ရခိုင်ရာဇဝင်သစ်
ပုံပန်းသွင်ပြင်
၁၉၉၇ ခုနှစ်ထုတ် ပထမတွဲ မျက်နှာဖုံး | |
စာရေးသူ | စန္ဒမာလာလင်္ကာရ |
---|---|
ဘာသာစကား | မြန်မာ |
အတွဲ | ရခိုင်ရာဇဝင်ကျမ်းများ |
အမျိုးအစား | ရာဇဝင်ကျမ်း၊ သမိုင်း |
ထုတ်ဝေသည့်ရက် | ၁၉၃၁ |
မီဒီယာ အမျိုးအစား | ပုံနှိပ် |
စာမျက်နှာ | အတွဲ ၇ တွဲ |
ရခိုင်ရာဇဝင်သစ် (ရခိုင်အသံထွက်: [ɹəkʰàiɴ ɹàzəwàɴ ðɪʔ]) သည် မြန်မာရာဇဝင်ကျမ်းတစ်ခုဖြစ်ပြီး ရခိုင်သမိုင်းကြောင်းကို မှတ်တမ်းမတင်မီအချိန်မှ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄–၁၈၂၆) အထိ ပါဝင်ဖော်ပြထားသည်။ ရေးသားသူမှာ ကိုလိုနီခေတ်၊ ရမ်းဗြဲကျွန်းရှိ ဒက္ခိဏဝိဟာရရာမ ကျောင်းတိုက်မှ ဆရာတော် အရှင် စန္ဒမာလာလင်္ကာရ ဖြစ်သည်။ ၁၉၃၁ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ပြီး ယခင်ရှိနှင့်ပြီး ရခိုင်ရာဇဝင်ကျမ်းများကို ဇာတ်ကြောင်းတစ်ခုတည်းအနေဖြင့် ရေးသားဖော်ပြထားသည်။[၁] ၁၉၃၁ ခုနှစ်ထုတ် မူလကျမ်းတွင် အတွဲ ၇ တွဲ ပါဝင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ပထမ လေးတွဲကို တစ်တွဲတည်းအနေဖြင့် ထပ်မံထုတ်ဝေခဲ့သည်။ ကျန်သုံးတွဲကို နောက်ထပ်တစ်တွဲတည်းအနေဖြင့် ၁၉၉၉ ခုနှစ်တွင် ထပ်မံပုံနှိပ်ဖြန့်ချိခဲ့သည်။[၂]
ကိုးကား
ကျမ်းပြုစာစုစာရင်း
- စန္ဒမာလာလင်္ကာရ၊ အရှင် (၁၉၃၁)။ ရခိုင်ရာဇဝင်သစ်ကျမ်း။ ၁–၂ (၁၉၉၇–၁၉၉၉ ed.)။ ရန်ကုန်မြို့: တက်လမ်းစာပေ။