အနောက် ဗာဂျီးနီးယားပြည်နယ်
အနောက် ဗာဂျီးနီးယားပြည်နယ် | |
---|---|
နိုင်ငံ | အမေရိကန်ပြည်ထောင်စု |
Before statehood | ဗာဂျီးနီးယား |
ပြည်ထောင်စုသို့ ဝင်ရောက်ခြင်း | ၂၀ ဇွန် ၁၈၆၃ (35th) |
အကြီးဆုံးမြို့ | မြို့တော် |
အကြီးဆုံး မက်ထရိုနှင့် မြို့ပြ ဧရိယာများ | Huntington Metropolitan Areေ |
အစိုးရ | |
• ပြည်နယ်အုပ်ချုပ်ရေးမှူး | Earl Ray Tombli (D) |
• လက်ထောက် ပြည်နယ်အုပ်ချုပ်ရေးမှူး | Jeff Kessler (D) |
လူဦးရေ | |
• စုစုပေါင်း | ၁,၈၅၄,၃၀၄ (၂၀၁၃ ခန့်မှန်း)[၁] |
• သိပ်သည်းမှု | ၇၇.၁/sq mi (၂၉.၈/km၂) |
• ပျမ်းမျှ အိမ်ထောင်စု ဝင်ငွေ | $၃၈,၀၂၉ |
• ဝင်ငွေအဆင့် | ၄၈th |
ဘာသာစကား | |
• ရုံးသုံးဘာသာစကား | De jure: none De facto: English |
လတ္တီကျူ | 37° 12′ N to 40° 39′ N |
လောင်ဂျီကျူ | 77° 43′ W to 82° 39′ W |
အနောက်ဗာဂျီးနီးယားပြည်နယ်သည် မူလဗာဂျီးနီးယားပြည်နယ်မှပေါက်ပွားလာသော အမေရိကန်ပြည်နယ်တစ်ခု ဖြစ်သည်။ အမေရိကန် လွတ်လပ်ရေးစစ်ပွဲမတိုင်မီ ၁၇၇၁ ခုနှစ်ကတည်းက ဗာဂျီးနီးယားပြည်နယ် အနောက်ပိုင်းတွင် နေထိုင်သူတို့သည် မိမိတို့နေထိုင်ရာ နယ်မြေကို သီးခြားအုပ်ချုပ်ခွင့်ပေးရန် အင်္ဂလန်ပြည့်ရှင် ဘုရင်ထံ၌ တောင်းဆိုခဲ့ကြသည်။ အမေရိကန် လွတ်လပ်ရေး စစ်ပွဲဖြစ်ပွားလာသောအခါ အနောက်ဗာဂျီးနီးယား ပြည်နယ်သားတို့သည် လွတ်လပ်ရေးအတွက် လူအား၊ ပစ္စည်းအားဖြင့် အင်တိုက်အားတိုက် ကူညီခဲ့ကြသည်။ လွတ်လပ်ရေးစစ်ပွဲ ပြီးဆုံး၍ ဗာဂျီးနီးယားပြည်နယ်ကို ဖွဲ့စည်းတည်တောင်သည်တွင် အနောက်ပိုင်းနယ်ကိုလည်း ယင်းပြည်နယ်ထဲသို့ သိမ်းသွင်းခဲ့ကြလေသည်။
အမေရိကန်ပြည်တွင်းစစ် ဖြစ်ပွားသောအခါ ဗာဂျီးနီးယားပြည်နယ်သည် အမေရိကန်ပြည်ထောင်စုမှ ခွဲထွက်ခဲ့သည်။ ဗာဂျီးနီးယား အနောက်ပိုင်း နယ်သားတို့က ပြည်ထောင်စုမှ ခွဲထွက်ခြင်းကို သဘောမတူကြသဖြင့် ၁၈၆၂ ခုနှစ်တွင် အနောက်ဗာဂျီးနီးယားဟူ၍ ပြည်နယ်သစ်တစ်ခုကို ဖွဲ့စည်းခဲ့ကြသည်။ ထိုနောက် ၁၈၆၃ ခုနှစ် ဇွန်လ ၂ဝ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုထဲသို့ ဝင်ရောက်ခဲ့သည်။ အနောက်ဗာဂျီးနီးယားပြည်နယ်၏ အကျယ်အဝန်းမှာ ၂၄,၂၃၀ စတုရန်းမိုင်ဖြစ်၍ လူဦးရေ ၁,၈၅၄,၃၀၄ (၂၀၁၃ ခန့်မှန်း) ရှိသည်။
