဖက်ဒရယ်ပြည်နယ်အဖြစ် သတ်မှတ်ရေး

ရက္ခိုင့် အိပ်မက် ၂၀၂၀

ရက္ခိုင့်အိပ်မက် ၂၀၂၀ သည် ရခိုင်လူထုတစ်ရပ်လုံး ချိတ်ဆက်ပြီး ရခိုင်လူထုလှုပ်ရှားမှုတစ်ရပ်ကို ၂၀၂၀ တွင် စတင်ရန် ရည်မှန်းချက်ဖြစ်သည်။[၆]

အရပ်သား ထိခိုက်ဒဏ်ရာ ရရှိမှုများ

(၂၁) ရက်၊ ဧပြီ လ၊ ၂၀၂၀ ခုနှစ် - အမ်း မြို့နယ်မှ စစ်တွေ မြို့နယ်သို့ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုပိုင် ပိုးသတ်ဆေး ပစ္စည်းများ တင်ဆောင် မောင်းနှင်လာသည့် ယာဉ်ကို မင်းပြား မြို့နယ်၊ ဖားပြို ကျေးရွာ အနီးတွင် AA က လက်နက်ငယ်များနှင့် ပစ်ခတ်သဖြင့် ထိုယာဉ်မောင်း သေဆုံးခဲ့ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်သည်။[၇]

(၂၂) ရက်၊ ဧပြီ လ၊ ၂၀၂၀ ခုနှစ် - AAနှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားသဖြင့် ပလက်ဝ မြို့နယ်၊ မြန်မာ့ စီးပွားရေးဘဏ် အနီးသို့ လက်နက်ကြီး ကျည် ကျရောက် ပေါက်ကွဲသဖြင့် ထိုဘဏ် အနောက်ဘက်ရှိ သရက်ပင်တွင် သရက်သီး ခူးစားနေသည့် ထိုဘဏ်ဝန်ထမ်းတစ်ယောက်၏ မိသားစုဝင် အမျိုးသမီး တစ်ဦး၊ လေးနှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် ကိုးနှစ်အရွယ် ယောကျာ်းလေး တစ်ဦးတို့ သေဆုံးကြောင်း ရခိုင် တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (R. E. C)က ထုတ်ပြန်သည်။ [၇]

ကိုးကား

  1. ၁.၀ ၁.၁ About AAArakan Army။ 24 June 2015 တွင် ပြန်စစ်ပြီး။
  2. About AAArakan Army။ ၁၉ အောက်တိုဘာ ၂၀၁၉ တွင် ပြန်စစ်ပြီး။
  3. "AA ရဲ့ လာရာလမ်း"၊ ဧရာဝတီ၊ 5 June 2019။ 
  4. "Myanmar army ordered to take offensive against Arakan Army" (in en)၊ AP via Washington Post 
  5. "Spokesman: Myanmar Army Kills 13 Rebels in Rakhine Clashes" (in en)၊ Reuters via VOA 
  6. ၆.၀ ၆.၁ ၆.၂ ၆.၃ ၆.၄ ၆.၅ ထွန်းထွန်းနိုင် (၇ ဖေဖော်ဝါရီ ၂၀၁၉)။ ရခိုင်တွေ AA ကို ဘာလို့ ထောက်ခံကြသလဲဧရာဝတီသတင်းဌာန။ ၂ ဇန်နဝါရီ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  7. ၇.၀ ၇.၁ Page 1,2,4, 7 Days Daily Newspaper, 23.4.2020

ပြင်ပလင့်ခ်များ