၂၀၀၁ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
၀၁:၀၅၊ ၃၀ ဒီဇင်ဘာ ၂၀၂၀ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 2 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7) တည်းဖြတ်သည့်မူ
ပထမအကြိမ် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ
I ASEAN Para Games
ကျင်းပရာမြို့မလေးရှားနိုင်ငံကွာလာလမ်ပူ
ဆောင်ပုဒ်ASEAN Solidarity Towards Equality in Sports and in Life
ပါဝင်သော နိုင်ငံများ၁၀
ပါဝင်ဆင်နွဲသော အားကစားသမားများ≈၆၀၀
ကစားပွဲအမျိုးအစား၃၄၁(၂မျိုး)
ဖွင့်ပွဲအခမ်းအနား၂၆ အောက်တိုဘာ
ပိတ်ပွဲအခမ်းအနား၂၉ အောက်တိုဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူSultan Mizan Zainal Abidin
အခမ်းအနားကျင်းပရာ အားကစားကွင်းဘူကစ်ဂျာလီ အမျိုးသားအားကစားကွင်း (ဖွင့်ပွဲ)
ပူထရာ မိုးလုံလေလုံအားကစားကွင်း (ပိတ်ပွဲ)
၂၀၀၃  >

၂၀၀၁ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲသည် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင် အောက်တိုဘာ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပသော ပထမအကြိမ် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဖြစ်သည်။ မလေးရှားနိုင်ငံအနေဖြင့် ပထမဆုံး လက်ခံကျင်းပခြင်းဖြစ်ပြီး ၂၀၀၁ ကွာလာလမ်ပူဆီးဂိမ်းအပြီး တစ်လအကြာတွင် ကျင်းပခဲ့သည်။ မလေးရှားနိုင်ငံအနေဖြင့် အားကစားပွဲတော်၏ ပထမဆုံးအိမ်ရှင်နိုင်ငံ ဖြစ်လာသည်။

အားကစားနည်း ၂ မျိုးတွင် အားကစားသမား ၆၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ကြသည်။ မလေးရှား၊ ထိုင်းနှင့် မြန်မာတို့မှ ပထမ၊ ဒုတိယနှင့် တတိယတို့ ရရှိခဲ့သည်။

လက်ခံကျင်းပခြင်း

၂၈ ဧပြီ ၂၀၀၁ ခုနှစ်တွင် ပထမအကြိမ် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီကို ဖွဲ့စည်းခဲ့သည်။

ကွင်းများ

၂၀၀၁ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို နေရာ၂ နေရာတွင်ကျင်းပခဲ့သည်။

မြို့ အားကစားကွင်း အားကစားနည်းများ
ကွာလာလမ်ပူမြို့ National Sports Complex
Bukit Jalil National Stadium[၁] Opening ceremony and athletics
Putra Indoor Stadium[၂] Closing ceremony
National Aquatic Centre Swimming

ပြိုင်ပွဲအထိမ်းအမှတ်များ

အထိမ်းအမှတ်တံဆိပ်

၂၀၀၁ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ပန်းပွင့်ပုံဖြစ်ပြီး ထိုပန်းပွင့်ကို ပြိုင်ပွဲဝင် ၁၀ နိုင်ငံကို ကိုယ်စားပြုသော ပွင့်ဖက် ၁၀ ခုဖြင့် ပုံဖော်ထားသည်။ ထိုအရာမှာ အာဆီယံနိုင်ငံများ၏ ကတိကဝတ်၊ စည်းလုံးမှု၊ သဟဇာတဖြစ်မှုတို့အပြင် မသန်စွမ်းသူတို့၏ နေ့စဉ်ဘဝနှင့် အားကစားပိုင်းတို့တွင် သာတူညီမျှရှိမှုနှင့် အခွင့်အလမ်းများကို ရည်ညွှန်းထားသည်။

