တောင်ပြင်သည် (အလောင်းစည်သူ)
တောင်ပြင်သည် | |
---|---|
တောင်နန်းမတော် မိဖုရား | |
နန်းသက် | ၁၁၁၂– ? |
ရှေ့မင်းဆက် | သမ္ဘူလ မိဖုရားခေါင် အဖြစ် |
နောက်မင်းဆက် | တိလောက စန္ဒာဒေဝီ မိဖုရားခေါင် အဖြစ် |
မွေးဖွား | c. ၁၀၉၀ ဆယ်စုနှစ် ပုဂံ |
ကွယ်လွန် | ပုဂံ |
အိမ်ထောင်ဖက် | အလောင်းစည်သူ |
သားသမီးများ | တောင်ဖျား ရွှေကျူ |
စံအိမ် | ပုဂံ |
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
တောင်ပြင်သည် ("တောင်နန်းမတော်မိဖုရား" ဟု အဓိပ္ပာယ်ရ) သည် ပုဂံခေတ် အလောင်းစည်သူမင်း၏ မိဖုရားတစ်ပါး ဖြစ်သည်။
တော်ဝင်ရာဇဝင်ကျမ်းများတွင် မိဖုရား၏ အခြား ငယ်အမည်နှင့် အခြားဘွဲ့အမည်များ ဖော်ပြထားခြင်း မရှိပေ။ တောင်နန်းမတော် မိဖုရားဘွဲ့အရ သူမသည် မိဖုရားခေါင်အဖြစ် ယူဆရမည် ဖြစ်သော်လည်း ရာဇဝင်ကျမ်းများတွင် သူမအား ရတနာပုံ၊ တိလောက စန္ဒာဒေဝီနှင့် ရာဇကုမ္မာရီတို့၏နောက် စတုတ္ထနေရာတွင် ဖော်ပြထားသည်။[၁] ထို့အပြင် ရာဇဝင်ကျမ်းများတွင် ဖော်ပြထားသည်မှာ အလောင်းစည်သူမင်းနန်းတက်သည့် အခမ်းအနားတွင် မိဖုရားခေါင်တစ်ပါးသာ ပါဝင်ရမည့်အစား မိဖုရားလေးပါးစလုံး ပါဝင်ကြောင်း ဖော်ပြထားသည်။[၁]
တောင်ပြင်သည်နှင့် အလောင်းစည်သူမင်းတွင် သမီးတော်နှစ်ပါး ထွန်းကားခဲ့ပြီး တောင်ဖျားနှင့် ရွှေကျူ တို့ဖြစ်ကြသည်။[၁] တောင်ပြင်သည်၏ ညီမတော်သည် ခင်ပွန်းလေးယောက်နှင့် မုဆိုးမ လေးကြိမ်ဖြစ်ခဲ့ရာ အလောင်းစည်သူမင်းက ခင်ဦးအမည်ဖြင့် မိဖုရားမြှောက်ခဲ့သည်။[၁][၂]
ကိုးကား
ကျမ်းပြုစာရင်း
- တွင်းသင်းတိုက်ဝန် မဟာစည်သူ (၂၀၁၂) [၁၇၉၈]။ ကျော်ဝင်း; သိန်းလှိုင် (eds.)။ ရာဇဝင်သစ်ကျမ်း။ ၁–၃ (ဒုတိယအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
- တော်ဝင်မြန်မာနိုင်ငံသမိုင်းကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်။ ၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေးဝန်ကြီးဌာန။
တောင်ပြင်သည် (အလောင်းစည်သူ)
| ||
Royal titles | ||
---|---|---|
ယခင်က သမ္ဘူလ မိဖုရားခေါင် အဖြစ် |
တောင်နန်းမတော် မိဖုရား ၁၁၁၂ – ? |
ဆက်ခံသူ တိလောက စန္ဒာဒေဝီ မိဖုရားခေါင် အဖြစ် |