အနောက် ဗာဂျီးနီးယားပြည်နယ်သည် အမေရိကန် အရှေ့ပိုင်းပြည်နယ်တစ်နယ် ဖြစ်၍ မြောက်ဘက်တွင် အိုဟိုင်းယိုးပြည်နယ်၊ ပင်ဆယ်ဗေးနီးယားပြည်နယ်၊ မေရီလန်းပြည်နယ်တို့ တည်ရှိသည်။ အရှေ့ဘက်နှင့်တောင်ဘက်တွင် ဗာဂျီးနီးယားပြည်နယ်၊ အနောက်ဘက်တွင် အိုဟိုင်းအိုပြည်နယ်နှင့် ကင်တပ်ကီပြည်နယ်တို့ အသီးအသီး တည်ရှိကြသည်။ အရှေ့ဘက် နယ်နမိတ်တစ်လျှောက်တွင် အယ်လီဂနီတောင်တန်းရှိ၍ ပြည်နယ် တစ်ခုလုံးသည် အယ်လီဂနီကုန်းပြင်မြင့် ဖြစ်သည်။ အိုဟိုင်းယိုးမြစ်၏ မြစ်လက်တက်များဖြစ်သော ဗစ်ဆန်ဒီမြစ်၊ ဂိုင်းယန်ဒေါ့မြစ်၊ ကာနောဝါမြစ်၊ မိုးနန်းဂေးဟီလာမြစ်၊ လစ်တဲကာနောဝါမြစ်တို့သည် ပြည်နယ်ကို ဖြစ်၍ စီးဆင်းကြသည်။ အရှေ့မြောက်ဘက်တွင် ပိုတိုမက်မြစ်သည် အနောက်ဗာဂျင်းနီးယားနှင့် မေရီလန်းပြည်နယ်တို့ကို ပိုင်းခြားထားသည်။ အနောက်ဗာဂျီးနီးယား ပြည်နယ်သည် သဘာဝပစ္စည်းအား ကြွယ်ဝသော ပြည်နယ်ဖြစ်သည်။ ပြည်နယ် သုံးပုံ နှစ်ပုံနီးပါး ခန့်သည် သစ်တောများ ဖုံးအုပ်လျက် ရှိသဖြင့် သစ်လုပ်ငန်းမှာ ကြီးကျယ်သည်။ သတ္တုတူးဖော်ခြင်းလုပ်ငန်းသည်လည်း ပြည်နယ်တွင် ထင်ရှားသော လုပ်ငန်းဖြစ်၍ ကျောက်မီးသွေး၊ ရေနံ၊ မြေ ဓာတ်ငွေ့၊ ဆား၊ ထုံးကျောက်တို့ကို တူးဖော်ရရှိသည်။ အထူးသဖြင့် ကျောက်မီးသွေးကို တူးဖော်လုပ်ကိုင်နိုင်သော မြေဧရိယာပေါင်း စတုရန်းမိုင် ၁၇ဝဝဝ မျှရှိရာ အနောက် ဗာဂျီးနီးယားပြည်နယ်သည် အမေရိကန်နိုင်ငံလည်းကောင်းတွင် ဗစ်တူမင်ကျောက်မီးသွေး အများဆုံးထွက်သော ပြည်နယ် ဖြစ်သည်။ ထိုကြောင့် သံမဏိလုပ်ငန်းနှင့် ဓာတုပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းတို့သည် ထင်ရှားသော စက်မှုလုပ်ငန်းများ ဖြစ်သည်။ သို့ရာတွင် အနောက်ဗာဂျင်းနီးယားပြည်နယ်သည် စက်မှုလုပ်ငန်းသက်သက် ထွန်းကားသော ပြည်နယ်မဟုတ်ချေ။ အိုဟိုင်းအိုနှင့် ပိုတိုမက်မြစ်ဝှမ်းများ၌လည်းကောင်း၊ တောင်ကြားချိုင့်ဝှမ်းများ၌ လည်းကောင်း သီးနှံပင်တို့ကို စိုက်ပျိုးသည်။ ပြောင်း၊ မြင်းစားဂျုံ၊ ရိုင်းစပါး၊ မုယော၊ ဆိုယာပဲ၊ အာလူး၊ မြက်ခြောက်တို့ကို ပြည်နယ်တွင်းရှိ မြစ်ဝှမ်းနှင့် ချိုင့်ဝှမ်းများ၌ စိုက်ပျိုးသည်။ ဆေးပင်နှင့် ပန်းသီး၊ မက်မုံသီး၊ ဆီးသီးတို့ကိုလည်း အကြီးအကျယ် စိုက်ပျိုးသည်။ နွားနို့ထွက်ပစ္စည်းလုပ်ငန်းနှင့် ကြက်ငှက် မွေးမြူခြင်းလုပ်ငန်းတို့သည်လည်း ထင်ရှားသော လုပ်ငန်းများဖြစ်သည်။
အနောက် ဗာဂျီးနီးယား ပြည်နယ်တွင် မီးရထားလမ်း မိုင်ပေါင်း ၄ဝဝဝ ကျော်ရှိသည်။ မြစ်များတွင် ရေပြင်ညီဆည် များ ဆောက်လုပ်၍ သင်္ဘောများ ခုတ်မောင်းသွားလာကြသည်။ လေကြောင်း ခရီးအတွက် လေဆိပ်များလည်း ရှိသည်။ ချားလစတန်မြို့သည် ပြည်နယ်မြို့တော်ဖြစ်၍ လူဦးရေ ၇၁၅ဝ၅ ယောက်(၁၉၇ဝ)ရှိသည်။ အခြား ထင်ရှားသော မြို့ကြီးများမှာ ဟန်တင်ဒန်၊ ဝှီးလင်း၊ ကလတ်စဗက်၊ ပါးကားစဗက်၊ ဖဲယားမွန့်နှင် မောဂန်တောင်းမြို့များ ဖြစ်သည်။ ၁၈၆၇ ခုနှစ်က တည်ထောင်ခဲ့သော အနောက်ဗာဂျီးနီးယား တက္ကသိုလ်ကျောင်း ရှိသည်။[၂]