လာဘ်ကောင်

လာဘ်ကောင်မှာ ယူဂျန်းဟုခေါ်သော သမင်ကြွက်(mousedeer) ဖြစ်သည်။ ထိုသတ္တဝါမှာ မလေးရှားနိုင်ငံတွင်ရှိပြီး ပီလမ်ဒက်(pelanduk) သို့ ကန်စီ(kancil)ဟု ခေါ်ကြသည်။ ထိုသတ္တဝါမှာ ရိုးရာပုံပြင်များတွင် ထင်ရှားသော ဇာတ်လိုက်ဖြစ်ပြီး အန္တရာယ်များမှ လွတ်မြောက်ရန် ဖြတ်ထိုးဉာဏ်ကောင်းခြင်း၊ လျှင်မြန်ခြင်း တို့ဖြင့် လုပ်ဆောင်တတ်သည်။ ၂၀၀၁ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲအတွက် ရွေးချယ်ရခြင်းမှာ မသန်စွမ်းအားကစားသမား၏ စိတ်ဓာတ်ခွန်အားတို့ကို ကိုယ်စားပြုရန်ဖြစ်သည်။ ယူဂျန်းဟူသည့် အမည်မှာ မလေးရှားလူငယ်များကို အများစုခေါ်သောအမည် ဖြစ်သည်။

သီချင်း

၂၀၀၁ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲအတွက် သီချင်းကို ဆီတီ နဟာလီဇာကဆိုခဲ့သည်။

ပွဲများနှင့်အားကစား

ဖွင့်ပွဲ

ဖွင့်ပွဲကို ဘူကစ်ဂျာလီရှိ ပူထရာအားကစားကွင်းတွင် ၂၆ အောက်တိုဘာ၊ ည ၈ နာရီအချိန်တွင် ကျင်းပခဲ့သည်။ Deputy Yang di-Pertuan Agong, Mizan Zainal Abidin မှ ပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

ပိတ်ပွဲ

ဖွင့်ပွဲကို ဘူကစ်ဂျာလီရှိ ပူထရာအားကစားကွင်းတွင် ၂၉ အောက်တိုဘာ၊ ည ၈ နာရီအချိန်တွင် ကျင်းပခဲ့သည်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်လူမှုဖွံ့ဖြိုးရေး ဝန်ကြီးမှ အားကစားပွဲတော်ကို ပိတ်သိမ်းခဲ့သည်။

ပါဝင်သောနိုင်ငံများ

အားကစားနည်းများ

  • ပြေးခုန်ပစ်
  • ရေကူး

ဆုတံဆိပ်ဇယား

၂၀၀၁ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၃၄၁ ခု၊ ငွေတံဆိပ်၂၄၇ ခု၊ ကြေးတံဆိပ် ၁၇၂ ခု စုစုပေါင်းဆုတံဆိပ် ၇၆၀ ခု ချီးမြှင့်နိုင်ခဲ့သည်။ [၃][၄][၅][၆]

Key

  *   အိမ်ရှင်နိုင်ငံ

2001 ASEAN Para Games medal table
 အဆင့်  NPC ရွှေ ငွေ ကြေး စုစုပေါင်း
 မလေးရှား* ၁၄၃ ၁၃၆ ၉၂ ၃၇၁
 ထိုင်း ၁၁၉ ၆၅ ၂၀ ၂၀၄
 မြန်မာ ၃၆ ၁၈ ၁၇ ၇၁
 စင်ကာပူ ၁၆ ၁၂ ၃၇
 ဗီယက်နမ် ၁၁ ၂၂
 အင်ဒိုနီးရှား ၁၈
 ဖိလစ်ပိုင် ၁၀ ၂၁
 ဘရူနိုင်း ၁၃
 ကမ္ဘောဒီးယား
၁၀  လာအို
Total (10 NPCs) ၃၄၁ ၂၄၇ ၁၇၂ ၇၆၀

ကိုးကား

  1. "H.I.D.S. – Perasmian Sukan Para Asean Yang Pertama" (in ms-MY)၊ PeKhabar၊ 2015-10-26။ 2017-08-31 တွင် ပြန်စစ်ပြီး 
  2. Sukan Para ASEAN dipinggirkan။ 1 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2017-08-31 တွင် ပြန်စစ်ပြီး။
  3. Medal
  4. Thais proved supremacy in the pool
  5. Summary of First ASEAN Para Games
  6. Disabled athletes made the nation proud။ 7 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 June 2018 တွင် ပြန်စစ်ပြီး။